အထူးပြု နယ်ပယ်

အုပ်ချုပ်ရေး နှင့်
ရေရှည်တည်တံ့သောငြိမ်းချမ်းရေး

အသေးစိတ်

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအပြင် ပဋိပက္ခမှ ငြိမ်းချမ်းရေးသို့၊ စစ်အစိုးရနှင့် တစ်ဦးတည်းအာဏာရှင် အုပ်ချုပ်ရေးစနစ်တို့မှ ဒီမိုကရက်တစ်အစိုးရစနစ်သို့၊ အတော်အတန် တံခါးပိတ်ထားခဲ့သော စီးပွားရေးမှ တံခါးဖွင့်စီပွားရေးသို့ ကူးပြောင်းမှုများတွင် သမိုင်းဝင်အဆင့်ကို ရောက်ရှိနေသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့၏ မူများအပေါ် အခြေခံ၍ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးတည်ဆောက်ရာ နှင့် ပြည်ထောင်စုနိုင်ငံတော် ပေါ်ထွန်းလာစေရာတို့တွင် နိုင်ငံရေး နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုနှင့် ပြုပြင်ပြောင်းလဲမှုတို့ကို ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်တစ်ခု ရှိရန်လိုအပ်ပါသည်။ အလားတူပင် ငြိမ်းချမ်းရေးဖြစ်စဉ်သည် အမျိုးသားအဆင့် အပြန်အလှန်ဆွေးနွေးမှု၌ ပါဝင်ပတ်သက်နေသူ ဘက်ပေါင်းစုံက လက်ခံနိုင်မည့် အားလုံးအကျုံးဝင်သော ပြင်လွယ်ပြောင်းလွယ် ချဉ်းကပ်နည်း တစ်ရပ်ကို သေချာစေရာတွင် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီသည် ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်အား လိုက်နာမှုကို စောင့်ကြည့်ရန် ၎င်း၏ ဖွဲ့စည်းပုံနှင့်စွမ်းဆောင်ရည်တို့ကို တည်ဆောက်လျက်ရှိသည်။ သို့ဖြစ်ရာ အရပ်ဘက် လူ့အဖွဲ့အစည်း၊ လူငယ်နှင့်အမျိုးသမီးရေးရာ ကိစ္စရပ်များအပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကျယ်ပြောလှသော ဆက်စပ်ပါဝင်သူများ ပါဝင်ဖြည့်ဆည်း၊ ကူညီထောက်ပံ့ပေးကြစေရန် တိုက်တွန်းအားပေးဖို့ အရေးကြီးသည်။

ယူအန်ဒီပီသည် အုပ်ချုပ်ရေးနှင့် စဉ်ဆက်မပြတ်ငြိမ်းချမ်းရေးတို့ကို အဆင့်မြှင့်တင်ရန် အလုပ်နယ်ပယ် လေးခုဖြင့် ဖြန့်ကျက်လုပ်ဆောင်သည်-

(၁) နိုင်ငံအုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အဖွဲ့အစည်းများ၏ ထိရောက်မှု ခိုင်မာအားကောင်းစေရေး

မြန်မာနိုင်ငံနေ ပြည်သူတို့၏ မတူကွဲပြားမှုအားလုံးနှင့် ကြီးထွားလာနေသော တန်းတူညီမျှ မဖြစ်မှုများတွင် လိုအပ်ချက်နှင့် လိုအင်ဆန္ဒများကို နားလည်သဘောပေါက်သောအားဖြင့် ယူအန်ဒီပီသည် အများဆိုင်အဖွဲ့အစည်းများအား မူဝါဒ ချမှတ်ရေးဆွဲရေး၊ အကောင်အထည်ဖော်ရေး၊ စိစစ်အကဲဖြတ်ရေး အထောက်အပံ့ပေးသည့်အပြင် ပြည်သူပိုင် အရင်းအမြစ်များကိုလည်း ထိုလိုအင်ဆန္ဒများအပေါ် ထိရောက်စွာ အချိန်ကိုက် တန်းတူညီမျှ တုံ့ပြန်ဆောင်ရွက်ပေးနိုင်မည့်နည်းဖြင့် လိုအပ်သလို စီမံခန့်ခွဲပေးသည်။ ယင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရ၏ ဒီမိုကရေစီစနစ်သို့ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့မှ အားလုံးခံစားရမည့် အကျိုးရလဒ်များ ပိုမိုပေးစွမ်းရာတွင် အစိုးရကို ထောက်ပံ့ကူညီရန် ရည်ရွယ်သည်။ သို့ဖြစ်ရာ နိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးနှင့် ကြွယ်ဝတိုးတက် ရေးအတွက် လိုအပ်သောအခြေအနေဖြစ်သည့် နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအကြား လူမှု ပဋိဉာဉ်ခိုင်မာစေရေးတွင် ပါဝင်ကူညီရာရောက်သည်။

ဤအလုပ်နယ်ပယ်နှင့် ပို၍ကျယ်ပြောလှသောယူအန်ဒီပီ ၂၀၁၈-၂၀၂၂ နိုင်ငံလုံးဆိုင်ရာ အစီအစဉ်တို့တွင် အထူးအလေးပေးအကြောင်းအရာမှာ အောက်ပါအချက်များကို အသေးစိတ် ထောက်ပံ့ပေးရန်ဖြစ်သည် -

  • အစိုးရ၏ အဓိကကျသောလုပ်ဆောင်ချက်များသည် မူဝါဒများအား ပြည်သူတို့၏ အသက်အိုးအိမ်အတွက် တိကျခိုင်မာသောရလဒ်များ ပေးစွမ်းနိုင်စေရာတွင် အစိုးရယန္တရား၌ မပါမဖြစ်ပါဝင်ရမည့် မရှိမဖြစ်လိုအပ်သာအရာများ ဖြစ်သည်။ ဥပမာဆိုသော် မူဝါဒ ချမှတ်ရေးဆွဲ၊ အကောင်အထည်ဖော်၊ စိစစ်အကဲဖြတ်ရာတွင် အုပ်ချုပ်ရေး ညှိနှိုင်းဆောင်ရွက်မှုများကို ခိုင်မာအားကောင်းစေခြင်း၊ အစီအစဉ် ရေးဆွဲရေးနှင့် ဘတ်ဂျတ်ခွဲဝေရေး လုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေခြင်း နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်တို့တွင် ဒေသန္တရအစိုးရများကို အားဖြည့်ကူညီခြင်းတို့ ဖြစ်သည်။ ထို့အတွက် အချက်အလက်များ စုစည်းရန်နှင့်ဖြန့်ချိရန် ခိုင်မာပြီး ယုံကြည်စိတ်ချရသော အထောက်အထားနှင့် ပိုမိုကောင်းမွန်သော စနစ်များ လိုအပ်သည်။
  • လွှတ်တော်လုပ်ငန်းစဉ်များတွင် လွှတ်တော်များသည် တိုင်းပြည်၏ ပြည်သူ့‌ရေးရာကဏ္ဍ စီမံခန့်ခွဲရေးစနစ်တစ်ခုကို ဖွဲ့စည်းပေးသော ဥပဒေများ ရေးဆွဲပြဋ္ဌာန်းပြီး အစိုးရကိုလည်း ၎င်းတို့၏ အဓိကလုပ်ဆောင်ချက်များအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိစေသည်။

(၂) တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးမှု ခိုင်မာအားကောင်းစေရေး

ယူအန်ဒီပီသည် မြန်မာနိုင်ငံအစိုးရအား နိုင်ငံအတွက် အလွန်အရေးပါသော အကူးအပြောင်းကာလ၌ အစိုးရအဖွဲ့အစည်းများအပေါ် လူထုယုံကြည်မှု ကျဆင်းနေသော ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အပံ့ပေးသည်။ အဂတိလိုက်စားမှုများ ဖြစ်ပေါ်ခြင်း၊ လွှတ်တော်၏ကြီးကြပ်မှု ကင်းမဲ့ခြင်း၊ အုပ်ချုပ်မှုတရားမျှတရေးနှင့် တရားဥပဒေစိုးမိုးရေး မူများ လိုက်နာမှုနည်းပါးခြင်းတို့ကို အသိအမှတ်ပြုစဉ် ယူအန်ဒီပီသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ကို မြှင့်တင်ပေးရန်  နိုင်ငံ့မဏ္ဍိုင်သုံးရပ်၏ ရှင်းလင်းသော စွန့်ဦးတီထွင် လုပ်ဆောင်မှုအပေါ် အခြေခံ၍ ကောင်းမွန်သောအုပ်ချုပ်ရေးအတွက် အဖွဲ့အစည်းဆိုင်ရာ အညွှန်းဘောင်နှင့်စွမ်းဆောင်ရည်တို့ ခိုင်မာအားကောင်းအောင် ကူညီပေးသည်။ ဤအလုပ်နယ်ပယ်သည် အခွင့်အရေးခံစားပိုင်ခွင့်ရှိသူ နိုင်ငံသားများအား စွမ်းအားမြှင့်တင်ပေးရန်နှင့် အစိုးရအရာရှိများ၏ စိတ်ထင်တိုင်း ပြုမှုသော၊ မမှန်ကန်သော သို့မဟုတ် ခွဲခြားနှိမ့်ချသော အုပ်ချုပ်ရေးဆုံးဖြတ်ချက်များကို ပြန်လည် တည့်မတ်ပေးမည့် တာဝန်ခံမှုယန္တရားတွင် ၎င်းတို့ပါဝင်နိုင်စေရန် ကူညီပေးသည်။

ယူအန်ဒီပီသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့ မြှင့်တင်ရေး အမျိုးသားအဆင့် ကြိုးပမ်းမှုတွင် ဦးဆောင်ရန် အထောက်အပံ့ပေးသည်။ ၎င်းသည် အစိုးရဝန်ထမ်း ရာထူးအဆင့်ဆင့်တွင် ကိုယ်ကျင့်တရားနှင့် သိက္ခာတရားများ ကောင်းမွန်စေမည့် အညွှန်းဘောင်များ ခိုင်မာအားကောင်းစေရန်၊ အလုပ်ခန့်ထားခြင်းနှင့် ရာထူးတိုးခြင်းတို့တွင် အရည်အချင်းအခြေပြုစနစ် ထွန်းကားစေရန်၊ မျှမျှတတ ဘက်လိုက်မှုကင်းကင်း ခွဲခြားဆက်ဆံခြင်းမရှိသည့် နည်းဖြင့် အုပ်ချုပ်ရေးဝန်ဆောင်မှုများ ပေးကြစေရာတို့တွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အပြင် အခြားသော အဓိကအဖွဲ့အစည်းများနှင့်လည်း အတူတွဲလုပ်ကိုင်မည် ဖြစ်သည်။

ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များအား ကြီးကြပ်ရေးယန္တရား ခိုင်မာအားကောင်းစေရန် သင့်လျော်သော ကော်မတီများမှတစ်ဆင့် ထောက်ပံ့ပေးမည်ဖြစ်ပြီး ယင်းတို့ကလည်း အထူးသဖြင့် အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအဆင့် လုပ်ဆောင်ချက ်ညံ့ဖျင်းမှုများ ပေါ်ပေါက်လာသောအခါတွင် မဲဆန္ဒရှင်များ၏ ကောင်းကျိုးအတွက် အပြည့်အဝ ကိုယ်စားပြုထမ်းဆောင်နိုင်စေရန် လွှတ်တော်အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ကို ခိုင်မာစေမည်။ ယူအန်ဒီပီသည် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးတရားမျှတမှု မူများ ကျင့်သုံးခြင်းကို ခိုင်မာအားကောင်းစေရန် နှင့် လူ့အခွင့်အရေးဆိုင်ရာ အသိရှိမှုနှင့် အကာအကွယ်ပေးမှုတို့ကို မြှင့်တင်ပေးရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးပြည်ထောင်စုတရားလွှတ်တော်ချုပ်မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် တို့နှင့်အတူ လုပ်ကိုင်မည်ဖြစ်သည်။ ထို ကြားဝင်ဆောင်ရွက်မှုနယ်ပယ်များ၌ ပြည်သူလူထုသည် တာဝန်ခံမှုယန္တရား၊ အုပ်ချုပ်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေး၊ ကြီးကြပ်ရေးဖြစ်စဉ်များတွင် ၎င်းတို့၏အခန်းကဏ္ဍကို တိုးမြှင့်ရန် ပါဝင်ဆောင်ရွက်ရမည် ဖြစ်သည်။

ယူအန်ဒီပီသည် ပြည်ထောင်စုအဆင့်မှ တိုင်းနှင့်ပြည်နယ်အဆင့်အထိ အဆင့်များစွာပါဝင်သော ချဉ်းကပ်နည်းကို ကျင့်သုံးသည့်အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း အစိုးရဌာနခွဲတိုင်း အချင်းချင်း အပြန်အလှန် စောင့်ကြည့်စေရေးနှင့် ဟန်ချက်ထိန်းစေရေး တို့အတွက် ဌာနအတွင်း တာဝန်ခံမှုယန္တရား ခိုင်မာစေရေးကိုလည်း ရှေးရှုလုပ်ဆောင်သည်။

(၃) နိုင်ငံ့ဝန်ထမ်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များအား ထောက်ပံ့ရေး

ယူအန်ဒီပီသည် ပို၍ ငြိမ်းချမ်းသော၊ အားလုံးအကျုံးဝင်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို လူ့အခွင့်အရေးအပေါ် အခြေပြု၍ ဖွံ့ဖြိုးတိုးတက်စေရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၌ ကျား/မ၊ မတူကွဲပြားမှု၊ အားလုံးအကျုံးဝင်နိုင်မှုရေးရာတို့ ခြုံငုံပါဝင်စေရန် ပုဒ်မအပိုဒ်ခွဲများကို ခေတ်နှင့်အညီမွမ်းမံရာတွင် အစိုးရအား ထောက်ပံ့ပေးခြင်းနည်းဖြင့် ပံ့ပိုးသည်။ ဝန်ထမ်း ခန့်ထားခြင်း၊ ပြောင်းရွှေ့ချထားခြင်း၊ ရာထူးတိုးခြင်းတို့၌ အရည်အချင်းအခြေပြုသော၊ ပွင့်လင်းမြင်သာမှုရှိသော အမှုထမ်း စီမံခန့်ခွဲမှုစနစ်များကို ခိုင်မာအားကောင်းစေခြင်းသည် အောက်ပါတို့ကို ပံ့ပိုးမည် ဖြစ်သည်-

  • ပြည်ထောင်စု၊ တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ရွာ အဆင့်များတွင် ပိုမို၍ ဒီမိုကရေစီဆန်သော၊ တာဝန်ခံမှုရှိသော အစိုးရအဖွဲ့အစည်းများ ဖြစ်လာစေရေး၊
  • ဝန်ထမ်းခန့်အပ်ခြင်းရာထူးတိုးခြင်း၊ တာဝန်ချထားရာနေရာတို့သည် အဆက်အသွယ် ကောင်းမှု သို့မဟုတ် လာဘ်ပေးမှုအပေါ် မူတည်နေသည်ဟု ထင်မြင်ခံစားရသော အမျိုးသားနှင့်အမျိုးသမီး ဝန်ထမ်းရာခိုင်နှုန်းများကို လျှော့ချရေး။

ယူအန်ဒီပီသည် ပိုမိုထိရောက်သော အဓိကလုပ်ဆောင်ချက်များနှင့် တုံ့ပြန်ဆောင်ရွက်မှု ပိုမိုမြန်ဆန်သော ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်မှု အရည်အချင်း မြှင့်တင်ပေးခြင်းနှင့်ခေတ်နှင့်အမီ ပြင်ဆင်ခြင်းတို့မှတစ်ဆင့် စွမ်းဆောင်ရည် တည်ဆောက်ရေးကို အလေးပေး လုပ်ဆောင်မည် ဖြစ်ပြီး ထို့သို့ဖြင့် ပြည်သူလူထု၏ အစိုးရအပေါ်ယုံကြည်မှုကိုလည်း တိုးစေမည် ဖြစ်သည်။

ယူအန်ဒီပီသည် နိုင်ငံ့ဝန်ထမ်း စီမံခန့်ခွဲရေးတွင် မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများ၊ ကျင့်သုံးခြင်းတို့ ရှေ့နောက်ဆက်စပ်မှုရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။

(၄) ငြိမ်းချမ်းရေးအား စဉ်ဆက်မပြတ် ထိန်းသိမ်းမှု

ယူအန်ဒီပီမှ ငြိမ်းချမ်းရေးကို စဉ်ဆက်မပြတ်ထိန်းသိမ်းရာတွင် လုပ်ဆောင်ရမည့် နည်းလမ်းအသစ်တစ်ခုကို အဆိုပြုထားသည််။ ထိုနည်းတွင် ဆန်းသစ်တီထွင်သော ဖြေရှင်းနည်းအစီအစဉ်များအတွက် အတွေးအခေါ်အယူအဆတစ်ရပ် ထပ်ကာထပ်ကာ ဖော်ထုတ်ခြင်း၊ ပုံဖော်ရေးဆွဲခြင်း၊ စမ်းသပ်ခြင်း၊ ချမှတ်ခြင်းတို့ ဖြစ်မြောက်စေရန်အလို့ငှာ တာဝန်ထမ်းဆောင်ရေးလမ်းကြောင်းများ (အတွေးအခေါ်ပိုင်းဆိုင်ရာဦးဆောင်မှု၊ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး၊ အစုစပ် လုပ်ငန်းများ၊ စီမံရေး၊ ဘဏ္ဍာရေး) တို့၏အကူအညီကို ရယူရန် အမျိုးသား၊ တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ရွာ အဆင့်တို့မှ ကျယ်ပြောလှသော မိတ်ဖက်ညွှန့်ပေါင်းများအား လှုံ့ဆော်ဖို့ လိုအပ်သည်။ ထိုဖြေရှင်းနည်းများသည်-

  • မြန်မာနိုင်ငံအား ရေရှည်ခံသော အပြုသဘောဆောင် ငြိမ်းချမ်းရေးဆီသို့ ပြောင်းလဲရာတွင် လိုအပ်သော အခြေခံအုတ်မြစ်များကို တည်ထောင်ရန်နှင့် ခိုင်မာစေရန် အမျိုးသား 'ငြိမ်းချမ်းရေးအခြေခံအဆောက်အအုံ'နှင့် အခြား အဓိကကျသော ဆက်စပ်ပါဝင်သူများတို့အား ထောက်ပံ့ပေးသည်။ 
  • အမျိုးသားအဆင့် ငြိမ်းချမ်းရေးအဆောက်အအုံတစ်ရပ်ကို ခိုင်မာစေခြင်း၊ လူ့အသိုက်အဝန်း စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်ဆက်နွယ်သော အကူးအပြောင်းနှင့်နိုင်ငံရေး ဆိုင်ရာ ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များအပေါ် စီမံခန့်ခွဲခြင်း၊ ရှုပ်ထွေးသော ရေခံမြေခံ အကြောင်းအရာတစ်ရပ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ လုပ်ဆောင်မည့် စွန့်ဦးတီထွင ်လုပ်ဆောင်မှုများတို့အတွက် ရှေ့နောက်ပိုမိုညီညွတ်သော၊ ပိုမိုထိရောက်သော တွဲဖက်များ ဖြစ်လာစေရန် ကုလသမဂ္ဂစနစ်၏ ကြိုးပမ်းမှုများအား ထောက်ပံ့ပေးသည်။

ယူအန်ဒီပီသည် မြန်မာနိုင်ငံအနေဖြင့် ပြောင်းလဲရေး၌ ခက်ခဲရှုပ်ထွေးသော၊ ကဏ္ဍစုံ စိန်ခေါ်မှုများအတွက် လမ်းစဉ်ချမှတ်ရာတွင် အကြမ်းဖက်မှုနှင့် ပဋိပက္ခဖြစ်ပွားမှုတို့အပေါ် ဒဏ်ခံနိုင်စွမ်း တိုးမြင့်စေရန် ပိုမိုကျယ်ပြန့်သော 'ငြိမ်းချမ်းရေးအခြေခံအဆောက်အအုံ'၏ သိသာထင်ရှားသောအချက်များတွင် ဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရန် ထပ်လောင်းထောက်ပံ့မှု လိုအပ်နေသည်ဆိုသော အကဲဖြတ်မှုအပေါ် အကြောင်းတည်ထားသည်။ ထိုအလုပ်နယ်ပယ်များထံ ရင်းနှီးမြှုပ်နှံှံခြင်းသည် မြန်မာ့လူ့အဖွဲ့အစည်းကို ရေရှည်ခံသော အပြုသဘောဆောင် ငြိမ်းချမ်းရေးအတွက် လိုအပ်သောအခြေအနေများဆီသို့ စိတ်ချယုံကြည်စွာနှင့် ပိုတိုး၍ ပြောင်းလဲရာတွင် နိုင်ငံအတွင်းရှိ ဆက်စပ်ပါဝင်သူများ၊ အဖွဲ့အစည်းများ၊ ဖြစ်စဉ်များတို့အား ထောက်ကူပေးနိုင်သည်ဟု ယူအန်ဒီပီက ယုံကြည်သည်။

ပဋိပက္ခဖြစ်နိုင်ခြေကို သတိထားဆောင်ရွက်သော နည်းလမ်း

ယူအန်ဒီပီသည် အထက်တွင်ဆိုခဲ့သည့် ပိုမိုကျယ်ပြန့်သော အလုပ်နယ်ပယ် လေးခုမှအပ နိုင်ငံတစ်ဝန်းစီမံကိန်းတွင် ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် ပဋိပက္ခဖြစ်နိုင်ခြေကို သတိထားဆောင်ရွက်သော နည်းလမ်းများကို ဘက်စုံပေါင်းစည်းမည် ဖြစ်သည်။ ထိုသို့ပေါင်းစည်းခြင်းကို တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးစနစ် လက်လှမ်းမီမှု၊ မြို့နယ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အစီအစဉ်ချမှတ်မှု၊ အမှုထမ်းရွက်ခြင်း၊ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှုတို့အတွက် လူမှုစည်းလုံးညီညွတ်မှု မူများအပေါ် အခြေခံသော ပဋိပက္ခဖြစ်နိုင်ခြေကို သတိထားဆောင်ရွက်သော နည်းလမ်းများကို လက်ခံကျင့်သုံးရန် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များ၊ တရားစီရင်ရေးအဖွဲ့အစည်းများ၊ လူ့အသိုက်အဝန်းများတို့၏ စွမ်းဆောင်ရည်ကို အားကောင်းစေခြင်းဖြင့် ဖော်ဆောင်မည် ဖြစ်သည်။ ယူအန်ဒီပီသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးနှင့်လူငယ် အဖွဲ့အစည်းများတို့ ပိုမိုပါဝင်နိုင်ရန်လည်း မြှင့်တင်ပေးသည်။

ယူအန်ဒီပီသည် ပဋိပက္ခဖြစ်နိုင်ခြေ သိနားလည်မှု ရရှိရန်အတွက် ပဋိပက္ခဒဏ်ခံဖူးသော လူ့အသိုင်းအဝိုင်းအားလုံးထံ သွားရောက်လုပ်ကိုင်ပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပါဝင်ထမ်းဆောင်သူများနှင့်လည်း ညှိနှိုင်း ဆောင်ရွက်သည်။ အစိုးရ၏ ဦးဆောင်မှုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့သည် ပိုမိုရှည်ကြာသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs) ဆီသို့ တိုးတက်လာရေး၊ မည်သူတစ်ဦးမျှ နောက်ကောက်ကျမကျန်စေရေးကို သေချာစေရေး တို့တွင် အခရာကျ၊ တစ်သားတည်း ဖြစ်သည်။ ယူအန်ဒီပီသည် ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်းခွဲ ဖြစ်သည့်အလျောက် အစောပိုင်းလုပ်ငန်းစဉ်များနှင့် ကာလရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရွေးချယ်စရာများတို့ကို ကူးလူးချိတ်ဆက်ပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည့်ကာ အရေးပေါ် အသုံးပြုရေးမှ ကာလရှည်ကြာ ဒဏ်ခံနိုင်စွမ်း ပြန်လည်ထောင်ရေးသို့ ကူးပြောင်းရာတွင် လုပ်ငန်းစဉ် တစ်ခုနှင့်တစ်ခု အဆက်အစပ်မိသော နည်းလမ်းတစ်ခု ပေးစွမ်းသည်။ ထိုချဉ်းကပ်နည်းကို ရခိုင်ပြည်နယ်ရှိ နယ်မြေအခြေခံ စီမံကိန်းများတွင် အသုံးချဆောင်ရွက်သည်။

ရခိုင်ပြည်နယ် ဒေသအခြေပြု အစီအစဉ်

ယူအန်ဒီပီ၏ ရခိုင်ပြည်နယ်ဆိုင်ရာ ဒေသအခြေပြု အစီအစဉ်သည် စနစ်ကျသော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး အောက်မှအထက် ဖြစ်စဉ်များတို့တွင် အမျိုးသမီးများ၏ ပါဝင်လုပ်ဆောင်မှုနှင့် အရေးဆိုမှုများတို့ကို တားဆီးပိတ်ဆို့နေသော လူမှုရေးဆိုင်ရာနှင့် ဖွဲ့စည်းပုံဆိုင်ရာ အတားအဆီးများအား ပြည်နယ်အတွင်းနေ လူ့အသိုက်အဝန်းများအကြား စည်းလုံးညီညွတ်မှုကို အားပေးမြှင့်တင်သည့်နည်းဖြင့် ကိုင်တွယ်ဖြေရှင်းသည်။ ၎င်းသည် မြန်မာနိုင်ငံအစိုးရ၏ ရခိုင်ပြည်နယ်အတွင်း အစီအစဉ်ပူးတွဲရေးဆွဲရေးအတွက် ပူးတွဲစိစစ်အကဲဖြတ်မှုတစ်ရပ် တာဝန်ယူဆောင်ရွက်ရေး အားထုတ်ကြိုးပမ်းမှုများကို ထောက်ပံ့ပေးသည်။ ထိုစိစစ်အကဲဖြတ်မှုတွင် အသက်မွေးမှုဆိုင်ရာနှင့် ထိခိုက်လွယ်မှုဆိုင်ရာ ပြဿနာများအပေါ် အထူးအလေးပေးကာ ၎င်းကို ရခိုင်ပြည်နယ်တစ်ခုလုံးစာ အချိုးကျ ချဲ့ထွင်လွှမ်းခြုံနိုင်ရေးအတွက် ပြည်နယ်အတွင်း ဒေသအနည်းငယ်တွင် ရှေ့ပြေးစမ်းသပ်ရန် ကနဦး မျှော်မှန်းထားသည်။ မြို့နယ်အဆင့် ကြားဝင်ဆောင်ရွက်မှုများအစီအစဉ်ရေးဆွဲခြင်းအောက်တွင် ယူအန်ဒီပီသည် ပြည်သူလူထုအား နှစ်စဉ် မြို့နယ်အဆင့် အစီအစဉ်ရေးဆွဲခြင်းနှင့် ဘတ်ဂျတ်ချထားမှုတို့ကို လွှတ်တော်အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာစု အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကဲ့သို့သောရွေးကောက်ခံကိုယ်စားလှယ်တို့မှတစ်ဆင့် အရေးဆိုနိုင်စေရန် ဒီမိုကရက်တစ် ဒေသန္တရအုပ်ချုပ်ရေးကို တက်ကြွစွာ ထောက်ပံ့ပေးသည်။ အဆိုပြုခဲ့သော ကြားဝင်ဆောင်ရွက်မှုများသည် လက်ငင်းတုံ့ပြန်မှုမှ ကာလကြာရှည် ဖွံ့ဖြိုးတိုးတက်ရေးအထိ ပါဝင်သော အဆင့်ခွဲ ချဉ်းကပ်ဖြေရှင်းနည်းတစ်ရပ်ကို ထင်ဟပ်စေရန် ပုံဖော်ရေးဆွဲထားခြင်း ဖြစ်သည်။

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး