အစိုးရ ဝန်ထမ်းတက္ကသိုလ် ဗဟိုဌာနတွင် ကျား/မ ရေးရာသင်တန်းပေးခြင်းများမှ ရှုထောင့်များ

2018- April 26

အဖွဲ့လိုက်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် ပါဝင်သင်ယူသူများမှ အုပ်စုကြီးများသို့ ပြန်လည်၍ တင်ပြခဲ့သည်။

လူအများစုက ကျား/မ ရေးရာ သဘောတရားနှင့် ပက်သက်၍ နားလည်သည် ဟု ပြောကောင်းပြောကြပါသည်။ သို့သော် ၎င်းတို့ အမှန်တကယ်နားလည်ရဲ့သလား? ဟု မေးခွန်းရှိပါသည်။ ကျား/မ ရေးရာ သည် လူအမျိုးမျိုးအတွက် အကြောင်းအရာအမျိုးမျိုး ဖြစ်နိုင်ပါသည်ဟု ကျွန်ုပ် သည် ပြင်ဦးလွင်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် ၊ အထက်မြန်မာပြည် နှင့် ဖောင်ကြီး ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် ၊ အောက်မြန်မာပြည် တို့ ၏ အကြီးတန်း အစိုးရအရာရှိများကို ပြီးခဲ့သည့် လ  တွင် ကျား/မ ရေးရာ သင်တန်းပို့ချရင်း လေ့လာတွေ့ရှိခဲ့ရပါသည်။

ပါဝင်သူအားလုံး ( ပျမ်းမျှအားဖြင့် ပါဝင်သူ ၉၁ ယောက်တွင် ၆၅ ယောက်သည် အမျိုးသားများ) သည် အမျိုးသား နှင့် အမျိုးသမီး အကြား ခန္ဓာကိုယ် ဖွဲ့စည်းပုံမတူညီမှုများကို သိရှိပြီး အချို့ မှာ ၎င်းသည် မည်သို့ကြောင့်၊ မည်ကဲ့သို့ အရေးပါသည်ကို ပြောပြနိုင်ပါသည်။

ပါဝင်သူများအနက်မှ တစ်ဦးဖြစ်သည့်  ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ အမျိုးသမီးသုတေသီ သည် သူမသည် စိုက်ပျိုးရေး နှင့် ကျား/မ ရေးရာ အတွက် သုတေသနပြုလုပ်ရန် ရပ်ရွာလူမှုအဖွဲ့အစည်း သို့ သွားရောက်ရာတွင် သူမ နှင့် စကားပြောခဲ့ရသည့် အမျိုးသား၊ အမျိုးသမီး အများစု သည် တန်းတူညီမျှ ပူးပေါင်းပါဝင်ခြင်းသည် ၎င်းတို့၏ ဘဝကို မည်သို့ တိုးတက်စေသည် ကို ပြောပြနိုင်ကြသော်လည်း သူမ ပို၍ နက်နက်ရှိုင်းရှိုင်းတူးဆွ ကြည့်သည့်အခါ အမျိုးသမီးများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်း တွင် ဖယ်ထုတ်ခံထားရကြောင်း ပေါ်လွင်လာသည်ကို တွေ့ရှိခဲ့ရပါသည်။

လူဦးရေ၏ ၇၀ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး ၅၁ % မှာ အမျိုးသမီးများ ဖြစ်နေသည့် နိုင်ငံ တစ်နိုင်ငံမျိုးတွင် ဤကိစ္စသည် ဖော်ထုတ်ဖြေရှင်းရန် လိုအပ်သည့်  ကိစ္စကြီးတစ်ရပ် ဖြစ်ပါသည်။

ကျွန်ုပ် သင်တန်းပေးရာတွင် အမျိုးသမီးများသည် ဆုံးဖြတ်ချက်ချမှတ်ရေးတွင် မည်သို့ ပါဝင်သင့်သည် ၊ အဘယ်ကြောင့်ပါဝင်သင့်သည် ကို ဂရုတစိုက် ဦးစားပေးခဲ့ပါသည်။ ပြည်ထောင်စုအဆင့်တွင် ဝန်ကြီး ၁၈ ဦး အနက် အမျိုးသမီးဝန်ကြီး တစ်ဦးတည်းသာ ရှိနေခြင်းသည် ဆုံးဖြတ်ချက်ချမှတ်ရေး အဆင့်တွင် အမျိုးသမီးများ ပိုမိုလိုအပ်မှာ ရှင်းလင်းသိသာပါသည်။

မြန်မာနိုင်ငံသည်  အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူညီချက် ( CEDAW) လက်မှတ်ရေးထိုးနိုင်ငံ တစ်ခု သာမက အမျိုးသမီးများရှေ့တန်းတင်ရေး ( NSPAW) အတွက် နိုင်ငံတော် မဟာဗျူဟာစီမံကိန်း ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သဖြင့် ကျား/မ တန်းတူညီမျှရေး နှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ပျိုးထောင်မှု အတွက် ခိုင်မာသည့် ဆောင်ရွက်ချက်များ လိုအပ်ပါသည်။

ကျား/မ တန်းတူညီမျှရေး နှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ပျိုးထောင်မှု အပေါ် မြန်မာနိုင်ငံ၏ သန္နိဌာန် ချမှတ်မှု နှင့် စပ်လျဉ်း၍ CEDAW နောက်ခံသတင်းအချက်အလက် များနှင့် ပက်သက်သည့်ကဏ္ဍ ၊ CEDAW ၏ ဖွဲ့စည်းပုံ နှင့် အဓိကအခြေခံသဘောတရားသုံးရပ်  ဖြစ်သည့် တန်းတူညီမျှမှု ၊ ခွဲခြားဆက်ဆံခြင်းကင်းမှု နှင့် နိုင်ငံတော်အစိုးရ၏တာဝန်ဝတ္တရားများ နှင့် ပက်သက်၍ ရှေ့ဆက်ပါသည်။  အဖွဲ့လိုက်လှုပ်ရှားမှုများကို CEDAW အပိုဒ် ၁-၁၆ တွင် ဖော်ပြထားသည့် အမျိုးသမီးအခွင့်အရေးများကို နားလည်ခြင်းအတွက် ဆောင်ရွက်ခဲ့ပါသည်။  ပါဝင်သူများသည် ကျွန်ုပ် ပံ့ပိုးပေးသည့် ရုပ်ပုံများနှင့် CEDAW ၏ အပိုဒ်များကို ယှဉ်တွဲခြင်းကို ကြိုက်နှစ်သက်ကြပါသည်။  CEDAW အပိုဒ်များတွင် ပါဝင်သည့် အမျိုးသမီး အခွင့်အရေးများသည် လည်း ကမ္ဘာတစ်ဝှမ်းလုံးတွင်ဖြည့်ဆည်းဆောင်ရွက်ရမည့် လူအခွင့်အရေးများဖြစ်ကြောင့် ၎င်းတို့ သဘောပေါက်ခဲ့ကြပါသည်။

CEDAWကဏ္ဍအပြီး တွင် CEDAW နှင့် ဘေဂျင်းအကောင်အထည်ဖော်ချက်လမ်းကြောင်း ဦးစားပေးနယ်ပယ်၁၂ခု  အပေါ်မူတည်သည့် အမျိုးသမီးများရှေ့တန်းတင်ရေး ( NSPAW) အတွက် နိုင်ငံတော်မဟာဗျူဟာစီမံကိန်း နှင့် ပက်သက်၍ ရှေ့ဆက်ပါသည်။  ပါဝင်သူများကို NSPAW နှင့်ပက်သက်၍ သိရှိမှုကို မေးမြန်းရာတွင် ၎င်းတို့ သတိမထားမိကြောင်း တုံ့ပြန်ပါသည်။ ထို့ကြောင့် ကျွန်ုပ် မှ နောက်ခံသတင်းအချက်အလက်၊ NSPAW ဗျူဟာလေးချက် နှင့် ၎င်းတို့ကို CEDAW အကောင်အထည်ဖော်ဆောင်ရေး နှင့် မြန်မာနိုင်ငံ၏သန္နိဌာန်ရှိမှု အကြားမည်သို့ချိတ်ဆက်နေသည်ကို စတင်ပါသည်။ NSPAW အကောင်အထည်ဖော်ရေးအတွက် အဖွဲ့လိုက်ဆွေးနွေးချက်များကို ဆောင်ရွက်ခဲ့ပါသည်။

အဖွဲ့လေးဖွဲ့ခွဲခြား၍ တစ်ဖွဲ့စီကို NSPAW ၏ အဓိကဦးစားပေးနယ်ပယ်၁၂ ချက်ဖြစ်သည့် အမျိုးသမီး နှင့် အသက်မွေးဝမ်းကြောင်းကဏ္ဍ၊ အမျိုးသမီး နှင့် ပညာရေး၊ သင်ကြားရေး၊ အမျိုးသမီး နှင့် ကျန်းမာရေး၊ အမျိုးသမီး နှင့် စီးပွားရေး၊ အမျိုးသမီးများအားအကြမ်းဖက်မှု ၊ အမျိုးသမီး နှင့် အရေးပေါ်ကိစ္စရပ်များ၊ အမျိုးသမီး နှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အမျိုးသမီးများရှေ့တန်းတင်ရောက်ရှိရေးအတွက် အဖွဲ့အစည်းယန္တရားများ၊ အမျိုးသမီး နှင့် လူ့အခွင့်အရေး၊ အမျိုးသမီး နှင့် မီဒီယာ၊ အမျိုးသမီး နှင့် သဘာဝပတ်ဝန်းကျင် နှင့် အမျိုးသမီးငယ်များ အရေး တို့ အနက် တစ်ခုကို သတ်မှတ်ဆွေးနွေးစေပါသည်။ အဖွဲ့များသည် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များ၊ အနာဂတ်စီမံကိန်းများ နှင့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပါသည်။  တင်ဆက်ပြောကြားမှုများမှ တဆင့် သိရှိရသည်မှာ ပါဝင်သူအများစုသည် NSPAW နှင့် ပက်သက်၍ သတိမမူခဲ့ကြသော်လည်း ၎င်းတို့၏ ဌာနများသည် NSPAW ၏ ဦးစားပေးနယ်ပယ်၁၂ ခု နှင့်အညီ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။

ပါဝင်သူများသည် UNDP၏ ကျား/မရေးရာသင်တန်းပို့ချမှု နှင့် အခမ်းအနားများအပေါ်ကျေးဇူးတင်လျက်ရှိပြီး ၎င်းတို့၏ သက်ဆိုင်ရာ ဌာနများ၊ ဝန်ကြီးဌာနများ တွင် ကျား/မ တန်းတူညီမျှရေး နှင့် အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ပျိုးထောင်မှု နှင့် သက်ဆိုင်သည့် ဆောင်ရွက်ချက်များ နှင့် အနာဂတ်စီမံကိန်းများအတွက် UNDP နှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်လျက်ရှိပါသည်။

စာရေးသူအကြောင်း

ခက်ခက်ရှိန်  သည် UNDP မြန်မာ ၊ ဌာနေရုံး ၏ ကျား/မရေးရာ သုတေသီ ဖြစ်ပါသည်။ သူမ သည် UNDP မှာ ဆောင်ရွက်သည့် အစီအစဉ်များ နှင့် စီမံကိန်းများတွင် ကျား/မရေးရာ ကိစ္စများနှင့် စပ်လျဉ်း၍ နည်းပညာအကြံပေးမှုများဆောင်ရွက်ပါသည်။  ကျား/မရေးရာ တန်းတူညီမျှရေး နှင့် အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ပျိုးထောင်မှု ကို ပံ့ပိုးကူညီရန် အစိုးရဝန်ကြီးဌာနများနှင့် ချဉ်းကပ်လုပ်ဆောင်လျက် ရှိပါသည်။ ဤရာထူးတွင် မလုပ်ကိုင်မီ ခက်ခက် သည် မြန်မာနိုင်ငံကျေးလက်နေအမျိုးသမီးများအတွက် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ကျေးလက်နေအမျိုးသမီး ၂၀,၀၀၀ ဖြင့် ချိတ်ဆက်ထားသည့် မေတို့ကမ္ဘာ နိုင်ငံလုံးဆိုင်ရာကွန်ယက် ၏  နိုင်ငံအဆင့်ညှိနှိုင်းဆောင်ရွက်သူ တစ်ဦး အဖြစ် လုပ်ဆောင်ခဲ့ပါသည်။  သူမသည် လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအောက်ရှိ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူး အဖြစ် ၉ နှစ်ကျော် လုပ်ငန်းအတွေ့အကြုံရှိပါသည်။ Asian Institute of Technology မှ ကျား/မ ရေးရာ နှင့် ဖွံ့ဖြိုးရေးလေ့လာမှုဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိထားပါသည်။