၅၉,၀၀၀ သော
ပြည်သူများသည်
စာသင်ကျောင်းများ၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများ ၊ ပိုမိုကောင်းမွန်သောလမ်းများ တည်ဆောက်ခြင်းနှင့် ပြန်လည်မွမ်းမံခြင်းတို့တွင် ဒေသအဆင့် အားလုံးပါဝင်သော အစီအစဉ်များမှတစ်ဆင့် အကျိုးကျေးဇူးများ ရရှိခဲ့သည်။
အထူးပြု နယ်ပယ်
အစိုးရအဖွဲ့အစည်းများ ခိုင်မာအားကောင်းစေရေး၊ အစိုးရဝန်ဆောင်မှုများ ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုစည်းလုံးညီညွတ်မှု စဉ်ဆက်မပြတ် ဖြစ်ပေါ်ရေး၊ တာဝန်ခံမှုနှင့် တရားဥပဒေ စိုးမိုးမှုရှိရေးတို့တွင် မြန်မာနိုင်ငံအစိုးရကို အထောက်အပံ့ပေးရန်
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအပြင် ပဋိပက္ခဖြစ်နေသော အခြေအနေမှ မှ ငြိမ်းချမ်းရေး၊ စစ်အစိုးရအုပ်ချုပ်ရေးနှင့် တစ်ဦးတည်းအာဏာရှင်စနစ်တို့မှ ဒီမိုကရက်တစ်အစိုးရစနစ်၊ အတော်အတန် တံခါးပိတ်ထားခဲ့သော စီးပွားရေးမှ တံခါးဖွင့်စီပွားရေးသို့ ကူးပြောင်းမှု အမြောက်အများတွင် သမိုင်းဝင်အဆင့်၌ ရောက်ရှိနေသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့၏ မူများအပေါ် အခြေခံ၍ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးတည်ဆောက်ရာနှင့် ပြည်ထောင်စုနိုင်ငံတော် ပေါ်ထွန်းလာစေရာတွင် နိုင်ငံရေး နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုနှင့် ပြုပြင်ပြောင်းလဲမှုတို့ကို ဆက်လက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်တစ်ခု ရှိရန်လိုအပ်ပါသည်။
အလားတူပင် ငြိမ်းချမ်းရေးဖြစ်စဉ်သည် အမျိုးသားအဆင့် အပြန်အလှန်ဆွေးနွေးမှု၌ ပါဝင် ပတ်သက်နေသူ ဘက်ပေါင်းစုံက လက်ခံနိုင်မည့် အားလုံးအကျုံးဝင်ပြီး ပြင်လွယ်ပြောင်းလွယ် ဖြစ်သော ချဉ်းကပ်နည်းတစ်ရပ်ကို ဖြစ်ပေါ်စေရန် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်။ ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား လိုက်နာမှုကို စောင့်ကြည့် အကဲဖြတ်ရန် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီက ၎င်း၏ ဖွဲ့စည်းပုံနှင့် စွမ်းဆောင်ရည်ကို ဖွံ့ဖြိုးအားကောင်းစေရန် တည်ဆောက်လျက်ရှိသည်။
ယူအန်ဒီပီသည် ကျယ်ပြောလှသော ကဏ္ဍပေါင်းစုံမှ ပါဝင်သူများအား အရပ်ဘက် လူ့အဖွဲ့အစည်း၊ လူငယ်နှင့် အမျိုးသမီးရေးရာ ကိစ္စရပ်များအပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်တို့တွင် ပါဝင်အားဖြည့် ဆောင်ရွက် ကူညီနိုင်ရန်အတွက် အထောက်အပံ့ပေးလျက်ရှိသည်။
ယူအန်ဒီပီမှ အုပ်ချုပ်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတို့ ပိုမိုအားကောင်းစေရန် လုပ်ငန်းနယ်ပယ် လေးခုကို လွှမ်းခြုံဆောင်ရွက်လျက်ရှိသည်။
ယူအန်ဒီပီသည် ပဋိပက္ခဖြစ်နိုင်ခြေ သိနားလည်မှု ရရှိရန်အတွက် ပဋိပက္ခဒဏ် ခံစားခဲ့ရသော လူ့အသိုင်းအဝိုင်းအားလုံးနှင့် ယှဉ်တွဲလုပ်ကိုင်လျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပါဝင်ထမ်းဆောင်သူများနှင့်လည်း ညှိနှိုင်းဆောင်ရွက လျက်ရှိသည်။ ယူအန်ဒီပီသည် အခြေအနေ မဆိုးရွားမီ စောစီးစွာ ကိုင်တွယ်ဖြေရှင်းသော လုပ်ဆောင်မှုများနှင့် ကာလရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရွေးချယ်စရာ နည်းလမ်းများအား ကူးလူးချိတ်ဆက်ပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည့်အတွက် အရေးပေါ်အသုံးချလုပ်ငန်းစဉ်များမှ ရေရှည် ဒဏ်ခံနိုင်စွမ်းရှိသော အခြေအနေသို့ ပြန်လည်ထူထောင်နိုင်ရေးသို့ ကူးပြောင်းရာတွင် လုပ်ငန်းစဉ် တစ်ခုနှင့်တစ်ခု အဆက်အစပ်မိသော နည်းလမ်းတစ်ခု အား ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုနည်းကို ရခိုင်ပြည်နယ်ရှိ နယ်မြေအခြေခံ စီမံကိန်းများတွင် အသုံးချဆောင်ရွက်သည်။