သတင်းထောက်များအတွက် တရားဥပဒေစိုးမိုးရေးလက်စွဲစာအုပ်ပြုစုခြင်း

2018- March 22

လက်စွဲစာအုပ် မိတ်ဆက်ပွဲ ကို နိုင်ငံတကာသတင်းထောက်သူရဲကောင်းဆုရှင်  ေမသႀကၤန္ဟိန္း ၊ The Voice ဂျာနယ် အယ်ဒီတာချုပ် ကျော်မင်းဆွေ ၊ တရားဥပဒေစိုးမိုးရေးစင်တာမှ ဥပဒေ အကြံပေး နှင့် တရားရေးအရာရှိဟောင်း ဦး ထိန်ဝင်း တို့ ပါဝင်သည့် အုပ်စုဖွဲ့စကားဝိုင်း ဖြင့် ဝိုင်းဖွဲ့ မိတ်ဆက်ပွဲ အဖြစ် မန္တလေးတွင် ကျင်းပခဲ့ပါသည်။

ပြန်လည်သုံးသပ်ခြင်း၊ တည်းဖြတ်ခြင်း နှင့် အချက်အလက်စစ်ဆေးခြင်းများ လ ပေါင်းများစွာ ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံရှိ သတင်းထောက်များအတွက် တရားဥပဒေစိုးမိုးရေးလက်စွဲစာအုပ်ကိုမျှော်လင့်စောင့်စားနေကြသည့် သတင်းထောက်များ၊ အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်များ ဖြင့် ခန်းလုံးပြည့်နေသည့် ရှေ့မှောက်တွင် မျက်ဝါးထင်ထင် မိတ်ဆက်ကြေငြာနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ဤနှစ်အစောပိုင်းတွင် UNDP သည် ဂျာမန်အဖွဲ့အစည်းတစ်ခုဖြစ်သည့်  Konrad-Adenauer Stiftung  နှင့် အတူပူးပေါင်း၍ ဤစာအုပ်ကို အားပေးကူညီခဲ့ကြပါသည်။  အဖွဲ့အစည်း နှစ်ရပ်စလုံးသည် သတင်းမီဒီယာ လွတ်လပ်မှု နှင့် ကျင့်ဝတ်နည်းကျ သတင်းတင်ဆက်ခြင်း များသည် မြန်မာနိုင်ငံတွင် အားကောင်းသည့် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် သော့ချက်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ကျွနု်ပ်တို့ အနေဖြင့် မြန်မာသတင်းထောက်များ ၎င်းတို့ အလုပ်တွင် အကူအညီတစ်ဖက်တစ်လမ်းမှ ပေးအပ်လိုခဲ့ပါသည်။

လက်စွဲစာအုပ်သည် အစိုးရများ၏ လုပ်ဆောင်ချက်များနှင့် ပက်သက်ရာတွင် မီဒီယာလုပ်သားများအတွက် အကောင်းဆုံးကျင့်သုံးမှု များနှင့် ဒီမိုကရေစီတည်တံ့ရေး  ဖြစ်စေသည့်  တရားဥပဒေစိုးမိုးရေး နှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှု သဘောတရားများ ကို ကိုးကားချက်လမ်းညွှန် ပေးထားပါသည်။ တက်ရောက်သူများ လက်မှတ်ရေးထိုးပြီး အပြာ၊အဖြူစာအုပ်ငယ်လေးကို ကောက်ကိုင်လိုက်သည့်အခါ ၎င်းတို့သည် စာမျက်နှာလှန်လောရင်း KAS ၏ ကျွမ်းကျင်ဒီဇိုင်းပညာဖြစ်သည့် စာ တစ်အုပ်ထဲတွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားသည်ကို မြင်ကြသည့်အခါ  နှစ်ခြိုက်သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြုမူကြသည်ကို သတိထားမိလိုက်ပါသည်။

KAS နှင့် UNDP သည်   စာအုပ်မိတ်ဆက်ပွဲ ကျင်းပစဉ်အတောအတွင်း အုပ်စုဖွဲ့စကားဝိုင်း ဆွေးနွေးမှု ကိုလည်း စီစဉ်ပေးခဲ့ပြီး  သတင်းမီဒီယာလွတ်လပ်မှု အတွက် အကြောက်တရားမဲ့စွာ စူးစိုက်လုပ်ဆောင်မှုကြောင့် ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ လူသိများလှသည့် မျက်နှာပိုင်ရှင်များဖြစ်သည့် ထွန်းပေါက်ထူးချွန်သူ   မြန်မာသတင်းထောက်များနှင့် ဥပဒေပညာရှင်များထဲမှ အချို့လည်း ပါဝင်ခဲ့ပါသည်။ အထူးသဖြင့် အခမ်းအနားတွင် ဒေသရှိတက္ကသိုလ်များမှ သတင်းထောက်ပညာ သင်ယူနေသော ကျောင်းသားများ ကို တွေ့ရှိရသည့်အကြောင်းအရင်းကြောင့် အင်မတန် ပျော်ရွှင်မိပါသည်။

မြန်မာနိုင်ငံတွင် လူအများစုသည် “ တရားဥပဒေစိုးမိုးရေး” ဆိုလိုရင်းကို နားလည်မှုလွဲမှားနေသည်ဟု ထင်မြင်စဉ်းစားမိသဖြင့်  လက်စွဲစာအုပ်တွင် သဘောတရား၏ အသေးစိတ်ဖော်ပြရှင်းလင်းချက်ပါဝင်ထားပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော တရားဥပဒေစိုးမိုးရေးစီမံကိန်းများနှင့်အစီအစဉ်များကိုလည်း ဥပမာများပေးထားပါသည်။ သတင်းထောက်ကျင့်ဝတ်များ နှင့် ဘက်မလိုက်သတင်းတင်ဆက်ခြင်း၊ အမုန်းစကားများရှောင်ရှားမှု နှင့် သတင်းတင်ဆက်မှုသည် သမာသမတ်ကျ၍ မှန်ကန်မှု ရှိကြောင်းသေချာစေရန် အရင်းအမြစ်များစွာ အသုံးပြုခြင်း စသည့် လုပ်ငန်းစံချိန်စံနှုန်းများကို မည်သို့အသုံးချရမည်နှင့် ပက်သက်သော လူအများစိတ်ဝင်စားမည့် ခေါင်းစဉ် လည်း ပါဝင်ပါသည်။

ကျွန်ုပ် တို့၏ ဤလုပ်ငန်းမှ သိရှိရသည်မှာ မြန်မာဥပဒေတွင် ပွင့်လင်းသည့်တရားရုံးများနှင့် အများပြည်သူကြားနာမှု များအခွင့်ပေးထားသော်လည်း   သတင်းထောက်များသည် မကြာခဏဆိုသလို တရားရုံးများသို့ ဝင်ရောက်ခြင်းမှ တားဆီးခံရပါသည်။ ထို့ကြောင့် တရားရုံးသတင်းတင်ဆက်ခြင်း အခန်းတွင်  သတင်းအချက်အလက်ရရှိရေးကို အများပြည်သူအခွင့်အရေးတစ်ရပ်အနေဖြင့် ကျင့်သုံးလိုသည့် သတင်းထောက် များအား  တရားရုံး စစ်ဆေးကြားနာခန်းထဲ တွင် မည်သည့် မျှတသော တရားစီရင်ချက် အခြေခံ သဘောတရားများကို ကိုလေ့လာရန်ရှိသည် ဆိုသည့် အတွေးမျိုး ပေးချင်ပါသည်။

မြန်မာပြည်တွင် ဥပမာ- အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ  နှင့် ရာဇသတ်ကြီး အပိုဒ် ၄၉၉ အောက်ရှိ အသရေဖျက်မှု ကဲ့သို့  သတင်းထောက်များ၏ အလုပ်ကို  အကျိုးသက်ရောက်နေနိုင်သည့် ခေါင်းစဉ်များနှင့် ဥပဒေများကိုလည်း ကျွနု်ပ်တို့ ကိုင်တွယ်ထားပါသည်။

ကျွန်ုပ် မျှော်လင့်ထားသကဲ့သို့    စကားဝိုင်းဆွေးနွေးမှု သည် ပွင့်ပွင့်လင်းလင်းဆွေးနွေးလေ့မရှိကြသည့် ပြည်တွင်းပြည်ပ မှ မီဒီယာနှင့် သက်ဆိုင်သည့် စိန်ခေါ်မှုများကို ဖော်ထုတ်သွားပါသည်။ ဥပမာအားဖြင့် - မီဒီယာကုမ္ပဏီများအကြား ငွေကြေးစီမံခန့်ခွဲမှုအရည်အချင်းကင်းမဲ့မှု နှင့် ကျင့်ဝတ်ရှိသောမီဒီယာအပေါ် စနစ်တကျ ခွဲခြားဆက်ဆံမှု လမ်းကြောင်းများ အစရှိသည်တို့ ဖြစ်ပါသည်။

ဆွေးနွေးသူများပြောကြားနေစဉ် သတင်းထောက်ပညာလေ့လာနေသည့် ကျောင်းသူကျောင်းသားများသည် မှတ်စုများရေးမှတ်ခြင်း၊ သတင်းကင်မရာများဖြင့် မှတ်တမ်းတင်ခြင်းများ ပြုလုပ်နေကြသည်ကို မြင်တွေ့ရပါသည်။  ဤ လက်စွဲစာအုပ်၏ မြေစမ်းခရမ်းပျိုး ဖော်ပြချက်၊ အတွေ့အကြုံများသည် ဤအရေးကြီးသည့် လုပ်ငန်း အား ဆက်လက်ဆောင်ရွက်သွားရန် လူအများကို လှုံ့ဆော်မည်ဟု မျှော်လင့်ပါသည်။

အခမ်းအနားပြီးဆုံးသည့်အခါ ထိုနေ့တွင်ရရှိနိုင်သည့် စာအုပ်အရေအတွက် ၃၀၀အုပ် ယူဆောင်၍ ကုန်ဆုံးသွားပြီး လူများစွာမှ နောက်ထပ်စာအုပ်များထပ်မံတောင်းဆိုခဲ့ပါသည်။ ဤ အချက်သည် လက္ခဏာကောင်းတစ်ရပ်ဖြစ်ပြီး ဤလုပ်ငန်းကြောင့်  မြန်မာသတင်းထောက်များအနေဖြင့် ယနေ့ခေတ်၏ အရေးကြီးသတင်းများကို တင်ဆက်ရာတွင် ပို၍ စိတ်ချယုံကြည်မှု ပြည့်ဝလာမည်ဟု မျှော်လင့်ပါသည်။

စာရေးသူအကြောင်း

 ရှမားဖာရွတ် သည်  မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ  UNDP မြန်မာ၏  တရားဥပဒေစိုးမိုးရေး နှင့် တရားမျှတမှုလက်လှမ်းမီရရှိရေး အရာရှိ တစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်နေသည့် အမေရိကန် ရှေ့နေတစ်ဦး ဖြစ်ပါသည်။ သူမသည် Tulane တက္ကသိုလ်မှ ဥပဒေဒေါက်တာဘွဲ့ ရရှိထားပါသည်။ သူမ သည် အမေရိကန်တွင် အစိုးရ ရှေ့နေတစ်ဦး အဖြစ်လုပ်ကိုင်ခြင်း ၊ ပါလက်စတိုင်း နှင့် တူနီးရှား တို့တွင် ရှေ့နေများအား ဥပဒေအထောက်အကူပြုသင်တန်းပေးခြင်း နှင့် ပါကစ္စတန် တွင် အစိုးရတရားစီရင်ရေး စနစ်များ ၏ စွမ်းရည် အားကောင်းစေခြင်း များတွင် အတွေ့အကြုံ ရှိသူ ဖြစ်ပါသည်။ UNDP သို့ ဝင်ရောက်မလုပ်ကိုင်ခင် တရုတ်နိုင်ငံ၊ ရှန်ဇန်းဒေသရှိ  Pekeinsh တက္ကသိုလ် တွင် ကထိက အဖြစ် လုပ်ကိုင်ခဲ့ပါသည်။