UNDP
ကျွန်ုပ်တို့အကြောင်း
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် နှင့် ကုလသမဂ္ဂ
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် သည် မြန်မာနိုင်ငံတွင် ၁၉၅၀ နှစ်များကတည်းက ရှိခဲ့ပြီး ယင်းကာလများကပင် လူသားထု စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအား ထောက်ပံ့အားပေးလျက် ရှိသည်။
ကမ္ဘာ့ကုလသမဂ္ဂစနစ်သည် ၁၉၄၈ ခုနှစ် ၊ လွတ်လပ်ရေးရစဉ်ကတည်းက မြန်မာနိုင်ငံအား အထောက်အပံ့ပေးလျက်ရှိသည်။
ယခုအချိန်တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အစုအဝေးမှ ပြည်တွင်းအခြေပြု ကုလသမဂ္ဂ အဖွဲ့အစည်း ၁၇ ခုတို့သည် ယင်းတို့၏ သီးခြား လုပ်ပိုင်ခွင့်များဖြင့် မြန်မာနိုင်ငံအား အသီးသီး အကူအညီပေးလျက် ရှိသည်။
၂၀၁၇ ခုနှစ်မှ စတင်ကာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး စနစ်သည် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးမှ ဦးဆောင်သည့် ပြန်လည်နေရာသတ်မှတ်ချထားမှုဖြင့် ပြောင်းလဲခဲ့သည်။ ဤလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်မှာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် အဖွဲ့အစည်းအား သင့်တော်မှု ရှိစေရန်ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအား ပိုမို စွမ်းရည်ပြည့်ဝ၍ ချိတ်ဆက်မှုကောင်းပြီး တာဝန်ခံမှုရှိစေရန် ဖြစ်သည်။
ကမ္ဘာ့အဆင့်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် သည် ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (UNSDG) အတွက် အဓိက ကျသည်။ UNSDG သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၃ အစီအစဉ်အား မြှင့်တင်ရန် ဆောင်ရွက်လျက် ရှိသည့် နိုင်ငံပေါင်း ၁၆၅ ခု၊ ကမ္ဘာ့ကုလသမဂ္ဂ ရန်ပုံငွေ ၄၀ ခု၊ အစီအစဉ်များ၊ အထူး ကိုယ်စားလှယ်အဖွဲ့များနှင့် အခြားအသင်းအဖွဲ့များတို့ ပေါင်းစည်းပါဝင်နေသည့် ကွန်ရက်တစ်ခု ဖြစ်သည်။ လက်ထောက် အထွေထွေ အတွင်းရေးမှူးမှ ဥက္ကဌ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အုပ်ချုပ်ရေးမှူးမှ ဒုဥက္ကဌအဖြစ် အသီးသီး တာဝန်ယူထားသည့် UNSDG သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံများမှ ကြိုးပမ်းနေရာတွင် UNDS အဖွဲ့များမှ ပြည့်စုံ၊ ထိရောက်၍ လုံလောက်သော အကူအညီများပေးနေကြောင်း သေချာစေရန်အတွက် မဟာဗျူဟာကျကျ ညွှန်ကြားမှုများနှင့် စောင့်ကြည့်မှုများ ပြုလုပ်သည်။
နိုင်ငံအဆင့်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်သည် ဌာနေ ညှိနှိုင်းရေးမှူးမှ ဦးဆောင်သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အသင်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သည်။ ဘက်ပေါင်းစုံမှ ကြုံဆုံရသည့် ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အားထုတ်မှုများ ပေါင်းစုရန်အတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် သည် မြန်မာနိုင်ငံနှင့် အခြား ကုလသမဂ္ဂ အသင်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်အများအပြားတွင် ပါဝင်ဆောင်ရွက်သည်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ၏ ပေါင်းစည်းသူ အဖြစ် လုပ်ပိုင်ခွင့်သည် ခိုင်မာသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတစ်ရပ်၏ အခြေခံတစ်ခုအဖြစ်ဖြင့်သာမက SDGများ အောင်မြင်စေရေးအတွက် အင်အားကောင်းသော ကမ္ဘာ့ကုလသမဂ္ဂစနစ် ချဉ်းကပ်မှုတစ်ရပ်ကို အားပေးသည့် ပေါင်းစပ် ဝန်ဆောင်မှု ပေးသူ အဖြစ်ပါ တာဝန်ရှိစေသည်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်သည် ပါဝင်သည့် နိုင်ငံများ၏ အရေးကြီးရည်မှန်းချက်များနှင့် ဆက်စပ်အခြေအနေများကို အခြေခံကာ စဉ်ဆက်မပြတ်တိုးတက်ရေး အစီအစဉ်များဆောင်ရွက်ရာတွင် အရေးပါသည့် အကြံပေးသူအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ SDG များ အကောင်အထည်ဖော်ရေးကို အထောက်အကူပြုသည့် အဓိက စနစ်တကျ ချိတ်ဆက်ထားသည့် ဝန်ဆောင်မှုများနှင့် နိုင်ငံအလိုက်အထောက်အပံ့များပေးရာတွင်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် သည် "တပေါင်းတစည်းထဲ အဖြစ် အကောင်အထည်ဖော်လျက်ရှိသည့်" ပဏာမ စီမံကိန်း ၆၆ ခုတွင် ပါဝင်လျက်ရှိသည်။ ယင်းတို့က စံလုပ်ထုံးများနှင့် အညီ ကမ္ဘာ့ကုလသမဂ္ဂ၏ နိုင်ငံအသင်းများအား ပိုမို ပြည့်စုံ ထိရောက်၍ လုံလောက်စွာ လည်ပတ်လုပ်ကိုင်နိုင်စေမည် ဖြစ်ပြီး ပေးချေရသည့် စရိတ်များနှင့် ထပ်ကျော့နေခြင်းများကို လျှော့ချပြီး ဘုံ ချဉ်းကပ်မှုများနှင့် ပူးပေါင်းသည့် ပဏာမစီမံကိန်းများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်စေမည် ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့အစည်းများ
UN RC/HC – ကုလသမဂ္ဂ ဌာနေ/ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး
အစီအစဉ်များနှင့် ရန်ပုံငွေများ
- UNFPA – ကုလသမဂ္ဂလူဦးရေဆိုင်ရာ လုပ်ငန်းရန်ပုံငွေအဖွဲ့
- UN-HABITAT – ကုလသမဂ္ဂ မြို့ပြ အခြေချနေထိုင်မှုများ အစီအစဉ်
- UNHCR – ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
- UNICEF – ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့
- WFP – ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်
အထူးကိုယ်စားလှယ် အဖွဲ့များ
- FAO – ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့
- ILO – အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့
- UNESCO – ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့
- WHO – ကမ္ဘာ့ကျန်းမာရေး အဖွဲ့
ဌာနနှင့် ရုံးများ
- UNIC – ကုလသမဂ္ဂ ပြန်ကြားရေးဌာန
- UNOCHA – ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး
- UNODC – မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး
- UNDSS – ကုလသမဂ္ဂ ဘေးကင်းရေးနှင့် လုံခြုံရေးဌာန
အခြား UNCT အဖွဲ့ဝင်များ