၂၀၃၀ လုပ်ငန်းအစီအစဉ် ပြည့်မီအောင်မြင်ရေးအတွက် လှုံ့ဆောင်မှုကို စမ်းသပ်ကြည့်ခြင်း -The iWomen Inspiring Women စီမံကိန်း

2018- September 1

အပ်ပလီကေးရှင်းအသုံးပြုနေသည့် မေတို့ကမ္ဘာ ခေါင်းဆောင် [ဓာတ်ပုံ - UNDP]

UNDP မြန်မာ နှင့် UNU_CS တို့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ   သည် မေးခွန်းများ ဖြင့် ဖွင့်ဟ ထားပါသည်။ “  အပြုသဘောဆောင်သည့် အပြုအမူပြောင်းလဲမှု များဖြစ်လာစေရန် အတွက် လှုံ့ဆောင်ရေး တွင် ဖွံဖြိုးတိုးတက်မှု ဖြစ်ပေါ်ရန်  စနစ် တကျစီစဉ်ဖွဲ့စည်းထားသည့် ချဉ်းကပ်နည်း တစ်ရပ်ကို လိုအပ်ပါသလား?”

လူတစ်ဦးတစ်ယောက်ချင်းစီသို့ လှုံ့ဆော်မှု ဖြစ်လာလေလေ တစ်ဦးချင်းစီမှ  ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ပိုမိုဆောင်ရွက်လာလေလေ ဖြစ်ပါသည်။ သိပ္ပံပညာအထောက်အထား အသစ် ၏ ဆက်စပ် ပုံတွင်  လှုံ့ဆော်မှုဖြစ်ခြင်းသည် မည်သည့်တိုက်တွန်းချက်မှမရှိဘဲ မိမိဘာသာ နှစ်ခြိုက်၍ လုပ်ဆောင်ခြင်းများသည် အပြုသဘောဆောင်စေခြင်းများ၊ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ငန်းဆောင်ရွက်မှု နှင့် တီထွင်ဖန်တီးခြင်းများ လုပ်ဆောင်ရာတွင် တွေ့ရှိခဲ့ပါသည်။

သိပ္ပံအထောက်အထားအရ လှုံ့ဆော်မှုသည် ကျွမ်းကျင်မှုအပေါ်ယုံကြည်စိတ်ချခြင်း၊ မိမိကိုယ်ကို တန်ဖိုးထားခြင်း နှင့် အကောင်းမြင်ခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာအရင်းအမြစ်များ မှ ပံ့ပိုးထားသည် ဟု ဖော်ပြထားပါသည်။

လှုံ့ဆော်မှု သည် ဤ ရာစုနှစ်တွင် ကမ္ဘာတစ်ဝှမ်း ‘ လူမှုအသိုင်းအဝိုင်းများကို ပညာပေးရန် နှင့် လှုံ့ဆော်ပေးရန်’ အတွက် အကောင်းဆုံးဒီဇိုင်းများကို အသုံးပြုနေသော Apple မှသည်  “ကမ္ဘာ့လှုံ့ဆောင်မှု အားအကောင်းဆုံးအတွေးအခေါ်ပညာရှင်များ၏ လွတ်လပ်သည့်ဗဟုသုတများကို မြင်ကွင်းကျယ် တင်ဆက်ပြသ နေသည့်” TED.com အထိ၊ ‘ အုပ်ချုပ်ရေးအကြီးအကဲများ၊ စွန့်ဦးဆောင်ရွက်လိုသူများ နှင့် ရှေ့ပြေးအမြင်ရှိသူများ အားလုံးကို အတူတကွစုစည်းရန် လှုံ့ဆော်ခြင်း’ ကို အသုံးချနေသည့် ၊ Google နှင့် Facebook ကဲ့သို့ များပြားလာသည့်အသုံးပြုသူများကို လှုံ့ဆော်ပေးနိုင်ရန် အတွက် လမ်းကြောင်းများဖြစ်သည့် ၎င်းတို့၏ ပုံစံ နှင့် စွမ်းဆောင်ရည် ကို စဉ်ဆက်မပြတ်တိုးတက်အောင်လုပ်ဆောင်နေသည့် ကုမ္ပဏီများ အထိ ကမ္ဘာပေါ်ရှိစီးပွားရေးလုပ်ငန်းဗျူဟာများ နှင့် ရည်မှန်းဖော်ပြချက်များ၏ အရေးကြီးသည့်အချက်အချာ အင်္ဂါရပ်တစ်ခု ဖြစ်လာပါသည်။

အအောင်မြင်ဆုံးပုဂ္ဂလိက အခန်းကဏ္ဍ စီးပွားရေးလုပ်ငန်းများနှင့်  ကော်ပိုရေးရှင်းများသည် လှုံ့ဆော်မှု ဖြင့် တိုးတက်အောင်မြင်လျက်၊ အအောင်မြင်ဆုံး ပညာတတ်ပုဂ္ဂိုလ်များသည် သန်းနှင့်ချီသော စာအုပ်များ ၊ ဗီဒီယိုများကို နေ့စဉ် လှုံ့ဆော်မှုဖြစ်စေရန် သုံးစွဲနေလျက် ပင် ယခုအချိန်အထိ ကမ္ဘာ့အဆင်းရဲဆုံး လူ သား ဘီလျံအရေအတွက် သည် ငွေကြေး၊ ကျန်းမာရေး နှင့် ပညာရေး နိမ့်ပါးစွာချွတ်ချုံကျလျက် ရှိပြီး ၎င်းတို့ အတွက် အပြုသဘောဆောင်သည့်အပြုအမူအပြောင်းအလဲဖော်ဆောင်သည့် လှုံ့ဆော်မှု ကို အကောင်အထည်ဖော်ရန် နှင့် ၎င်းတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပုံဖော်ဆောင်ရွက်ရန် ဖြစ်တောင့်ဖြစ်ခဲ အနေအထား ရှိပါသည်။   

ကြွယ်ဝသာယာစေရန် နှင့် လူများ အတွက် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ နှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးမှုများအတွက် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်ရန် လှုံ့ဆော်ခြင်းများ အတွက် အမှန်စစ်စစ် နောက်ဆက်တွဲ အခြေအနေများကင်းမဲ့လျက်ရှိပါသည်။  ဟားဗတ်တက္ကသိုလ်၏ စီးပွားရေး အပြုအမူဆိုင်ရာ လေ့လာသူများဖြစ်ကြသည့် - မူလိန်းနေသန် နှင့် ရှာဖိုင်း တို့သည် ချွတ်ချုံကျ သည့်အနေအထားတွင် ရှင်သန်နေရသည့် လူများ၏ အပြုအမူဆိုင်ရာ ရှေ့နောက်မညီညွတ်မှုပုံစံများဖြစ်ပေါ်ပုံ ကြီးမားနက်ရှိုင်းစွာ အချက်အလက်စုဆောင်းကောက်ယူထားပြီး အသိဉာဏ်၏ လွယ်ကူစွာ လွှမ်းမိုးတတ်ပုံ ၊ အသိဉာဏ်သည် ဖိအားအောက်တွင် မည်သို့ လျော့ပါးစေသနည်း နှင့် အသိဉာဏ်သည် လက်တွေ့အနေအထားများတွင် မည်သို့ ဖွံ့ဖြိုးတိုးတက်လာသည်ကို သက်သေပြထားပါသည်။

အပြုအမူဆိုင်ရာ အတွင်းသဘောသိမြင်မှုများ နှင့် ကုလသမဂ္ဂ - ၂၀၃၀ လုပ်ငန်းအစီအစဉ်အောင်မြင်ရေး  ၂၀၁၆ အစီအရင်ခံစာသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ သည် လူများအား ဆုံးဖြတ်ချက်ချစေခြင်း၊ လုပ်ကိုင်စေခြင်း နှင့် တစ်ယောက်မှ အခြားတစ်ယောက်သို့ လွှမ်းမိုးစေခြင်းများဆောင်ရွက်စေသည့် အပြုအမူ ဆိုင်ရာအချက်အလက်များ ကို နည်းမှန်လမ်းမှန် စစ်ဆေးခြင်းမရှိဘဲ  ၎င်းရည်မှန်းချက်များကို မရရှိနိုင်ကြောင်း ဖော်ပြထားပါသည်။ အစီရင်ခံစာမှ တုံ့ပြန်ထားသည်မှာ ဖွံ့ဖြိုးရေးအစီအစဉ်များကို အကျိုးသက်ရောက်မှု အများဆုံး ဖြစ်စေရန် အလို့ငှာ လူများ ထိုအစီအစဉ်များတွင် အဓိပ္ပာယ်ရှိစွာ ပါဝင်လာစေရန် မောင်းနှင်ပေးသည့် နောက်ဆုံးပေါ်သုတေသန အသုံးပြု၍ ဒီဇိုင်းပုံဖော်ရမည်ဟု ဖော်ပြထားပါသည်။ အထူးသဖြင့် ဤအဆိုပြုချက်ပေါ်တွင် UNDP ၏ မြန်မာ iWomen Inspriring Women စီမံကိန်း ကို ဒီဇိုင်းရေးဆွဲထားပါသည်။

iWomen Inspiring Women စီမံကိန်းသည်     ၂၀၃၀ လုပ်ငန်းအစီအစဉ် ရည်မှန်းချက်အောင်မြင်ရန် ၊ အထူးသဖြင့်  SDG ၁ ဆင်းရဲမွဲတေမှုမရှိရေး၊ SDG ၄ ကျားမ တန်းတူညီမျှရေး ၊ SDG ၁၆ ငြိမ်းချမ်းရေး၊ တရားမျှတမှု နှင့် ခိုင်မာသည့် အဖွဲ့အစည်းများ အောင်မြင်စေရန် အပြုသဘောဆောင်သော အပြုအမူအပြောင်းအလဲ အား ဖွင့်ဟပြသရန် အတွက် လှုံ့ဆော်မှု ကို တိုက်ရိုက် စမ်းသပ်သည့် ပထမဆုံး UNDP မြန်မာ ၏ စီမံကိန်းဖြစ်ပါသည်။  iWomen Inspiring Women စီမံကိန်းသည် လှုံ့ဆော်မှု ဖြင့် နည်းလမ်းပေါင်းမြောက်မြားစွာ စမ်းသပ်ခဲ့ပြီး စီမံကိန်းသည် မြန်မာ့ကျေးလက်ဒေသရှိအမျိုးသမီးများသည် စွမ်းဆောင်နိုင်သည့် ခေါင်းဆောင်များ အဖြစ်ပေါ်ထွက်လာစေရန် လှုံ့ဆော်မှုများကို ဖော်ထုတ်ဆောင်ရွက်ပေးခဲ့ပါသည်။-

•           စီမံကိန်းမှ အကျိုးခံစားရသူများကိုယ်တိုင် ၊ ထင်ရှားထက်မြက်သည့် နိုင်ငံတကာအမျိုးသမီးများ၊ ကျော်ကြားသည့် မြန်မာအမျိုးသမီးများ ရေးဖွဲ့သည့်  ကိုယ်တိုင်ကြုံ့တွေ့လှုံ့ဆော်မှုဇာတ်လမ်းများ စုစည်း ထားသည့် အွန်လိုင်း စာကြည့်တိုက် ထူထောင်ခြင်း

•           ကျေးလက်နေအမျိုးသမီးများ နှင့် လူငယ်ကာတွန်းဆရာများ၊နည်းပညာသမားများ နှင့် တွေ့ဆုံ၍ စီမံကိန်းနှင့်ပက်သက်သည့် အခန်းကဏ္ဍတိုင်း လိုလိုဖြစ်သည့် - ပညာပေးကာတွန်းများ၊ စည်းရုံးလှုံ့ဆော်ရေး ဗီဒီယိုများ မှ သည် မိုဘိုင်း အပ်ပလီကေးရှင်း များ ကို ပူးပေါင်း ဒီဇိုင်းဆွဲကာ ပူးပေါင်းဆောင်ရွက်ရန် လှုံ့ဆောင်ပေးသည့် စကားဝိုင်း ဖန်တီးခြင်း

•           စီမံကိန်းမှ အကျိုးအမြတ်ခံစားရသူများအား ဖွင့်ဟထုတ်ဖော်ရန် နှင့် စီမံကိန်းကို အပြည့်အဝပိုင်ဆိုင်မှု ဖြင့် လုပ်ဆောင်ခြင်းအားဖြင့် ကဗျာ၊ ဓာတ်ပုံ နှင့် ဒီဇိုင်းယှဉ်ပြိုင်မှုများတွင်

အထူးသဖြင့်  ဆီလီကွန်တောင်ကြား နည်းပညာပိုင်ရှင်ကြီးများ၏ အကူအညီဖြင့် iWomen နည်းပညာစီမံကိန်းကို လုပ်ငန်းအဆင့်တိုင်းတွင် စီမံကိန်းမှအကျိုးအမြတ်ခံစားရသူများနှင့်အတူ ညီမျှသည့်ပူးပေါင်းလက်တွဲဖြင့်  ပူးတွဲ ဒီဇိုင်းရေးဆွဲထားပါသည်။ လူသားအခြေပြုဒီဇိုင်းရေးဆွဲခြင်းနည်းလမ်းကို အသုံပြုထားသဖြင့် UNDP iWomen Inspiring Women အဖွဲ့နှင့် စီမံကိန်းမှ အကျိုးအမြတ်ရရှိသူများသည် လှုံ့ဆော်မှုများ ကြွယ်ဝဖြစ်ထွန်းသော ၊ မြန်မာနိုင်ငံကျေးလက်ဒေသနေအမျိုးသမီးများသည် iWomen အပ်ပလီကေးရှင်းမှ ပံ့ပိုးသော ပြင်ပ သတင်းအချက်အလက်အသစ်များဖြင့် ထိတွေ့ကာ ဗဟုသုတ ရရှိခြင်း လက်ရှိဖြစ်နေသော၊  ကျေးလက် ဒေသအမျိုးသမီးအဖွဲ့အစည်းခေါင်းဆောင်များ၏ အဓိကလိုအပ်ချက်ဖြစ်သည့်  မည်သည့် တိုက်တွန်းချက်မှမရှိဘဲ မိမိဘာသာ နှစ်ခြိုက်၍ လုပ်ဆောင်ခြင်းများသည် အပြုသဘောဆောင်စေခြင်းများ၊ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ငန်းဆောင်ရွက်မှု နှင့် တီထွင်ဖန်တီးခြင်းများ ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ အရင်းအမြစ်များကို အပ်ပလီကေးရှင်းကြောင့် ပံ့ပိုးဖေးမမှု ရရှိနေသော လက်တွေ့အခြေအနေများ ကို ရောက်ရှိရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။

iWomen Inspiring Women အပ်ပလီကေးရှင်းသည် လက်ရှိတွင် ကျေးလက်နေအမျိုးသမီးပေါင်း ၂၀,၀၀၀ ကို ကွန်ရက်တစ်ခုထဲသို့ သီးသန့်စုဆောင်းအဖွဲ့ ၂,၀၀၀ ဖြင့် ချိတ်ဆက်ထားပါသည်။ ဤ အပ်ပလီကေးရှင်းသည် လူထုစိတ်ဝင်စားသည့် ပုဂ္ဂိုလ်ရေးဇာတ်ကြောင်းများ၊ ( လှုံ့ဆောင်ပေးသည့် လုပ်ဆောင်ချက်) ၊ ပြန်လည်အသုံးပြုနိုင်သည့် စွမ်းအင်၊ စွန့်ဦးတီထွင်မှု၊ ဈေးကွက်၊ ဥပဒေ၊ အခွင့်အရေး၊ နည်းပညာကဲ့သို့ ခေါင်းစဉ်များ နှင့်ပက်သက်သည့် ဗဟုသုတများ ရရှိစေခြင်း ( အသိပညာပေးလုပ်ဆောင်ချက်)၊ အမျိုးသမီးများအနေဖြင့် အနီးကပ် အကြံဉာဏ်ပေးကူညီမှု လိုအပ်ချက်များရရှိသည့်ကိစ္စရပ်များ တွင် သီးသန့် ဆွေးနွေးနိုင်သည့် လမ်းကြောင်းတစ်ရပ် ပံ့ပိုးပေးခြင်း ( အတူတကွစကားလက်ဆုံကျ၍ အတူတကွနေထိုင်ကြ) ၊ စောင့်ကြည့်စစ်ဆေးခြင်းကိရိယာတစ်ရပ်အနေဖြင့် အမျိုးသမီးများစိတ်ထဲတွင် အဆိုပါ ဗဟုသုတများအား မှတ်သားဉာဏ်ရှိခြင်းကို ဖြစ်စေရန် ဆုချီးမြှင့်မည့် ယှဉ်ပြိုင်ပွဲများ ကျင်းပပေးခြင်း ( ကစားရန် အသင့် လုပ်ဆောင်ချက်) များဖြင့်  ကျေးလက်နေအမျိုးသမီးများ၏ အာရုံကို ဖမ်းစားရန် ဖြစ်ပါသည်။

UNDP မြန်မာ နှင့် UNU_CS တို့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ   သည် မေးခွန်းများ ဖြင့် ဖွင့်ဟ ထားပါသည်။ “  အပြုသဘောဆောင်သည့် အပြုအမူပြောင်းလဲမှု များဖြစ်လာစေရန် အတွက် လှုံ့ဆောင်မှုဖြစ်စေရေး တွင် ဖွံဖြိုးတိုးတက်မှုသည်  စနစ်တကျ စီစဉ်ဖွဲ့စည်းထားသည့် ချဉ်းကပ်နည်း တစ်ရပ်ကို လိုအပ်ပါသလား?”

အစီရင်ခံစာသည် လိုအပ်ပါသည် ဟု မေးခွန်းကို ဖြေဆိုထားပါသည်။လှုံ့ဆော်မှု ဖြစ်စေရေးတွင် ပုံစံတကျစီစဉ်ဖွဲ့စည်းထားသည့် ချဉ်းကပ်နည်းတစ်ရပ်ကို ဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်ပါသည်။ ဥပမာများနှင့် အတွင်းကျကျ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ထာားသည့် UNDP UNU-CS အစီရင်ခံစာသည် ၂၀၃၀ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ   အောင်မြင်ရန်  သံသယများကို ဖြေရှင်းသက်သေပြထားပြီး လှုံ့ဆော်မှုသည် ကမ္ဘာ့အဆင်းရဲဆုံး ဘီလျံချီသည့် လူဦးရေအတွက် ဖွံ့ဖြိုးမှု သော့ချက်ဖြစ်ကြောင်း သက်သေပြထားပါသည်။

ပို၍ ရှာဖွေလေ့လာပါ

 

အစီရင်ခံစာ

အပြုသဘောဆောင်သည့် အပြုအမူပြောင်းလဲမှု များဖြစ်လာစေရန် အတွက် လှုံ့ဆောင်မှုဖြစ်စေရေး တွင် ဖွံဖြိုးတိုးတက်မှုသည် ပုံစံတကျစီစဉ်ဖွဲ့စည်းထားသည့် ချဉ်းကပ်နည်း တစ်ရပ်ကို လိုအပ်ပါသလား?” - iWomen Inspiring Women စီမံကိန်း၏ လေ့လာချက်
ဤအစီရင်ခံစာအတွက် ဆောင်ရွက်ထားသည့်သုတေသနအနေဖြင့် iWomen စီမံကိန်းသည် လူသားများအတွက် ထူးကဲသည့်ချဉ်းကပ်နည်း ရှိကြောင်း ဖော်ပြထားပါသည်။ ကျေးလက်နေအမျိုးသမီးများ၏ လူမှုရေး လိုအပ်ချက်များ ကို မည်သို့ ပံ့ပိုးပေးရမည်ကို ထည့်သွင်းစဉ်းစားမည့်အစား - ဤစီမံကိန်းသည် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်၊ လူသားများကို စိတ်ပညာရှုထောင့်မှ မြင်ကြည့်ခြင်း နှင့် အပြုအမူပြောင်းလဲမှု များအတွက်ပါ ရည်မှန်းချက်ထည့်ထားပါသည်။

မိုဘိုင်းအပ်ပလီကေးရှင်း

မြန်မာ iWomen Inspiring Women မိုဘိုင်း အပ်ပလီကေးရှင်း
iWomen-Inspiring Womenသည် မြန်မာ အမျိုးသမီးနည်းပညာရှင်များမှ ဖန်တီးထားသည့် မိုဘိုင်းအပ်ပလီကေးရှင်းဖြစ်ပြီး အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ ရပ်ရွာလူမှုအဖွဲ့အစည်းတွင် လေးစားခံရသည ့်ခေါင်းဆောင်များ အဖြစ် အများပြည်သူအသိုင်းအဝိုင်း၊ မိမိကိုယ်ပိုင် အသိုင်းအဝိုင်းတို့တွင် အခန်းကဏ္ဍများ တိုးမြှင့်ကြရာ ၎င်းတို့၏နေ့စဉ်ဘ၀ ကို လှုံ့ဆောင်ပေးရန်၊ မိမိကိုယ်ကိုယုံကြည်မှု မွေးဖွားပေးရန် နှင့် အကြံဉာဏ်ပေးကူညီမှုရရှိခြင်း လမ်းကြောင်းဖောက်ပေးရန် ရည်ရွယ်ပါသည်။

စီမံကိန်း

မြန်မာ iWomen Inspiring Women စီမံကိန်း
လက်ရှိကွန်ယက် နှင့် အစဉ်တစိုက်လုပ်ဆောင်လာသောအစီအစဉ်များအပေါ်မူတည်၍ တီထွင်ဆန်းသစ်သော နည်းပညာနှင့် ဒေသ၏အရည်အချင်းကောင်းများကိုမြှင့်တင်ဖော်ထုတ်ပေးနိုင်ရန် အဖြေသည်- iWomen Inspiring Women ဆိုသည့် မြန်မာနိုင်ငံရှိအမျိုးသမီးများကို လှုံ့ဆော်ပေးရန် မိုဘိုင်း အပ်ပလီကေးရှင်း တစ်ခုဖြစ်ပါသည်။