ဥပဒေအရာရှိများ တာဝန်ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်ရန်ပံ့ပိုးသည့် မျှတသော တရားစီရင်ကြားနာမှု လမ်းညွှန်စာအုပ်

2018- May 31

Director General Khin Cho Ohn of the UAGO Prosecution Department explains the 12 basic principles of a Fair Trial in Myanmar

နေပြည်တော်၊ မြန်မာ

ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ  ဥပဒေအရာရှိများအတွက် မျှတသော တရားစီရင်ကြားနာမှု လမ်းညွှန်စာအုပ် ကို နေပြည်တော်တွင် ထုတ်ဝေကြေငြာခဲ့ပြီး အဆိုပါ စာအုပ်သည် မြန်မာနိုင်ငံဥပဒေအရာရှိများအနေဖြင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ၎င်းတို့၏ တာဝန်များကို မည်သို့ဆောင်ရွက်သင့်သည် ကို တရားရေးရာတကျ  စုစည်း၍ လမ်းညွှန်ချက်များအဖြစ် တရားဝင်ရေးသားဆောင်ရွက်သည်အထိ နှစ်နှစ်ကြာ ကြိုးစားအားထုတ်မှု တစ်ရပ်လည်း ဖြစ်ပါသည်။ လမ်းညွှန်စာအုပ်၏ ထူးခြားချက်မှာ ၎င်းသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဥပဒေများ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မများ အားလုံးတွင် တွေ့ရသည့် ဥပဒေလုပ်ထုံးလုပ်နည်းတစ်ရပ်အပေါ်မူတည်၍  အဓိကအခြေခံသဘောတရားများကို ရှင်းလင်းဖော်ပြရန်အတွက် လိုအပ်သောသတင်းအချက်အလက်အဖြစ် နိုင်ငံတကာစံချိန်စံညွှန်းများကို ကိုးကားဖော်ပြထည့်သွင်းထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် မျှတသော တရားရေးရာလမ်းညွှန်စာအုပ်သည် ဥပဒေအရာရှိများ အတွက် နေ့စဉ်လုပ်ငန်းခွင်တွင် တိုက်ရိုက် သက်ဆိုင်မှု ရှိပြီး ပြစ်မှုဆိုင်ရာတရားစီရင်ရေးစနစ်နှင့်ပက်သက်နေသည့် သူတိုင်း အသုံးပြုနိုင်ပါသည်။ .

၎င်းကြိုးပမ်းချက်သည် လွန်ခဲ့သည့်နှစ်နှစ်က စတင်ခဲ့ပြီး UNDP သည် IDLO ၏ ပံ့ပိုးကူညီမှုဖြင့် UAGO သို့ နိုင်ငံတကာမွ မျှတသော တရားစီရင်ကြားနာမှု လက်စွဲ ကို ဘာသာပြန်ဆို၍ ပံ့ပိုးကူညီခဲ့သည့်  အချိန်ကာလဖြစ်ပါသည်။ မျှတသော တရားစီရင်ကြားနာမှု လမ်းညွှန်စာအုပ်အပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့မှ သုံးသပ်ပြီးနောက် နိုင်ငံတကာဥပဒေ အချက်အလက်များ၊  နိုင်ငံခြားတရားစီရင်ထုံးများမှ ထင်မြင်ချက်များ ၊ မြန်မာနိုင်ငံ မှ အဖွဲ့ဝင်ခြင်းမရှိသေးသည့် သဘောတူညီချက် များနှင့် ကိုးကားချက်များ သည် ဥပဒေအရာရှိများအတွက် အသုံးဝင်မည့် အရင်းအမြစ်များမဟုတ်ဟု ဆုံးဖြတ်ခဲ့ပါသည်။လွန်ခဲ့သည့် နှစ်က UNDP နှင့် IDLO သည် UAGO သို့ နိုင်ငံတကာလမ်းညွှန်စာအုပ်များကို နမူနာယူ၍ မြန်မာ့တရားရုံးများ၏ အမှုဆုံးဖြတ်ချက်များ နှင့် မြန်မာ့ဥပဒေများထံမှ ဥပဒေ ကောက်နုတ်ဖော်ပြချက်များ ပါဝင်သည့် ၎င်းတို့ကိုယ်ပိုင် မျှတသော  တရားစီရင်ကြားနာမှု လမ်းညွှန်စာအုပ်ကို ပြုစုရန် ပံ့ပိုးကူညီခဲ့ပါသည်။  လမ်းညွှန်စာအုပ်တွင် ပါဝင်သည့် အခြေခံသဘောတရားများသည် နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကောင်းစွာ ဆီလျော်မှု ရှိပြီး  တရားရုံးတွင် နှုတ်ဆိတ်နေပိုင်ခွင့်၊ အယူခံတက်ပိုင်ခွင့်၊ တရားစီရင်မှု အဆင့်အားလုံးတွင် လာရောက်ရပ်တည်ပိုင်ခွင့်၊ အခြားသူများထံမှ အကြံဉာဏ်ရယူပိုင်ခွင့် တို့ ပါဝင်ပါသည်။ ဥပဒေအရာရှိများအတွက် မျှတသော တရားစီရင်ကြားနာမှု လမ်းညွှန်စာအုပ်ကို UAGO ၏ ဝက်ဘ်ဆိုဒ် ဖြစ်သည့် www.oag.gov.mm တွင် ဒေါင်းလုပ်ဆွဲ၍ ရယူနိုင်ပါသည်။ .

မြန်မာနိုင်ငံ၏ ဥပဒေသမိုင်းသည် သံသရာလည်ပတ်ပုံများစွာ ဖြင့် ဖြတ်ကျော်ခဲ့ရပြီး ဥပဒေများတွင်လည်း ခေတ်နောက်ကျန်ခဲ့ခြင်းနှင့် ယနေ့ခေတ်နှင့် လျော်ညီမှုမရှိတော့ခြင်းများ မကြာခဏ ဖြစ်တတ်ပါသည်။ သို့သော် တရားစီရင်ရေး တွင် ပြစ်မှုတရားစီရင်ချက်များ ၏ မျှတမှု နှင့် ဥပဒေလုပ်ထုံးလုပ်နည်းများ ပါဝင်သည့် အခြေခံသဘောတရားများ နှင့် လမ်းညွှန်စာအုပ်သည် ဥပဒေအရာရှိများကို ၎င်းတို့၏ တာဝန်များတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ချမှတ် ထားသည့်  အကောင်းဆုံးကျင့်သုံးလုပ်ဆောင်ချက်များ နှင့် မျှော်လင့်ချက်များကို ဆောင်ရွက်နိုင်ရန် ဥပဒေနည်းကျစွာ အထောက်အပံ့ဖြစ်ပါလိမ့်မည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ကိုယ်စားလှယ်ဖြစ်သည့် ဦးထွန်းထွန်းဦး သည် အဖွင့်မှာစကားပြောကြားရာတွင် မျှတသောတရားရေးရာလမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့် စံချိန်စံနှုန်းများကို ဥပဒေအရာရှိများက လေ့လာ၍ ကျင့်သုံးမည်ဆိုပါက  “ တရားစီရင်ရေးကိစ္စများတွင် အလွန်ထိရောက်မှု ရှိပါသည်။  ဥပဒေအရ လူတစ်ဦးတစ်ယောက်ချင်းစီ အခွင့်အရေး များကို ကာကွယ် ထားပြီး  တရားရေးစနစ်တွင် အများပြည်သူ၏ ယုံကြည်ကိုးစားမှုကို တိုးမြင့်စေပါလိမ့်မည်” ဟု ပြောကြားထားသည်။လာမည့်လတွင် UNDP ၏ အကူအညီဖြင့် UAGO သည် အစိုးရ၊ ပုဂ္ဂလိကရှေ့နေများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ တရားဥပဒေကဏ္ဍ ပက်သက်ဆက်နွယ်သူများဖြင့် ပြည်နယ် နှင့် တိုင်းဒေသကြီးများအလိုက် စုစည်းဆွေးနွေးပွဲများ ဆက်တိုက် ကျင်းပသွားမည်ဖြစ်ပြီး မျှတသောတရားရေးရာလမ်းညွှန်စာအုပ်အကြောင်းနှင့်  ပြစ်မှုတရားစီရင်မှု အုပ်ချုပ်စီမံကိုင်တွယ်ရေး တိုးတက်လာစေရန် ပြည်ထောင်စုအဆင့် နှင့် ဒေသအဆင့် ကြိုးပမ်းမှုများကို ၎င်း က မည်သို့ ကူညီနိုင်မည် ကို ဆွေးနွေးကြရန် ဖြစ်ပါသသည်။ 

စာရေးသူ အကြောင်း

စကော့ စီးမန့် သည် UNDP မြန်မာ အတွက် နည်းပညာအကြံပေးအရာရှိချုပ် ( တရားဥပဒေစိုးမိုးရေး) ဖြစ်ပါသည်။ သူ သည် ယခင် က အစိုးရရှေ့နေ ဟောင်း တစ်ဦးဖြစ်ပြီး ဖော့ဒ်ဟမ်းဥပဒေတက္ကသိုလ် မှ တရားဥပဒေဒေါက်တာဘွဲ့ ကို ရရှိခဲ့ပါသည်။ စကော့သည်   အရှေ့တောင်အာရှအနှံ့ UNDP နှင့် အခြားအဖွဲ့အစည်းများ အတွက် တရားဥပဒေကဏ္ဍကူညီပံ့ပိုးရေးအစီအစဉ်ပေါင်းများစွာ တွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။