ကျွန်ုပ်တို့ အလေးထား ဆောင်ရွက်မှုများ

ဒေသအခြေပြု
စီမံကိန်းရေးဆွဲခြင်း

ယူအန်ဒီပီ၏ ဒေသအခြေပြု စီမံကိန်းရေးဆွဲခြင်း

မြန်မာနိုင်ငံရှိ အချို့ဒေသများတွင် ရှုပ်ထွေးပြီး တစ်ခုနှင့် တစ်ခုထပ်နသည့် ဖွံ့ဖြိုးမှုဆိုင်ရာ စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားသည့်အနေဖြင့် ယူအန်ဒီပီသည် ရှုထောင့်စုံ ချဉ်းကပ်နည်းလမ်း တစ်ခု ထားရှိရန်လိုအပ်သည်ကို သိရှိနားလည်ပြီးဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းခြင်းများအပေါ် အာရုံစိုက်၍ ယူအန်ဒီပီသည် အစိုးရဌာနအဆင့်ဆင့်၊ ကုလသမဂ္ဂ စနစ်၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းများနှင့် အနီးကပ် ပူးပေါင်းလုပ်ကိုင်သည့် ဒေသအခြေပြု စီမံကိန်းတစ်ခုကို အစပြုလုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတစ်ဝန်းရှိ ရုံးခွဲကိုးခုနှင့် ဒေသ အခြေပြု စီမံကိန်းရေးဆွဲခြင်းများနှင့်အတူ ယူအန်ဒီပီသည် ခက်ခဲကြမ်းတမ်းသောလမ်းများကို ဖြတ်ကျော်ပြီး အလှမ်းကွာသည့် နေရာများသို့ပါ ပေါက်မြောက်အောင် သွားလာနိုင်ပြီဖြစ်သည်။

ဒေသအခြေပြု စီမံကိန်းရေးဆွဲခြင်းဆိုသည်မှာ ထိုဒေသအတွင်းနေထိုင်သည့် လူမှုအသိုက်အဝန်း အားလုံးအတွက် လုပ်ကိုင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ဒေသအခြေပြု ပေါင်းစပ်ချဉ်းကပ်နည်းလမ်း တစ်ခုမှတစ်ဆင့် ယူအန်ဒီပီသည် နယ်ပယ်အသီးသီးရှိ ဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာများဖြစ်သည့် ဒေသန္တရ အစိုးရ၊ တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီ လုပ်ငန်းစဉ်တစ်လျောက် ပါဝင်ပတ်သက်မှု၊ အမျိုးသမီးများ၏ စီးပွားရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု၊ အသက်မွေးမှုများနှင့် လူမှုစည်းလုံးညီညွတ်မှုတို့ကို ကိုင်တွယ်လျက်ရှိသည်။ ဆိုလိုသည်မှာ ယူအန်ဒီပီသည် အစိုးရဌာနအဆင့်အဆင့်( ပြည်ထောင်စု၊ ပြည်နယ်၊ မြို့နယ်အဆင့် နှင့် ကျေးရွာ/ရပ်ကွက်အဆင့်)၊ ကုလသမဂ္ဂ အေဂျင်စီများ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွဲဖက်လုပ်ဆောင်သူများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ အားလုံးနှင့် လက်တွဲလုပ်ကိုင်လျက်ရှိသည်။

ထိုအချက်အလက်များကို စုစည်းကြည့်ခြင်းအားဖြင့် ယူအန်ဒီပီသည် ထိုသို့လက်တွဲလုပ်ကိုင်ခြင်းဖြင့် အကျိုးရလဒ်များကို အသုံးချနိုင်ပြီး ပိုမို ရေရှည်တည်တံ့နိုင်မည် ရလဒ်များကို ဖန်တီနိုင်မည် ဟု လက်ခံယုံကြည်သည်။

ယခုချဉ်းကပ်နည်းလမ်းအတွက် ဥပမာကောင်းတစ်ခုကို ရခိုင်ပြည်နယ်တွင် ဂျပန်အစိုးရ၏ ရက်ရောသည့် ထောက်ပံငွေကြေးများကြောင့် အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။

ရခိုင်ပြည်နယ်နေ ပြည်သူများအတွက် လုပ်ကိုင်ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံရှိ ပြည်နယ်မျာအတွင်းတွင် ရခိုင်ပြည်နယ်သည် အနွမ်းပါးဆုံးနှင့် လူဦးရေအထူထပ်ဆုံး ပြည်နယ်ဖြစ်သည်။ ၎င်းတွင် လူမျိုးရေးအခြေခံနိုင်ငံရေး ပဋိပက္ခ၊ ရေရှည်ခံစားနေရသော ဆင်းရဲနွမ်းပါးမှု၊ လူမှုပတ်ဝန်းကျင်မှ ချန်လှပ်ခံရမှု၊ ရာသီဥတုဖောက်ပြန်မှု အကျိုးဆက်များနှင့် သဘာဝဘေးအန္တရာယ် ဒဏ်ခံနိုင်စွမ်းနည်းပါးခြင်း ကဲ့သို့သော သမိုင်းကြောင်းရှိသည်။ မကြာခဏဖြစ်ပေါ်လေ့ရှိသော လူမျိုးရေးဆိုင်ရာတင်းမာမှုများနှင့် အကြမ်းဖက်မှုများသည် ပြည်သူပေါင်းသိန်းဂဏန်းအား နယ်စပ်များဆီသို့ ထွက်ပြေးရန်တွန်းအားဖြစ်စေခဲ့သည်။ အများစုမှာ အိမ်နီးနားချင်း ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။ ဆက်လက် တည်ရှိနေသေးသည့် ကျား/မ သာတူညီမျှမရခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများကြောင့် ရခိုင်ပြည်သူများ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် စိန်ခေါ်မှုများကို ရင်ဆိုင်ရလျက်ရှိသည်။

အစိုးရ ဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်မှုနည်းခြင်း၊ အခြေခံအဆောက်အအုံ အရည်အသွေးနိမ့်ခြင်း၊ အလုပ်လက်မဲ့ဖြစ်မှုများ၊ နုံချာသော လူနေမှုအဆင့်အတန်းနှင့် ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းများအကြား ခံစားနေရသော တရားမမျှတမှုဖြစ်စဉ်များကြောင့် အပြန်အလှန်် ကြောက်ရွံ့မှုနှင့် မယုံကြည်ခြင်းများကို ဖြစ်ပေါ်လာစေခဲ့သည်။ ပဋိပက္ခများသည် ရခိုင်နှင့် မူဆလင် အသိုက်အဝန်းများအကြား ဖြစ်ပွားလေ့ရှိသည် ဆိုသော်ငြားလည်း ရခိုင်ပြည်နယ်သည် လူ့အဖွဲ့အစည်များစွာ အတူယှဉ်တွဲနေထိုင်ကြသည့် ‌လူမျိုးပေါင်းစုံနေထိုင်ရာ ပြည်နယ်တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံအစိုးရ၊ ပြည်နယ်အစိုးရ၊ လွှတ်တော နှင့် ရခိုင်ပြည်နယ် မြို့နယ်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူများသည် ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော လူသားခြင်းစာနာမှုဆိုင်ရာ လုပ်ငန်းစဉ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ရန်အတွက် မဟာဗျူဟာအမျိုးမျိုးကို ဖော်ဆောင်ရန် ကြိုးပမ်းနေကြသည်။

ဤသည်မှာ ယူအန်ဒီပီ၏ ရခိုင်တွင် ကာလရှည် တည်ရှိမှုကို ယခင် နိုင်ငံအလိုက် အစီအစဉ်မှတ်တမ်း (CPD) (၂၀၁၃ မှ ၂၀၁၇)နှင့်လူသားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စွန့်ဦးတီထွင် လုပ်ဆောင်မှု(၁၉၉၄ မှ ၂၀၁၂) ခိုင်မာစေခဲ့သည်၊။

ဆက်နွယ်နေသည့် အကြောင်းအရာများ-

အစီအစဉ်များနှင့် စွန့်ဦးတီထွင် ဆောင်ရွက်မှုများ

ရခိုင်ဒေသရှိ အမျိုးသမီးအတွက် အားလုံးအကျုံးဝင်သော ဖွံ့ဖြိုးမှုနှင့် စွမ်းအားမြှင့်တင်မှု ပူးပေါင်းအစီအစဉ်
ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ခွဲ (UNFPA) နှင့်အတူ ရခိုင်ပြည်နယ်အတွင်း လူမှုစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးတွင် အမျိုးသမီးများ အရေးဆိုခွင့်များ အားကောင်းလာစေရန် အခက်အခဲများကို ကျော်ဖြတ်ခြင်း

ရခိုင်ပြည်နယ်အတွင်းနေ ရေဘေးဒုက္ခများနှင့် ပဋိပက္ခဒဏ်များကို ခံစားခံရသော ပြည်သူ ၁၇၀၀၀ ကျော်သည်

ဒေသတွင်း အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရေးအတွက် လူ့အသိုက်အဝန်းများအကြား ပူးပေါင်းဆောင်ရွက်ရေးမှတစ်ဆင့် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းများ၊ ဈေးကွက်များနှင့် ဝန်ဆောင်မှုများကို ရယူလာနိုင်သည်ကို မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး