ပလတ်စတစ်ညစ်ညမ်းမှု သည် ကျွန်ုပ် တို့အားလုံးအတွက် ပြဿနာတစ်ရပ်ဖြစ်သည်

2018- June 5

မကြာသေးခင်ကာလတွင် ကျွန်ုပ် သည် ကချင်ပြည်နယ်မြောက်ပိုင်းသို့ တောင်တက်ခရီးသွားစဉ် အချို့လမ်းခုလတ်နေရာများတွင် ရပ်တန့်၍ ပလတ်စတစ်အမှိုက်အစများကို ကောက်ယူလိုက်ပါသည်။ ၎င်းသည်သကြားလုံး အိပ်ခွံ တစ်ခုဖြစ်ပါသည်။ ဒေသထိန်းသိမ်းရေးNGO တစ်ခုတွင် အလုပ်လုပ်နေသည့် လူငယ်များဖြစ်သည့် ကျွန်ုပ်၏ လမ်းပြများက ကျွန်ုပ် ကို စိတ်ဝင်တစားကြည့်နေပါသည်။ အစပိုင်းတွင် ကျွန်ုပ် သည် အမှိုက်ကို ပြဿနာတစ်ရပ်ဟု ယူဆကာ ကောက်ယူလိုက်ခြင်းကို ၎င်းတို့ နားမလည်ခြင်းကြောင့် ဟု ထင်လိုက်ပါသည်။ သို့သော် ကျွန်ုပ် အလျင်အမြန်သိရှိလိုက်ရသည်မှာ- သူတို့အနေဖြင့် ဤလမ်း တစ်လျှောက်သည် စွန့်ပစ်ပစ္စည်းများနှင့် ပြည့်၍ ညစ်ညမ်းနေသည်ကို သိရှိပြီးဖြစ်ပါသည်။ ဒီနှုန်းအတိုင်း ကျွန်ုပ် ပလတ်စတစ်များ လိုက်လံကောက်ယူနေပါက ကျွန်ုပ် တို့၏ ခရီးစဉ်ကို နာရီများစွာ ကြန့်ကြာစေပါမည်။

ကျွန်ုပ် ၏ စီမံကိန်းနယ်မြေများထဲမှ တစ်ခုသို့သွားသည့်ခရီးအစမှာပင် ပြဿနာအသိပေးချက်တစ်ခုဖြင့် စတင်ခဲ့ပါတော့သည်။ ၎င်းသည် နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုနောက်ကျသော နယ်ဝေးတစ်နေရာဖြစ်ပြီး  ရင်သပ်ရှုမောဖွယ်မြင်ကွင်းများ၊ ထင်ရှားလှပသော ဇီဝမျိုးကွဲဝန်းကျင် နှင့် ရှေးဟောင်းအမွေအနှစ်များ ကြွယ်ဝသော ဒေသတစ်ခုအတွင်းတည်ရှိသော်လည်း ဤနေရာတွင် ပလတ်စတစ် သည် ပြဿနာတစ်ရပ် ဖြစ်နေဆဲ ဖြစ်သည်။

ယနေ့ မြန်မာတွင် ဤကိစ္စသည် စိုးရိမ်ကိစ္စစစ်စစ်များထဲမှ တစ်ခု ဖြစ်ပါသည်။ ပလတ်စတစ် ညစ်ညမ်းမှုသည် သင်မြင်တွေ့ရာ နေရာတိုင်းတွင် အလွန်လျှင်မြန်စွာ ကြီးထွား လာနေပါသည်။ နိုင်ငံတကာ အကြပ်အတည်းတစ်ခုသည် မြန်မာနိုင်ငံတွင် သေချာပေါက် အကြီးအကျယ် ရောက်ရှိနေပြီး ဖြစ်ပါသည်။ ကျွန်ုပ် ဤနေရာသို့ ၂၀၀၅ ခုနှစ်တွင် ပထမဆုံး ရောက်ရှိခဲ့စဉ်က ထက် ပို၍ ပလတ်စတစ်စွန့်ပစ်မှုသည် မည်မျှပင် ပိုမို ထင်ထင်ရှားရှား ဖြစ်လာသည်ကို ပြန်တွေးကြည့်သည့်အခါ   ပြီးခဲ့သည့်ရာစုနှစ်တစ်ခုလုံး  ဆယ်စု နှစ်တစ်စုစာ ထက်ပင် ပို၍ ပလတ်စတစ်များကို ကျွန်ုပ်  တို့ ထုတ်လုပ်ခဲ့ကြသည့်အချက်ကို သတိရလိုက်မိပါသည်။ ပြဿနာ၏ နယ်ပယ် နှင့် ပမာဏ သည် ကျွန်ုပ် တို့ အနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှုနှင့် ပက်သက်၍ တစ်ဦးချင်းစီကဖြစ်စေ၊ကျွနု်ပ် တို့ လုပ်ငန်းများကဖြစ်စေ အားလုံး တာဝန်ယူမှု ရှိသင့်သည် ဆိုသည့် အတွေးအခေါ်တွန်းပို့နေပါသည်။

ကျွန်ုပ် ၏ သဘောအရ ဆိုလျှင် ပြန်လည်အသုံးပြုနိုင်သော ဈေးဝယ်အိတ်များအသုံးပြုရန် သတိထားမှတ်သားခြင်း ၊ သွားလေရာနေရာတိုင်းတွင် ဆွေးမြေ့လွယ်သည့် ရေပုလင်း သယ်ဆောင်ခြင်း နှင့် သောက်စရာများ မှာသည့်အခါ ပလတ်စတစ်ပိုက်များမတောင်းခြင်း တို့ကို ဆိုလိုပါသည်။ ကျွန်ုပ် ၏ လေးနှစ်သား ကလေး ဆိုလျှင် ဤကိစ္စတွင် အထူး သိတတ်ပြီး ၎င်း၏ ဝါးပိုက်တံကို အမြဲ ဂုဏ်ယူစွာ ဝံ့ကြွားတတ်ပါသည်။ ပို၍ ပင် စိတ်လှုပ်ရှားစေသည့်အချက်မှာ ရန်ကုန်တွင်     ပြီးခဲ့သည့်အပတ်တွင် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး လှုပ်ရှားမှုနေ့ ၏ တစိတ်တဒေသအဖြစ် ရပ်ရွာသန့်ရှင်းရေးအခမ်းအနားများ ပြုလုပ်သည့်  လှုပ်ရှားပါဝင်မှု အရှိန်အဟုန် ရှိနေခြင်းဖြစ်ပါသည်။  .

တစ်ကိုယ်တော်ဆောင်ရွက်မှုများအပြင် ကျွန်ုပ် တို့သည် အခွင့်အရေးတိုင်းတွင် စီမံကိန်း ဆောင်ရွက်မှုများ၏ အကျိုးသက်ရောက်မှုကိုအသေးစိတ် ချုံ့၍ လည်း ဆောင်ရွက်နိုင်ပါသည်။ အခန်းအနားပွဲတိုင်းတွင် ရေခရားများ ဖန်ခွက်များ ဂရုတစိုက် တောင်းဆိုခြင်းမှ စ၍ စွန့်ပစ်မှု စီမံခန့်ခွဲမှု တိုးတက်လာစေရန် တက်ကြွစွာ မြှင့်တင်ပေးခြင်း ၊ မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ကို ပံ့ပိုးရန် ချဉ်းကပ်နည်းအသစ်များသတ်မှတ် ရှာဖွေခြင်း အထိ  ကျွန်ုပ် တို့၏ လုပ်ငန်းများမှ တဆင့် ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေး အတွက် ကူညီဆောင်ရွက်စရာ နည်းလမ်းပေါင်းများစွာ ရှိပါသည်။

ထို့ကြောင့် ကချင်ပြည်နယ်မြောက်ပိုင်းတွင် ကျွန်ုပ် တို့ တောင်တက်ခရီးစဉ် ကျန်သည့်ကာလ တစ်လျှောက်လုံးတွင် တတ်နိုင်သမျှ အမှိုက်များကောက်ယူခဲ့ပါသည်(ကျွန်ုပ် တို့ ကိုယ်ပိုင်စွန့်ပစ်မှုများ အပါအဝင်)။ သို့သော် ကျွန်ုပ် တို့သည် ကျွန်ုပ် တို့၏ ကျန်းမာရေး နှင့် ဂေဟစနစ် အပေါ် ပလတ်စတစ်၏ အကျိုးသက်ရောက်မှု ကို သတိပြုမိလာစေ၇န် ဇီဝမျိုးကွဲစနစ် ထိန်းသိမ်းရေးများတွင် အနာဂတ်ဒေသတွင်းသင်တန်းပေးမှုများ အပါအဝင်  ပြဿနာအား ဖော်ထုတ် ဖြေရှင်းရာတွင် အကူအညီရရန် ဤအရေးကြီးသည့်စီမံကိန်းမည်သည့်နည်းအားဖြင့် ထပ်မံကူညီပေးနိုင်မည်နည်းကို စတင် ရှာဖွေခဲ့ကြပါည်။  ကျွန်ုပ် သည်  စီမံကိန်း၏ ပလတ်စတစ် အသုံးပြုချန်ရစ်ထာားမှု လျှော့ချရေးတွင် နောက်ထပ်တစ်ဆင့် ထပ်မံ၍ ရှာဖွေပါဦးမည်။  

#ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး  #ကမ္ဘာ့ပတ်ဝန်းကျင်နေ့ @UNDP @UNEP 

စာရေးသူအကြောင်း

မာတင်ကော်ဆီယာသည် ကြံ့ကြံ့ခံနိုင်ရည်ရှိမှု နှင့် ရေရှည်တည်တံ့မှု စီမံကိန်း၏ UNDP မြန်မာ စီမံအုပ်ချုပ်မှုအတွက် စီမံကိန်း မန်နေဂျာနှင့် နည်းပညာအကြံပေးအရာရှိချုပ် ဖြစ်ပါသည်။