ဆွီဒင် မှ မြန်မာနိုင်ငံ၏ အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲရေးစနစ်အား လှုံ့ဆော်၍ လမ်းကြောင်းခင်းပေးခဲ့ပုံ

2019- May 23


မိုးရာသီမစတင်ခင် ရက်သတ္တပတ် အနည်းငယ်သာလိုပါတော့သည်။  မြန်မာ အနှံ့ခရီးထွက်ရာတွင် ခြောက်သွေ့နေသည့်ရေဆင်းမြောင်းများထဲတွင် စွန့်ပစ်ထားသည့် အမှိုက်အမြောက်အမြားကို သင် တွေ့ရပါမည်။ အကယ်၍ ၎င်း အမှိုက်များကို သေချာ ဆောင်ရွက်မှု မပြုပါက မုတ်သုံကာလတွင် ၎င်းတို့အားလုံးသည် ရေဆိုးမြောင်းစနစ်များ ၊ မြစ်များနှင့် နောက်ဆုံး ပင်လယ်ထဲအထိ စီးမျောရောက်ရှိသွားကြမည် ဖြစ်သည်။ သို့သော် အမှိုက်များ အထူးသဖြင့် ပလတ်စတစ်အမှိုက်များသည် ရေဆင်းမြောင်းစနစ်ကို ပိတ်ဆို့ နှောင့်ယှက်ပါလိမ့်မည်။ လွန်ခဲ့သည့် နှစ်က အကြီးအကျယ်ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် မွန်ပြည်နယ်နှင့် ဤ အကြောင်းအရာသည် လုံးဝသက်ဆိုင်လျက် ရှိပါသည်။

UNDP သည် မွန်ပြည်နယ်အစိုးရကို အမှိုက်ကောက်ယူခြင်းမှသည် အမှိုက်ပုံသို့ ပို့ဆောင်ခြင်း အထိ အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲမှု တိုးတက်လာရန် ကူညီထောက်ပံ့ပေးပါသည်။ အကူအညီပေးမှုသည် အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲမှုတွင် ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆွီဒင် သို့  စွန့်ပစ်မှုနှင့်ပက်သက်၍ ကိုင်တွယ် ဖြေရှင်းရာတွင် မတူညီသော ဖြေရှင်းနည်းများနှင့် နည်းလမ်းများ ကို လေ့လာရန် အတွက် သွားရောက်သည့် လေ့လာရေးခရီးစဉ်တစ်ရပ် မှ အစပြုခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အခါ မွန်ပြည်နယ်မှ တာဝန်ရှိသူများသည် မော်လမြိုင် နှင့် ၎င်းအနီးပတ်ဝန်းကျင် မြို့နယ်လေးခု ၏ စွန့်ပစ်မှုအနေအထား ကို အခြေအနေလေ့လာသုံးသပ်ချက် တစ်ရပ် ပြင်ဆင်ခြင်းဖြင့် အလျှင်အမြန် စတင်ဆောင်ရွက်ခဲ့ပါသည်။ စွန့်ပစ်မှု ၏ ၃၅% သာလျှင် မှန်ကန်စွာ သိမ်းဆည်းကောက်ယူမှုရှိပြီး နောက်  ဒေသရှိ လဟာပြင် အမှိုက်ကန်များထဲမှ တစ်ခုသို့ စွန့်ပစ်လျက်ရှိကြောင်း သုံးသပ်ချက်တွင် ဖော်ပြပါသည်။ အခြား ၆၅% သည် တနည်းနည်းအားဖြင့် ရေဆင်းမြောင်းများ ၊ မွန်ပြည်နယ်ရှိ မြစ်များအနက် တစ်စင်း အတွင်း သို့မဟုတ် မနက်ခင်း လမ်းလျှောက် ထွက်ချိန်တွင် သင်မြင်တွေ့ ပြီး ရှူရှိုက်ရသည့် မီးခိုးများ အဖြစ် သို့ လမ်းဘေးတွင် မီးရှို့ပါသည်။ မွန်ပြည်နယ် အတွက် သာ ထူးကဲနေသည့် အနေအထား မဟုတ်ဘဲ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်  ကြုံကြိုက်နေရသည့် ပုံမှန် အခြေအနေတစ်ရပ် ဖြစ်၍ နေပါသည်။


သို့ရာတွင် ယခုနှစ်မှ စတင်၍ မွန်ပြည်နယ်သည် ပြည်နယ် အစိုးရ အရာရှိများ၏ လုပ်ငန်းဆောင်ရွက်ချက် အနေဖြင့်  UNDP ၏ နည်းပညာ ပံ့ပိုးကူညီမှု နှင့်အတူ အခြေအနေများ တိုးတက်ပြောင်းလဲစေရန် လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ အနာဂတ်အလားအလာမှာလည်း အောင်မြင် နိုင်မည့် အနေအထား ရှိပါသည်။  ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ ၊ စည်ပင်သာယာရေးဌာန ဝန်ကြီး၊ ဦးမြင့်ကျော်လင်း နှင့် ပြည်နယ်အတွင်းရေးမှူး ဦးလှဝင်းတင် တို့ ၏ နိုင်နိုင်နင်းနင်းဦးဆောင်မှု နှင့် သန္နိဌာန် ချမှတ် လုပ်ဆောင်မှုများသည်  မူဝါဒရေးရာတွင် လက်တွေ့တကျ ရှိပြီး အောင်မြင်မှု ရရှိရန် ထည့်သွင်းစဉ်းစားထားသည့် အချက်တစ်ချက်ဖြစ်ပါသည်။  အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲမှု နှင့် အမှိုက်ကောက်ယူသိမ်းဆည်းခြင်း အတွက်  နိုင်ငံသားများ နှင့် သို့မဟုတ်  သက်ဆိုင်ရာဌာနများ ပါဝင်နိုင်ပြီး ၎င်း တို့အတွက်  ရှင်းလင်းစွာ တာဝန်ဝတ္တရားများ ဖော်ပြသတ်မှတ်ထားသည့် ထိရောက်မှုရှိသော အုပ်ချုပ်စီမံမှု ဖွဲ့စည်းပုံတစ်ရပ် လိုအပ်ပါသည်။ ဆွီဒင်နိုင်ငံသို့ လေ့လာရေး ခရီးစဉ် သွားရောက်မှု မှ တဆင့်  မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင်  အမှိုက်စွန့်ပစ်မှု အပြည့်အ၀ ဦးစားပေးသည့် စီမံချက် အစီအစဉ် ရှိသော ပထမဆုံး ပြည်နယ်အစိုးရအဖြစ် ၂၀၁၉ နှစ်လည် တွင်  ခိုင်မာသည့် သန္နိဌာန် နှင့်အတူ လမ်းကြောင်းခင်း ပေါ်ပေါက်လာပုံ မှာ အင်မတန် ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါသည်။

ရည်မှန်းချက်ပန်းတိုင် ချမှတ်ခြင်းကို ဆောင်ရွက်ပြီးစီးဖြစ်ပါသည်။ ၎င်းတို့မှာ- မြို့နယ်များ၏ အမှိုက်ပုံများ ပိတ်သိမ်းခြင်း၊ ကျန်းမာသန့်ရှင်းရေး နှင့် ကိုက်ညီသည့် အမှိုက်ပုံနေရာ ပိုမိုကျယ်ဝန်းစွာ ဖွင့်လှစ်ခြင်း၊ အမှိုက်များ ခွဲခြားစွန့်ပစ်ခြင်း နှင့် မျိုးတူ အမှိုက်စုပုံထားရှိခြင်း တို့အား မိတ်ဆက်ပေးခြင်း၊ အထက်ဖော်ပြချက်များ အပါအဝင် - ၅ နှစ်အတွင်း မြို့သန့်ရှင်းရေး နှင့် စွန့်ပစ်ပစ္စည်းသိမ်းဆည်းကောက်ယူခြင်းတွင် ၁၀၀ ရာခိုင်နှုန်းပြည့် လွှမ်းခြုံထိန်းသိမ်းနိုင်ရေး တို့ ဖြစ်ပါသည်။

ယခုမှစ၍ နှစ်အနည်းငယ်အတွင်း မိုးရာသီ တစ်ချိန်ချိန်တွင် တန်နှင့် ချီသော အမှိုက်များ မပါဝင်ဘဲ မြန်မာ့ပင်လယ်နှင့် မြစ်များထဲသို့ ရေများ စီးဆင်းနိုင်ပါတော့မည်။

မြို့နယ်အဆင့် ဒီမိုကရေစီနည်းကျ ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းစဉ် စီမံချက်
ဤစီမံကိန်းသည် ပြည်သူလူထုအား နှစ်စဉ် မြို့နယ်အဆင့် အစီအစဉ်ရေးဆွဲခြင်းနှင့် ဘတ်ဂျတ်ချထားမှုတို့ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်နှင့်ကျေးရွာစု အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များမှတစ်ဆင့် အရေးဆိုနိုင်စေရန် ဒီမိုကရေစီဆန်သော ဒေသန္တရအုပ်ချုပ်ရေးကို တက်ကြွစွာ ထောက်ပံ့ပေးလျက်ရှိသည်။ စီမံကိန်းသည် မြန်မာနိုင်ငံအစိုးရ၏ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး လုပ်ငန်းစဉ်ကို တိုးတက်စေရန် အစိုးရအား ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး မူဝါဒအညွှန်းဘောင်တစ်ခု ရေးဆွဲရေးတွင် ထည့်ဝင်ပံ့ပိုးပေးသည်။