COVID-19 pandemic

ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါ

ကိုရိုနာဗိုင်းရပ်စ်ကို အနိုင်ယူဖို့ လူသားမျိုးနွယ်စုအတွက် ခေါင်းဆောင်မှုနှင့်
သွေးစည်းညီညွတ်မှု လိုအပ်ပါသည်

ကိုရိုနာဗိုင်းရပ်စ်ခေါ် ကမ္ဘာ့ကပ်ရောဂါသည် ယခင်က ကျွန်ုပ်တို့ မကြုံတွေ့ခဲ့ကြဖူးသည့် တစ်ကမ္ဘာလုံးကို ရိုက်ခတ်သက်ရောက်သော ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ရပ်ဖြစ်ပါသည်။ ယမန်နှစ် နှစ်ကုန်ပိုင်းက စတင်တွေ့ရှိခဲ့သော ထိုဗိုင်းရပ်စ်သည် အန္တာတိကတိုက်မှလွဲ၍ ကမ္ဘာ့တိုက် ကြီးများအားလုံးသို့ ပျံ့နှံ့ကူးစက်ခဲ့ပြီဖြစ်ပါသည်။ အာဖရိကနှင့် တောင်အမေရိကတို့တွင် ကူးစက်ခံရ သူအရေအတွက်သည် နေ့စဉ်မြင့်တက်နေပြီး ဥရောပသည် ရောဂါဖြစ်ပွားမှု အများဆုံးနေရာ ဖြစ်လာကာ ယခုအခါ ရောဂါကူးစက်ခံရသူ အရေအတွက် နေ့စဉ်တိုးပွားလျှက်ရှိနေရာ တရုတ်နိုင်ငံတွင် ရောဂါ ကူးစက်ပြန့်ပွားမှု အမြင့်မားဆုံး ဖြစ်ခဲ့သည့် အချိန်ကထက်ပင် ပိုမို များပြားနေပါသည်။

ကမ္ဘာ့နိုင်ငံများသည် လူနာများကို ရောဂါပိုးရှိမရှိ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသပေးခြင်း၊ လူနာများနှင့် ထိတွေ့ခဲ့သူများကို ခြေရာခံလိုက်ခြင်း၊ ခရီးသွားလာမှုများကို ကန့်သတ်ခြင်း၊ နိုင်ငံသားများကို အသွားအလာကန့်သတ်၍ စောင့်ကြည့်ခြင်း၊ အားကစားပွဲများ၊ ပွဲလမ်း သဘင်များနှင့် စာသင်ကျောင်းများ ကဲ့သို့သော လူအများအပြား စုဝေးမှုများကို ဖျက်သိမ်းခြင်း နည်းလမ်းများဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို နှေးကွေးသွားအောင် အပြင်းအထန် ကြိုးပမ်းအားထုတ် နေကြပါသည်။

ဤကမ္ဘာ့ကပ်ရောဂါကြီးသည် လှိုင်းလုံးကြီးသဖွယ် ရွေ့လျားနေပြီး ရင်ဆိုင်ကျော်လွှားနိုင်စွမ်း အနည်းဆုံးသောသူများကို အရှိန်ပြင်းစွာ ရိုက်ခတ်နိုင်သည့် အန္တရာယ်ရှိနေပါသည်။

ကိုဗစ်-၁၉သည် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ရပ်ထက်မက များစွာပိုမိုကြီးမားသော အန္တရာယ်ကြီး ဖြစ်ပါသည်။ ကူးစက်ခံရသည့် နိုင်ငံတိုင်းအတွက် ဆိုးရွားပြင်းထန်သည့် လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကို ဆိုက်ရောက်စေကာ နက်ရှိုင်းသည့် ဒဏ်ရာဒဏ်ချက်များ စွဲထင်ကျန်ရစ်အောင် ပြုလုပ်နိုင်သည့် အလားအလာ ရှိနေပါသည်။

ကျွန်ုပ်တို့သည် မကြုံဖူးသည့် အခြေအနေတစ်ရပ်ကို ကြုံတွေ့နေကြရပါသည်။ ယခုအခါ စိုးရိမ်ထိတ် လန့်နေကြသူ အများအပြား အနေဖြင့် ဤအခြေအနေမျိုး ကြုံတွေ့ရမည်ဆိုသည်ကို လွန်ခဲ့သော သီတင်းပတ်တွင် သိရှိခဲ့ကြမည် မဟုတ်ပါ။ လူများသည် မိမိသဘောဖြင့်ဖြစ်စေ၊ အစိုးရ၏ အမိန့်ကြောင့်ဖြစ်စေ အိမ်ထဲတွင်ပင်နေ နေကြရသည်ဖြစ်ရာ ကမ္ဘာ့အကြီးဆုံး မြို့ကြီးများစွာမှာ လူသူကင်းမဲ့ လျက်ရှိပါသည်။ ကမ္ဘာအဝှမ်းတွင် ဈေးဆိုင်များ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များနှင့် အဖျော်ယမကာဆိုင်များကို ပိတ်ထားကြရပါသည်။

နေ့စဉ်နှင့်အမျှ အလုပ်အကိုင်နှင့် ဝင်ငွေဆုံးရှုံးသွားသော သူများရှိနေပြီး မည်သည့်အခါမှ ပုံမှန် အခြေအနေသို့ ပြန်ရောက်မည် ဆိုသည်ကို မသိရှိနိုင်ကြပါ။ ခရီးသွားလုပ်ငန်းအပေါ် အဓိကမှီခို အားထားကြရသော ကျွန်းနိုင်ငံငယ်လေးများတွင် ဟိုတယ်ခန်းများ လွတ်နေပြီး ကမ်းခြေများပေါ်တွင် လူသူမရှိဘဲ ခြောက်ကပ်လျက်ပါသည်။ ကိုဗစ်-၁၉ ကြောင့် အလုပ်အကိုင်ပေါင်း ၂၅ သန်းမျှ ဆုံးရှုံးနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီးက ခန့်မှန်းပါသည်။
 

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ တုံ့ပြန်ဆောင်ရွက်မှု

နိုင်ငံတိုင်းသည် ကြိုတင်ပြင်ဆင်ရန်၊ တုံ့ပြန်ဆောင်ရွက်ရန်နှင့် ပြန်လည်ထူထောင်ရန် မဆိုင်းမတွ အရေးယူဆောင်ရွက်ကြဖို့ လိုပါသည်။ ကုလသမဂ္ဂစနစ်ကြီးသည် ထိခိုက်လွယ်မှု အရှိဆုံးသူများကို အဓိကဦးတည်လျက် အဆင့်တိုင်းတွင် နိုင်ငံများကို ပံ့ပိုးကူညီပေးသွားမည် ဖြစ်သည်။

အီဘိုလာ၊ HIV၊ SARS၊ TB နှင့် ငှက်ဖျားကဲ့သို့  ရောဂါကူးစက်ပြန့်ပွားမှုများမှ အတွေ့အကြုံများ ပေါ်တွင်လည်းကောင်း၊  ပုဂ္ဂလိကကဏ္ဍ၊ အစိုးရ/အများပြည်သူဆိုင်ရာကဏ္ဍများနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်လာခဲ့သည့် ရှည်လျားသော သမိုင်းကြောင်း အစဉ်အလာပေါ်တွင် အခြေပြု၍ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သည် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ တန်းတူညီမျှ မရှိမှုများ လျှော့ချရေးနှင့် အကျပ်အတည်းများနှင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှား နိုင်စွမ်း တည်ဆောက်ပေးရေး ဟူသည့် လုပ်ငန်း တာဝန်များနှင့်အညီ ကိုဗစ်-၁၉ ကပ်ရောဂါကို အမြန်ဆုံး ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ကမ္ဘာ့နိုင်ငံများကို ကူညီပေးသွားမည် ဖြစ်သည်။ 

“ကျွန်ုပ်တို့သည် လက်ငင်းဦးစားပေးရမည့် ကိစ္စရပ်သုံးခုအတွက် ကုလသမဂ္ဂမိသားစုနှင့် လည်းကောင်း၊ အခြားမိတ်ဖက်များနှင့် လည်းကောင်း ပူးပေါင်းလက်တွဲ၍ အပြင်းအထန် ကြိုးပမ်း ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မရှိမဖြစ်လိုအပ်သော အခြေခံ ကျန်းမာရေး ပစ္စည်းများဝယ်ယူခြင်းနှင့် ဖြည့်ဆည်းပေးခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို ပံ့ပိုးကူညီရန်၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ခေါင်းဆောင်မှုအောက်တွင် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုနှင့် တုံ့ပြန်ဆောင်ရွက်မှုတို့ အားကောင်းအောင် လုပ်ဆောင်ရန်နှင့် အရေးကြီးသည့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် တို့ဖြစ်ပါသည်။ ” - UNDP အုပ်ချုပ်ရေးမှူး အာချင်စတိန်နာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ အတွက် အချိန်နှင့်တပြေးညီ မှတ်တမ်းတင်မှု စနစ် (MoHS tracker )


ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားပုံ
 

မိမိကိုယ်တိုင်နှင့်အခြားသူများအား ကိုဗစ်-၁၉ မကူးစက်အောင် ကာကွယ်ခြင်း

ကိုဗစ်-၁၉ ကင်းဝေးစေဖို့ရာ စနစ်တကျလက်ဆေးပေးကြပါ
 

နှာခေါင်းစည်းကိုဝတ်ဆင်အသုံးပြုနည်း

မဖျားနာအောင်နေထိုင်နည်း
 

မိမိကိုယ်ကို ကိုဗစ်-၁၉ မှ ကာကွယ်သည့်လုပ်ဆောင်ချက်များ

သတင်းမီဒီယာများတွင်ဖော်ပြချက်များ

ဆက်စပ်ဖတ်ရှုရန်