UNDP

 

ကျွန်ုပ်တို့အကြောင်း

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အကြောင်း

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် သည် နိုင်ငံနှင့် နယ်နိမိတ်ပေါင်း ၁၇၀ ခန့်တွင် လုပ်ကိုင်လျက် ရှိပြီး ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး၊ မညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုများ လျှော့ချရေးတို့အား အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် အကူအညီများ ပေးလျက် ရှိသည်။  နိုင်ငံများအား မူဝါဒများ၊ ခေါင်းဆောင်နိုင်မှု စွမ်းရည်များ၊ ပူးပေါင်းလုပ်ကိုင်နိုင်မှုဆိုင်ရာ အရည်အချင်းများ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်နိုင်ရည်များ ဖွံ့ဖြိုးလာစေရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရလဒ်များ ရရှိနိုင်ရန်အတွက် လိုက်ပါပြောင်းလဲနိုင်မှုကို တည်ဆောက်ရန်အတွက် ကျွန်ုပ်တို့မှ အကူအညီများပေးသည်။ ယခု အချိန်သည် မြန်မာနိုင်ငံနှင့် ကမ္ဘာအတွက် အထူးအရေးကြီးသည့် အချိန်ဖြစ်သည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အနေဖြင့် ယခု ကာလသည် နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကို မြှင့်တင်ဆောင်ရွက်ရန် အထူးအခွင့်အရေးတစ်ရပ်ဟု ရှုမြင်မိပါသည်။

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်

၁၉၅၀ နှစ်များမှ စတင်ကာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်  သည် မြန်မာပြည်သူများအား ဖွံ့ဖြိုးရေးအထောက်အပံ့များကို ပေးခဲ့သည်။ ၁၉၉၃ မှ ၂၀၁၂ ခုနှစ်အထိ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်သည် တင်းကြပ်သော စည်းမျဉ်းအကန့်အသတ်များ အောက်တွင် လုပ်ကိုင်ခဲ့ပြီး လူသားဖွံ့ဖြိုးမှုပဏာမ အစီအစဉ် (Human Development Initiative program) ဖြင့်  ရပ်ရွာများ၊ တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များအား လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းများ တိုးတက်စေရန်အတွက် တိုက်ရိုက်အကူအညီများ ပေးခဲ့သည်။ ၂၀၁၃ ခုနှစ်မှ စတင်ကာ ပြည့်စုံကောင်းမွန်သော နိုင်ငံဆိုင်ရာ အစီအစဉ်နှစ်ခုဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

မြန်မာအစိုးရနှင့် အတူပူးပေါင်း ပြင်ဆင်ခဲ့သည့် ၂၀၁၈-၂၀၂၂  မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် သစ် ဖြင့် မြန်မာနိုင်ငံတွင် "အပြောင်းအလဲကြီး သုံးရပ်ပါ ကူးပြောင်းမှု" ကို ဖော်ဆောင်ရန် ရည်ရွယ်ထားသည်။ ယင်းသုံးရပ်မှာ တိုင်းရင်းသားလူနည်းစုများနှင့် ရေရှည်တည်မြဲသည့် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းမှ တဆင့် အမျိုးသားနိုင်ငံ တည်ဆောက်ခြင်း၊ နိုင်ငံတော် တည်ဆောက်ခြင်း သို့မဟုတ် ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းနှင့် တံခါးပိတ် ဗဟိုချုပ်ကိုင်သည့် ဗဟိုထိန်းချုပ်စီးပွားရေးစနစ်မှ ပွင့်လင်းမြင်သာသည့် ဈေးကွက်စနစ်သို့ နိုင်ငံအား ကူးပြောင်းခြင်းဖြစ်သည့် စီးပွားရေး လွတ်လပ်ခွင့် တိုးမြှင့်ခြင်းတို့ ပါဝင်သည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်သည် ၂၀၃၀ အစီအစဉ်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအား ပံ့ပိုးအားပေးလျက်ရှိသည်။ အမျိုးသား မဟာဗျူဟာစီမံကိန်း၏ လုပ်ငန်းစဉ်များအား အထောက်အပံ့ပေးလျက်ရှိသည့် များစွာသော ပဏာမစီမံကိန်းများအပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအောက်တွင်လည်း  မြန်မာနိုင်ငံအစိုးရအတွက်  ပထမဦးဆုံးသော အမျိုးသားအဆင့်ညွှန်ကိန်းမူဘောင်အား ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ ရေးဆွဲပေးခဲ့ပါသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်သည် အခြား လူသားချင်း စာနာထောက်ထားမှု/ဖွံ့ဖြိုးရေးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များတို့နှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံအနှံ့တွင် ရပ်ရွာအဖွဲ့အစည်းအားလုံးအတွက် အလုပ်လုပ်လျက် ရှိသည်။ SDG များအတွက် တိုးချဲ့ ဆောင်ရွက်ခြင်းနှင့် အားလုံး တပြေးညီတိုးတက်ရန် ဆောင်ရွက်ခြင်းတို့အတွက် အစိုးရခေါင်းဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့က အဓိက အရေးပါလှသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ အဓိက ဖွံ့ဖြိုးရေး အသင်းအဖွဲ့ ဖြစ်သည်နှင့် အညီ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် သည် ကနဦး ဆောင်ရွက်ချက်များအား ရေရှည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါင်းစပ်ရာတွင် အဓိက အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်လျက် ရှိသည်။ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အသိုင်းအဝိုင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ နိုင်ငံဆိုင်ရာ အသင်း (UNCT) တို့တွင် အစည်းအဝေးဆင့်ခေါ်နိုင်သည့် အစွမ်းရှိသည့်အလျောက်  မြန်မာနိုင်ငံ၏ အစိုးရနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ  ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်သည် ယခုဆက်လက် ဖော်ပြမည့် နယ်ပယ်များတွင် အကူအညီအထောက်အပံ့ ပလက်ဖောင်းများ ပံ့ပိုးပေးရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ တာဝန်ရှိသည်။ အဆိုပါ နယ်ပယ်များမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ရည်မှန်းချက်များအတွက် ဆောင်ရွက်သည့် အစိုးရ၏ မဟာဗျူဟာများအတွက် အသက်မွေးဝမ်းကျောင်းထောက်ပံ့မှုနှင့် ရင်းမြစ်များပံ့ပိုးပေးခြင်း၊ အမျိုးမျိုးသော ပါဝင်ပတ်သက်နေသူများနှင့် အစိုးရတို့ ပူးပေါင်းမှုတွင် ထိရောက်သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှု အင်အားကောင်းလာစေရေးအတွက် မိတ်ဖက်များအဖြစ် ပူးပေါင်းမှုတို့ ဖြစ်သည်။  ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရေး ကာလ အစောပိုင်း အဆင့်တွင် မြန်မာနိုင်ငံတွင်း သဘာဝဘေးဒဏ်ခံနိုင်မှုတိုးမြှင့်ရေးအတွက် အစိုးရနှင့် ရပ်ရွာအဖွဲ့အစည်းများအား ပံ့ပိုးကူညီရန် ဖွဲ့စည်းခဲ့သည့် သဘာဝဘေး လျော့ပါးရေး လုပ်ငန်းအဖွဲ့အစည်း (DRR WG) အား ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် မှ ကြီးမှူးဆောင်ရွက်ခဲ့သည်။ ထိုအချိန်မှ စတင်ကာ DRR WG သည် မြန်မာနိုင်ငံတွင်း အကျယ်ပြန့်ဆုံးနှင့် အတက်ကြွဆုံးသော ကွန်ရက်တစ်ခု အဖြစ် စတင်ကျယ်ပြန့်လာခဲ့ပြီး လက်ရှိအချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာ NGOများ၊ ပြည်တွင်း NGO များနှင့် DRR အတွက် လုပ်ကိုင်လျက်ရှိသော အဖွဲ့အစည်းများစသည်ဖြင့် စုစုပေါင်း ၅၃ ဖွဲ့ပါဝင်သည့် ကွန်ရက်အဖြစ် ရပ်တည်လျက် ရှိသည်။

ကျွန်ုပ်တို့ မည်သည့် အပိုင်းများတွင် အောင်မြင်ချင်သနည်း

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ အလေးပေးသည့် ပန်းတိုင်များနှင့် အမျိုးသားအဆင့် အဖွဲ့အစည်းများ၏ မဟာဗျူဟာကျကျ စွမ်းဆောင်ရည် မြှင့်တင်မှုတို့မှ တဆင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့အား မြန်မာနိုင်ငံမှ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေမှုတွင် အကူအညီပေးနိုင်ရန် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ မျှော်မှန်းပါသည်။

နိုင်ငံဆိုင်ရာ အစီအစဉ်သစ်သည် အဓိကအားဖြင့် နယ်ပယ်ကြီးနှစ်ခုတွင် လိုက်ပါပြောင်းလဲနိုင်မည့်၊ ပွင့်လင်းမြင်သာမှုရှိသည့် ၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီသည့်အုပ်ချုပ်ရေးကို ဖော်ဆောင်ရန် အဓိက ရည်မှန်းထားပါသည်။

  • ငြိမ်းချမ်းရေးနှင့် အုပ်ချုပ်ရေး - အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ထိရောက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတို့မှ တဆင့် ရေရှည်တည်မြဲသော ငြိမ်းချမ်းရေးကို ဖော်ဆောင်ခြင်း
  • ကမ္ဘာမြေနှင့် သာယာဝပြောမှု - အားလုံး တပြေးညီ ပါဝင်၍ အားကောင်းသော ရေရှည် ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု

လုပ်ငန်းစဉ်များအားလုံးတွင်  လူ့အခွင့်အရေးများအား ကာကွယ်ခြင်းနှင့်  အမျိုးသမီးများ၊ လူနည်းစုများ၊ ဆင်းရဲ၍ ထိခိုက်နစ်နာမှုအများဆုံးသော သူများအား အရည်အချင်း မြှင့်တင်ပေးခြင်းတို့အား ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် မှ အားပေးကူညီလျက် ရှိပါသည်။

ကျွန်ုပ်တို့၏ ရလဒ်များ မည်သို့ ရှိသနည်း

ပြီးခဲ့သည့် နိုင်ငံဆိုင်ရာအစီအစဉ်မှ တဆင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် သည် မြန်မာနိုင်ငံ၏ စီစဉ်ခြင်း၊ အချက်အလက်ကောက်ခံခြင်းနှင့် သုံးသပ်ခြင်းဆိုင်ရာ အရည်အချင်းများကို မြှင့်တင်ပေးခဲ့ပြီး SDG အချက်အလက်များ အဆင်သင့်ပြင်ဆင်ထားမှုနှင့် အခြေခံ လေ့လာမှုများအား ပြင်ဆင်ပေးခဲ့ခြင်းတို့ပါဝင်သည်။မြန်မာနိုင်ငံ အနှံ့အပြားမှ ပြည်သူများ၏ နေထိုင်မှုကို ပြည့်စုံစွာ လေ့လာမှုဖြစ်သည့်  မြန်မာနိုင်ငံ နေထိုင်မှုအခြေအနေ စစ်တမ်း အား ဗဟိုစာရင်းအင်းအဖွဲ့မှ  ပြုစုခဲ့ရာတွင်  ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် မှ  ကမ္ဘာ့ဘဏ်နှင့် အတူ ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်လျောညီထွေမှု ရှိသည့် မူဝါဒများအား တွက်ချက်ပုံဖော်ရာတွင် ယင်းစစ်တမ်းပါ အချက်အလက်များကို အသုံးပြုသွားမည် ဖြစ်သည်။

မြို့နယ်အဆင့်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် သည် ငွေကြေးထောက်ပံ့မှုများ ( မြို့နယ်ဖွံ့ဖြိုးရေး ထောက်ပံ့မှုများ) အား လိုအပ်ချက်ပေါ် မူတည်၍ ဆုံးဖြတ်ပံ့ပိုးပေးလျက် ရှိပြီး ကျောင်းများ၊ ကျေးရွာ ဆေးပေးခန်းများ၊ လမ်းများ တည်ဆောက်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းတို့တွင် ထည့်သွင်းအသုံးပြုကာ လူဦးရေ ၅၉,၀၀၀ ဦးတို့အား အကျိုးပြုခဲ့ပြီး ဖြစ်သည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် သည် တရားဥပဒေစိုးမိုးရေးစင်တာများတည်ထောင်မှုအတွက် ပံ့ပိုးမှုများ ပြုလုပ်ခဲ့ပြီး တန်ဖိုးသင့်သည့် တရားဥပဒေ အကူအညီများပေးသည်။ မူးယစ်ဆေးဝါးအသုံးပြုမှု၏ ရပ်ရွာများအပေါ် သက်ရောက်နေမှုများနှင့် ကာကွယ်ရေးဆိုင်ရာမဟာဗျူဟာများ၊ လုပ်သားဥပဒေများ၊ ကျူးကျော်နေထိုင်သူများ၏ အခွင့်အရေးများ၊ မြေယာဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များအား အကြမ်းဖက်မှုများတို့နှင့် ပတ်သက်သည့် ကူညီဖြေရှင်းမှုများကိုလည်း ပံ့ပိုးပေးလျက် ရှိပါသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်အတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် သည် ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အကောင်အထည်ဖော်ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ Technical Secretariat ဌာနအတွက် အဖွဲ့အစည်းမူဘောင်ဆိုင်ရာ အကူအညီများမှတဆင့် ထောက်ပံ့မှုများ ပေးခဲ့သည်။

နယ်နိမိတ်ကပ်လျက်ရှိသော ရပ်ရွာ အဖွဲ့အစည်းများမှ စီမံခန့်ခွဲသည့် ရခိုင်ပြည်နယ်ရပ်ရွာ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများသည် လူ့အဖွဲ့အစည်းဆိုင်ရာ ပေါင်းစည်းညီညွှတ်မှုနှင့် အသက်မွေးဝမ်းကျောင်းများ တည်ဆောက်ရေးတို့တွင် ပါဝင်အကျိုးပြုလျက်ရှိပြီး ပြည်နယ်အနှံ့မှ လူဦးရေ ၃၀,၀၀၀ ကျော်အား အကျိုးဖြစ်ထွန်းစေခဲ့ပြီး ဖြစ်သည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံသည် SDG များနှင့် ညီညွတ်သည့် အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ သစ် တစ်ခုကို အတည်ပြုခဲ့သည်။ သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုကို လျှော့ချပြီး ရေလွှမ်းမိုးသည့် ဒေသများတွင် ကမ္ဘာ့ကုလသမဂ္ဂမှ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်နိုင်မှုကို ဖြစ်စေမည့် သဘာဝဘေးဒဏ်ကြောင့် ပျောက်ဆုံးမှုနှင့် ထိခိုက်မှုစာရင်းစနစ်ကိုလည်း ပြုစုနိုင်ခဲ့သည်။  အင်းလေးကန်ဆိုင်ရာ ဆွေးနွေးမှုအတွက်လည်း အင်အားစိုက်ထုတ်ပံ့ပိုးလျက် ရှိသည်။

၆၆.၁

မွေးဖွားချိန်တွင် ခန့်မှန်းသည့် သက်တမ်း (နှစ်များဖြင့်)

၉.၁

ကျောင်းနေမည်ဟု ခန့်မှန်းရသည့် နှစ်များ (နှစ်များဖြင့်)

၅၁.၄

လူဦးရေ၊ စုစုပေါင်း (သန်း)

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး