ဖွံ့ဖြိုးမှု သို့ ဦးတည်သည့် ရေရှည်သန္နိဌာန်

မြန်မာနိုင်ငံတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေရေးအတွက် ပေါင်းစပ်ချဉ်းကပ်ပုံ

2018- November 13

UNDP ၏ ပြီးခဲ့သည့် လေးနှစ်ကျော် ကာလ ဆောင်ရွက်ချက်များသည် လူဦးရေ ၂၄၀,၀၀၀ ဦး ကို လွှမ်းခြုံဆောင်ရွက်ခဲ့ပြီး ၎င်းတို့ထဲမှ ၈၅ % သည် အမျိုးသမီး များ ဖြစ်ကြပါသည်။ ထိုဆောင်ရွက်ချက်များ လုပ်ဆောင်စဉ်တစ်လျှောက် ငွေကြေးဝန်ဆောင်မှုများ လက်လှမ်းမီရယူခဲ့ပါသည်။ ဌာနေအစီအစဉ်သစ် သည် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ ရာသီဥတု ဒဏ် ခံနိုင်မှု နှင့် လူထုပူးပေါင်းပါဝင်ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် များစွာသော ဖွံ့ဖြိုးရေးနယ်ပယ်များ နှင့် ချိတ်ဆက်မှုများကို ရှာဖွေသွားပါမည်။ ဓာတ်ပုံ - UNDP ဓာတ်ပုံ / စိုင်းခမ်းလျမ်း


ဤလအစောပိုင်းတွင် မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်များ၊ လွှတ်တော်၊ ပြည်နယ် နှင့် တိုင်းဒေသကြီး အစိုးရများ၊ အလှူရှင်များ နှင့် အခြားသူများသည် နေပြည်တော်၏ ကုလသမဂ္ဂရုံးအသစ် တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) အနေဖြင့် မြန်မာနိုင်ငံတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ကို ဆောင်ရွက်ပေးနိုင်ရန် မည်သို့ ပိုမိုကောင်းမွန်စွာလုပ်ဆောင်မည့်ကိစ္စရပ် ကို ဆွေးနွေးရန် တွေ့ဆုံခဲ့ကြပါသည်။

၂၀၁၈ တွင်  UNDP သည်  မြန်မာနိုင်ငံအတွက် (၂၀၁၈-၂၀၂၂) ဌာနေအစီအစဉ်သစ်တစ်ရပ်ကို   နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်အောင်မြင်စေရန် ကူညီရာတွင် လက်တွဲဆောင်ရွက်ဖော်ပေါင်းများစွာ ဖြင့် ပူးပေါင်းကာ ရည်မှန်းချက်ထားဆောင်ရွက်ရန် သတ်မှတ်ထားပါသည်။  အဓိကသော့ချက်နယ်ပယ်နှစ်ခု မှာ     ငြိမ်းချမ်းရေး နှင့် စီမံအုပ်ချုပ်ရေး၊ နှင့် ကမ္ဘာမြေနှင့် အားလုံးသာယာဝပြောရေး တို့ ဖြစ်ပြီး မကြာသေးမီကမှ ချမှတ်ထားသည့် မြန်မာ့ ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ( MSDP) အပါအဝင် နိုင်ငံ၏ ဦးစားပေးကဏ္ဍများနှင့် အပြည့်အ၀ ကိုက်ညီလျက်ရှိသည်။

မြန်မာနိုင်ငံသည် ကျွန်ုပ် အတွက် အရေးကြီးပါသည်။ အမှန်စစ်စစ် UNDP သည် မြန်မာ့ဖန်တီးမှု တစ်ရပ် အဖြစ် အတိုင်းအတာတစ်ခုအထိ တည်ရှိပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူး အဖြစ် သက်တမ်းအကြာရှည်ဆုံး ထမ်းဆောင်ခဲ့သည့် ဦးသန့် သည် မြန်မာနိုင်ငံမှဖြစ်ပြီး ၁၉၆၀ ပြည့်နှစ်များတွင် ဖွံ့ဖြိုးရေးဆယ်စုနှစ်များကို ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။ ၁၉၆၆ တွင် UNDP ကို စတင်တည်ထောင်ခဲ့ပြီး ဦးသန့် သည် UNDP ၏ အုပ်ချုပ်ရေးကောင်စီ ၏ ပထမဆုံးအစည်းအဝေးတွင် သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ရန်ကုန်ရှိ ဦးသန့်နေအိမ် သို့ အလည်အပတ်ရောက်ဖူးသူများအနေဖြင့် ၎င်းသမိုင်းဝင်ကာလ ဓာတ်ပုံကို တွေ့ရှိနိုင်ပါသည်။

ကျွန်ုပ် တို့သည် မြန်မာနိုင်ငံတွင် ရှိနေသည်မှာ နှစ်ပေါင်း၅၀ ကျော်ကြာ ပြီဖြစ်ပါသည်။ သည်။ ၁၉၆၀ မှ စ၍ UNDP သည် မြန်မာနိုင်ငံ၏ ပြောင်းလဲနေသည့်အကြောင်းအရာများကို ထိတွေ့တုံ့ပြန်ရန် ၎င်း ဘာသာ စဉ်ဆက်မပြတ် ရင်းနှီးမှုယူကာမှီငြမ်းဆောင်ရွက်လျက်ရှိပါသည်။ ဌာနေအစီအစဉ်သစ်သည် ၂၀၁၃-၂၀၁၇ အစီအစဉ်၏ အောင်မြင်မှုများအပေါ် မူတည်ထားပြီး ၎င်း အစီအစဉ်သည်  လူမှုအသိုင်းအဝိုင်းများအားလုံး ၏ ကောင်းကျိုးစီးပွားအတွက် အမေရိကန်ဒေါ်လာ ၁၂၀ မီလီယံ ကို လှုပ်ရှားစည်းရုံး၍ အသုံးချနိုင်ခဲ့သည့် အစီအစဉ် ဖြစ်ပါသည်။  ရလဒ်အနေဖြင့် လူပေါင်း ၅၉,၀၀၀ သည် ပူးပေါင်းပါဝင်မှုရှိသောစီမံကိန်းများမှ တဆင့် ကျောင်းများ၊ ကျေးလက်ဒေသကျန်းမာရေးစင်တာများ နှင့် လမ်းများ ဆောက်လုပ်ခြင်းနှင့် ပြန်လည်မွမ်းမံခြင်းများ၏ အကျိုးကျေးဇူးခံစားရရှိခဲ့ကြပါသည်။၈၅%သည် အမျိုးသမီးများ ဖြစ်ကြပြီး လူဦးရေ ၂၄၀,၀၀၀  သည် အသေးစားချေးငွေလုပ်ငန်းမှ ငွေကြေးဝန်ဆောင်မှုများကို လက်လှမ်းမီရရှိခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ ရပ်ကွက် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အမျိုးသမီး ၁၀၁ ယောက်သည် သင်တန်းများတက်ရောက်ခဲ့ကြပြီး လယ်သမားအိမ်ထောင်စုပေါင်း ၅၀,၀၀၀ ကျော်သည် ရာသီဥတုပြောင်းလဲခြင်း အတွက် လိုက်လျောညီထွေ ရှိစေရေးအတွက် ကူညီမှုများရရှိခဲ့ပါသည်။ UNDP သည်  ၂၀၁၅ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ဆောင်ရွက်အကောင်အထည်ဖော်ရေး အတွက် အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေးပူးတွဲကော်မတီ၏ နည်းပညာအတွင်းရေးမှူး ထံသို့ နည်းပညာ နှင့် ငွေကြေးအထောက်အပံ့များကို ပေးအပ်ခဲ့ပါသည်။

အစီအစဉ်သစ် အရ  ကျွန်ုပ် တို့သည် မြန်မာနိုင်ငံ၏ရင်ဆိုင်နေရသောရှုပ်ထွေးသည့်ကိစ္စရပ်များကို ကိုင်တွယ်ခြင်း တွင် ဆန်းသစ်သည့်ချဉ်းကပ်နည်းများ ရှာဖွေနေပါသည်။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အနေအထားသည်  ငြိမ်းချမ်းရေး၊ စီမံအုပ်ချုပ်မှု ၊ သဘာဝပတ်ဝန်းကျင် နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အကြား အပြန်အလှန်ကူးလူးဆက်သွယ်မှု တွင် အနေအထားမကောင်းပေ။ ထိုသို့သောအကြောင်းများကြောင့် ကျွန်ုပ် တို့မှ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှင့် လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှု ၊ စီမံအုပ်ချုပ်မှု၊ သဘာဝပတ်ဝန်းကျင် နှင့် သယံဇာတအရင်းအမြစ် စီမံခန့်ခွဲမှု ၊ ကြံကြံခံ့နိုင်ရည်ရှိမှု နှင့် ရာသီဥတုပြောင်းလဲခြင်း၊ မျှတ၍ အားလုံးပါဝင်သည့်ဖွံ့ဖြိုးတိုးတက်မှု များအကြား အပြန်အလှန်ချိတ်ဆက်မှု ကို ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ကုလသမဂ္ဂ၏ ကျယ်ပြန့်သောအစပြုမှုများ နှင့် ပိုမိုပေါင်းစပ်ပါဝင်သည့်အစီအစဉ်များကို ဦးတည်ဆောင်ရွက်၍ ပံ့ပိုးမှုများ ဆောင်ရွက်နေပါသည်။ 

ရခိုင်ပြည်နယ်ရှိ ကျွန်ုပ် တို့၏ လုပ်ဆောင်ချက် တစ်ခုကို ဂျပန်အစိုးရမှ စိတ်အားထက်သန်စွာ ပံ့ပိုးထားသည်မှ ဥပမာကောင်းတစ်ရပ်ဖြစ်ပါသည်။ ပေါင်းစပ်ဖွဲ့စည်းထားသည့် နယ်ပယ် အခြေပြု ချဉ်းကပ်နည်း မှ ဆင့် ကျွန်ုပ် တို့သည် ဒေသန္တရအုပ်ချုပ်မှု ၊ တရားဥပဒေစိုးမိုးရေး၊ လွှတ်တော်ဖွံ့ဖြိုးတိုးတက်မှု ၊ အမျိုးသမီးများ၏ စီးပွားရေးတွင် လုပ်ပိုင်ခွင့်နှင့်နေရာများ အားပေးအားမြှောက်ပြု မှု၊  အသက်မွေးဝမ်းကျောင်းမှု နှင့် လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှု များတွင် ဖွံ့ဖြိုးရေးကိစ္စရပ် အ၀၀ ကို ကျွန်ုပ် တို့ ကိုင်တွယ် ဆောင်ရွက်နေပါသည်။  ကျွန်ုပ် တို့သည် အစိုးရ အဆင့် အမျိုးမျိုး၊ ကုလသမဂ္ဂအဖွဲ့အစည်းများ ၊ ဖွံ့ဖြိုးရေး ပူးပေါင်းလက်တွဲဖော်များ နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ တွင် လက်တွဲဆောင်ရွက်သူများ နှင့် အတူတကွဆောင်ရွက်လျက်ရှိပါသည်။  ရည်ရွယ်ချက်မှာ ပါဝင်သည့်ဤ အချက်များအားလုံးကို အတူတကွ ပေါင်းစည်းခြင်းဖြင့်  ရေရှည်ရလဒ်များပိုမိုထွက်ပေါ်လာစေရန် နှင့် အကျိုးသက်ရောက်မှု များကို မြှင့်တင်ပေးရန် အတွက် ဖြစ်ပါသည်။

ဒေတာမြောက်မြားစွာကို စနစ်တကျအသုံးပြုမှု သီအိုရီ အပါအဝင်  စောင့်ကြည့်စစ်ဆေးခြင်း ယန္တရားများ၏ အရည်အသွေးပိုင်းဆိုင်ရာတွင် ရင်းနှီးမြှုပ်နှံ ခြင်းဖြင့် ကျွန်ုပ် တို့၏ မဟာဗျူဟာ စီမံမှုများ နှင့် ဆက်သွယ်ရေးနည်းလမ်း၊ ကိရိယာများကို ခေတ်မီစွာ ဆောင်ရွက်လျက်ရှိပါသည်။ကျွနု်ပ်တို့သည် ပုဂ္ဂလိကအခန်းကဏ္ဍ နှင့် လူမှုရေးစွန့်ဦးတီထွင်လုပ်ငန်းရှင်များ နှင့် လက်တွဲပူးပေါင်းမှု အသစ်များကိုလည်း တည်ဆောက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ဈေးကွက်အခြေပြုစီးပွားရေးစနစ်အတွင်းသို့ ကူးပြောင်းရောက်ရှိဆဲ ဖြစ်ပြီး ၎င်းသည် ဒေသတွင်း နှင့် နိုင်ငံတကာတွင်း ပိုမိုချိတ်ဆက်မိပြီး ကြီးထွားလျက်သည့်အတွက် ဤ လက်တွဲပူးပေါင်းမှုများသည် လူထုပူးပေါင်းပါဝင်ပြီး ကြွယ်ဝအားကောင်းသည့် စီးပွားရေးတစ်ရပ်ပိုမိုဖြစ်ထွန်းလာရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာပါလိမ့်မည်။

ကျွန်ုပ် တို့ ဆောင်ရွက်ချက်၏ အရေးကြီးသည့် ပါဝင်မှု တစ်ခုမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ( SDGs) ကို ဒေသတွင်း လက်တွေ့အကောင်အထည်ဖော်နိုင်ရေး အတွက် နိုင်ငံ၏အားထုတ်ကြိုးပမ်းမှု ကို ထောက်ပံ့ပေးရန် ဖြစ်ပါသည်။ ကျွန်ုပ် တို့သည် မြန်မာနိုင်ငံတွင် SDGs လုပ်ဆောင်ရန်လိုအပ်သော ဒေတာများကို ရရှိရန် နှင့် ပထမ SDG အခြေပြု ညွှန်းကိန်းအစီရင်ခံစာ ထုတ်ပြန်ရန် အတွက် ကူညီပေးရန် စာရင်းအင်းဗဟိုဌာန နှင့် ပူးပေါင်း ဆောင်ရွက်ထားပါသည်။ ကမ္ဘာ့ဘဏ် နှင့်အတူ ၂၀၁၇ မြန်မာ့လူနေမှုအခြေအနေစစ်တမ်း ကိုလည်း ကျွန်ုပ် တို့ကူညီ၍ အပြီးသတ်ဆောင်ရွက်ထားပြီး ၎င်းသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လူမှုအသိုင်းအဝိုင်းအားလုံး နှင့် နိုင်ငံ၏ ဖွံဖြိုးရေးလိုအပ်ချက်များကို ပိုမို၍ နားလည်သဘောပေါက်စေရန် ဖြစ်ပါသည်။

ဌာနေအစီအစဉ်သစ် သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပါအဝင် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပုံဖော်ရာတွင် ပီပြင်စွာ အရေးပါလာမည်ဖြစ်ပါသည်။   ဦးသန့်၏ ချန်ထားရစ်သော အမွေအနှစ်လမ်းကြောင်း နှင့် ၁၉၆၀ တွင်၎င်း ဆောင်ရွက်ခဲ့သည့် ဖွံဖြိုးတိုးတက်မှု ဆယ်စုနှစ် များအပေါ်မူတည်၍ တည်ဆောက်ထားသဖြင့် ကျွန်ုပ် တို့သည် ဤနှစ်သည် မြန်မာနိုင်ငံတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဆယ်စုနှစ်၏ အစပိုင်း နှစ်ကာလ အဖြစ် အတူတကွ ဆောင်ရွက်နိုင်ပါသည်။

ပီတာ ဘတ်ချလာ ( တောင်အမေရိက) သည် မြန်မာနိုင်ငံ၏ ဌာနေ ညွှန်ကြားရေးမှူး ဖြစ်ပါသည်။ သူ သည် နိုင်ငံတကာဖွံ့ဖြိုးရေး တွင် နှစ်ပေါင်း ၂၀ ကျော်အတွေ့အကြုံရှိထားပြီး ကုလသမဂ္ပရုံးချုပ် ( နယူးယောက် နှင့် ဂျီနီဗာ ၊ အာဖရိယ၊ အရှေ့အလယ်ပိုင်းဒေသ နှင့် အာရှ-ပစိဖိတ်ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။

မြန်မာနိုင်ငံတွင် ဌာနေဒါရိုက်တာအဖြစ် မခန့်အပ်ခံရမီက ပီတာ ဘတ်ချလာသည် UNDP ၏ ဌာနေကိုယ်စားလှယ် အဖြစ် သီရိလင်္ကာတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် UNDP နှင့် အခြားအဖွဲ့အစည်းများ၏ ဦးစီးဦးဆောင်ပြုရသည့်နေရာအမျိုးမျိုးတွင် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ သူ၏ လုပ်ငန်းအတွေ့အကြုံများမှာ-

(၁) ဖီဂျီကျွန်း၊ဆူဗာ ရှိ ပစိဖိတ် စင်တာ , UNDP ၏ ဒေသမန်နေဂျာ

(၂) ဘက်ဂဒက်ရှိ UNDP အီရတ် ၏ ဌာနေဒါရိုက်တာ

(၃) ဂျီနီဗာ( ဆွစ်ဇာလန်)၊ နူယူးယောက် ( အမေရိကန်) ရှိ UNDP ဌာန တွင် ပဋိပက္ခတားဆီးရေး နှင့် ပြန်လည်ကုစားရေး ( UNDP/BCPR) အတွက် အငြင်းပွားမှုတားဆီးရေးနှင့် ပြန်လည်ကုစားရေးအဖွဲ့၏ အရာရှိချုပ်

(၄) ဆွစ်ဇာလန်၊ ဂျီနီဗာ ရှိ Graduate Institute of International Studies တွင် Small Arms စစ်တမ်းကောက်ယူမှု ၏ စီမံကိန်းဒါရိုက်တာ

(၅) တောင်အာဖရိက၊ ကိပ်တောင်း၊ ကိပ်တောင်းတက္ကသိုလ် ၊ ပဋိပက္ခဖြေရှင်းရေးစင်တာ တွင် စီမံကိန်းညှိနှိုင်းဆောင်ရွက်သူ

ပီတာသည် ၁၉၉၅ ခုနှစ်နှင့် ၁၉၉၉ အကြား တောင်အာဖရိက တွင် မန်ဒဲလားအစိုးရ ၏ လုံခြုံရေး နှင့် စီးပွားရေးကိစ္စများ အတွက် အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါသည်။

ပီတာသည် ယူကေ၊ ကိန်းဘရစ်ချ် တက္ကသိုလ် မှ စီးပွာရေး ဘာသာရပ်ဖြင့် PhD နှင့် Mphil , တောင်အာဖရိက၊ ကိပ်တောင်းတက္ကသိုလ် မှ BA/BA (Hons) ရရှိထားပါသည်။ အိမ်ထောင်သည်တစ်ယောက်ဖြစ်ပြီး သား တစ်ယောက် ရှိပါသည်။