UNDP

 

ကျွန်ုပ်တို့အကြောင်း

ခေါင်းဆောင်မှု

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် သည် ကုလသမဂ္ဂ၏ ဖွံ့ဖြိုးရေး ကိုယ်စားလှယ် အဖွဲ့ဖြစ်သည်။  မြန်မာနိုင်ငံတွင် ယင်း၏ အသင်းအဖွဲ့သည် နိုင်ငံအနှံ့တွင် လုပ်ကိုင်လျက် ရှိပြီး ပင်မရုံးများမှာ ရန်ကုန်နှင့် နေပြည်တော်တို့တွင်လည်းကောင်း ရုံးခွဲများမှာ ကချင်၊ မန္တလေး၊ ရခိုင်၊ မွန်နှင့် ရှမ်းတို့တွင်လည်းကောင်း အသီးသီး ရှိကြသည်။  ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ၏ ဌာနေ ကိုယ်စားလှယ်နှင့် လက်ထောက် ဌာနေကိုယ်စားလှယ်တို့က နိုင်ငံတွင်းရှိ အကြီးတန်း ခေါင်းဆောင်မှုကို ကိုယ်စားပြုသည်။ ကမ္ဘာ့အဆင့် ခေါင်းဆောင်မှုအတွက် ဤတွင် ဖတ်ရှုပါ

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်

Mr. Peter Batchelor (တောင်အာဖရိကနိုင်ငံသား) သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ဖြစ်သည်။ ယင်းသည် နိုင်ငံတကာ ဖွံ့ဖြိုးရေးနယ်ပယ်တွင် နှစ် ၂၀ ကျော် အတွေ့အကြုံရှိပြီး ကမ္ဘာ့ ကုလသမဂ္ဂ ဌာနချုပ်များူ (နယူးရော့ခ်နှင့် ဂျီနီဗာ)၊ အရှေ့အလယ်ပိုင်းနှင့် အာရှ ပစိဖိတ်ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ခန့်အပ်ခြင်း မခံရမီက Mr. Batchelor သည် သီရိလင်္ကာနိုင်ငံတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဌာနေကိုယ်စားလှယ် a.i အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယင်းသည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် အခြားအဖွဲ့အစည်းများတွင် ခေါင်းဆောင်မှုပိုင်း တာဝန်များထမ်းဆောင်ခဲ့သည်။ ယင်း၏ အတွေ့အကြုံများတွင် (၁) Suva၊ Fiji Islands ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ပစိဖိတ်စင်တာတွင် ဒေသမန်နေဂျာ၊ (၂) ဘဂ္ဂဒက်အခြေစိုက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အီရတ်ရုံးတွင် နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး၊ (၃) ဂျီနီဗာ (ဆွစ်ဇာလန်)နှင့် နယူးရော့ခ် (USA) တို့ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ပဋိပက္ခ ကာကွယ်တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဗျူရိုမှ  ပဋိပက္ခကာကွယ်တားဆီးရေးနှင့် ပြန်လည်ထူထောင်ရေး အဖွဲ့ဥက္ကဌ (၄) ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာရှိ နိုင်ငံတကာလေ့လာရေး သိပ္ပံတွင်  လက်နက်ငယ်များဆိုင်ရာ သုတေသန၏ စီမံကိန်း ဒါရိုက်တာ  (၅) တောင်အာဖရိက၊ Cape Town ရှိ Cape Town တက္ကသိုလ်တွင် ပဋိပက္ခဖြေရှင်းရေးဌာန စီမံကိန်း ညှိနှိုင်းရေးမှူးတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းများ ပါဝင်သည်။ Mr. Batchelor သည် ၁၉၉၅ မှ ၁၉၉၉ အတွင်း တောင်အာဖရိကတွင် မင်ဒဲလား အစိုးရအတွက် လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။

Mr. Batchelor သည် UK ရှိ ကိန်းဘရစ်ခ်ျ တက္ကသိုလ်မှ စီးပွားရေးဆိုင်ရာ PhD နှင့် MPhil ဘွဲ့များ ရရှိထားပြီး တောင်အာဖရိကနိုင်ငံ Cape Town တက္ကသိုလ်မှ BA/BA (Hons) ဘွဲ့လည်း ရရှိထားသည်။ သူသည် အိမ်ထောင်ရှိပြီး သား တစ်ဦး ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်ဌာနေကိုယ်စားလှယ်

Ms. Dawn Del Rio သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် မြန်မာနိုင်ငံရုံး၏ တာဝန်ခံအရာရှိ / ဒုတိယဌာနေ ကိုယ်စားလှယ် (၂/၂၀၁၇ - ယခုအချိန်ထိ) ဖြစ်ပါသည်။

Ms. Dawn Del Rio သည် ယခင်က ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အာဖဂန်နစ္စတန် ရုံးတွင် တရားဥပဒေစိုးမိုးရေးနှင့် လူသားလုံခြုံရေးဆိုင်ရာ ယူနစ် ဥက္ကဌ (၉/၂၀၁၄ -၂/၂၀၁၇) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမတိုင်မီက နယူးရောခ်နှင့် ဘန်ကောက်တို့ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ၏ မိတ်ဖက်များစွာပါဝင်သည့် Trust Fund ရုံးအတွက် ကမ္ဘာ့အဆင့် ရုံးအဖွဲ့ အကြီးတန်း အရာရှိ (၅/၂၀၀၇ - ၉/၂၀၁၄) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် သို့ ပူးပေါင်းလုပ်ကိုင်ခြင်း မပြုမီ Ms. Del Rio သည် အာရှတိုက်အလယ်ပိုင်းနှင့် တောင်/အရှေ့ပိုင်း အာဖရိကတို့ရှိ များစွာသော အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) နှင့် အစိုးရအဖွဲ့များကြား ချိတ်ဆက် လုပ်ကိုင်သည့် အဖွဲ့အစည်းများတို့တွင် လုပ်ကိုင်ခဲ့သည်။ ပြီးခဲ့သည့် ၂၅ နှစ်တာလုံး သူမ၏ အသက်မွေးဝမ်းကျောင်းအလုပ်များတွင် အမေရိကန်နိုင်ငံမှ  ပြည်နယ်၊ မြို့နှင့် စီရင်စုဆိုင်ရာ အုပ်ချုပ်ရေး အဆင့်များ၏ ဒေသအစိုးရရာထူးများတွင် တာဝန်ထမ်းဆောင်ခြင်း၊  ပြည်နယ် ဥပဒေပြုရေးနှင့် ဝန်ထမ်းအကြီးအကဲအဖြစ် အစိုးရဝန်ထမ်းများအတွက် တာဝန် ထမ်းဆောင်ခြင်းတို့ဖြင့် ထိရောက်သော ဒီမိုကရက်တစ် အစိုးရ အဖွဲ့အစည်းများအား နည်းနာနှင့် အကြံပေးခြင်းဆိုင်ရာ အားပေးကူညီမှုများပေးခြင်းတို့ဖြင့် စူးစိုက်လုပ်ကိုင်ခဲ့သည်။

Ms. Del Rio သည် အမေရိကန်နိုင်ငံသူ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိ Oregon တက္ကသိုလ်မှ ပြည်သူအုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာ မူဝါဒများအတွက် မာစတာဘွဲ့ ရရှိထားသူ ဖြစ်သည်။

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး