UNDP မြန်မာ ၏ ၂၀၁၈ နှစ်ပတ်လည်အစီရင်ခံစာ
UNDP မြန်မာ က နိုင်ငံလုံးဆိုင်ရာပရိုဂရမ် အစီအစဉ် (CPD) ၂၀၁၈-၂၀၂၂ ကို ၂၀၁၈ ခုနှစ်တွင် အပြီးသတ်ရေးဆွဲပြီး စတင်အကောင်အထည်ဖော်သည်။
သုတေသနနှင့် ထုတ်ဝေမှုများ
၂၀၂၀၊ ဒီ ၁၆
ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်အတူပြုစုခဲ့သော ဥပဒေမူကြမ်းရေးဆွဲရေးလမ်းညွှန်စာအုပ်ကို မျှဝေရသည့် အတွက် ကျွန်ုပ်တို့အနေဖြင့် ဝမ်းမြောက်မိပါသည်။ နိုင်ငံတွင်းရှိ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများသည် အကောင်းဆုံးအလေ့အကျင့်များနှင့် လိုက်လျောညီထွေဖြစ်စေရန်၊ ယင်းတို့ကို ရှင်းလင်းစွာရေးသားရန်နှင့် အခြားသောဥပဒေများ (သို့မဟုတ်) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုမဖြစ်စေရန် မြန်မာနိုင်ငံရှိဌာန အသီးသီးမှ အရာရှိများက ကြိုးပမ်းအားထုတ်ရာတွင် အဆိုပါလမ်းညွှန်စာအုပ်က အထောက်အကူဖြစ်စေရန် မျှော်မှန်းပါသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပြန်လည်စိစစ်ရမည်ဖြစ်သော ဥပဒေမူကြမ်းနှင့် အခြားအရေး ကြီးသော စာချုပ်စာတမ်းများ ပြုစုရာတွင် တာဝန်ရှိသည့် ဥပဒေအရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ဝန်ကြီးဌာနများမှ အရာရှိများအား သင်တန်းပို့ချရာတွင် အသုံးပြုသည့် အသိအမှတ်ပြုထားသော လမ်းညွှန်လည်းဖြစ်ပါသည်။ အဆိုပါလမ်းညွှန်စာအုပ်သည် လွှတ်တော်ကိုယ်စားလှယ်များနှင့်ဝန်ကြီးဌာနအသီးသီးမှ အရာရှိများက ရည်ညွှန်းကိုးကားမည့် အရေးပါသည့် လက်စွဲစာအုပ်တစ်အုပ်ဖြစ်လာမည်ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်အတူ ကျွန်ုပ်တို့က ယုံကြည်ပါသည်။
၂၀၂၀၊ အောက် ၅
ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး ပူးပေါင်းဆောင်ရွက်မှုများ ၂၀၁၉ နှစ်ပတ်လည်အစီရင်ခံစာ - UNDP မြန်မာ
မည်သူတစ်ဉီးတစ်ယောက်ကိုမျှချန်မထားခဲ့ရေးဟူသည့်မူဝါဒနှင့်အညီ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် သည် လူသားချင်းစာနာသောအကူအညီပေးရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက် ခြင်း၊ နိုင်ငံအစိုးရများနှင့်အတူလက်တွဲကာဖယ်ကျဉ်ခံထားရသူများ၊ လူမှုအသိုင်းအဝိုင်းများကို အကူ အညီပေးခြင်းသာမက ဒေသခံလူမှုအဖွဲ့အစည်းများ၏ဘေးအန္တရာယ်များကိုရေရှည်ကာလအတွက် ကြံ့ကြံ့ခံရင်ဆိုင်နိင်စွမ်းရည်များကိုမြှင့်တင်ပေးခြင်းများကို ဆောင်ရွက်ပေးနေပါသည်။
၂၀၂၀၊ စက် ၁၀
ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုကဏ္ဍအတွင်းရှိ ကျား၊မရေးရာ တန်းတူညီမျှမှု - မြန်မာနိုင်ငံ
အမျိုးသမီးတွေဘယ်ရောက်နေကြပါသလည်း။ UNDP ၏ Gender Equality in Public Administration (GEPA) - Myanmar Case Study ခေါ် ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုကဏ္ဍအတွင်းရှိ ကျား၊မရေးရာ တန်းတူညီမျှမှု - မြန်မာနိုင်ငံအကြောင်း လေ့လာမှုအားထုတ်ပြန်လိုက်ပါသည်။ လေ့လာမှုသည် မြန်မာအမျိုးသမီးများ၏ နိုင်ငံ့ ဝန်ထမ်း ကဏ္ဏတွင် အတိုင်းအတာမည်မျှအထိ ပါဝင်နေကြသည်ကိုဆန်းစစ်လေ့လာထားပါသည်။ စစ်မှန်သည့် အားလုံး ပါဝင်သောဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီအုပ်ချုပ်မှုလုပ်ငန်းစဉ် ရရှိရေး တွင် နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း များအတွင်းရှိ အမျိုးသမီးများ၏ခေါင်းဆောင်မှုနှင့်ပါဝင်ဆောင်ရွက်မှုတို့သည် အလွန်အရေးကြီးပါသည်။ ယခုလေ့လာမှုသည် အဖွဲ့အစည်းအားလုံး၏ပူးပေါင်းဆောင်ရွက်မှုရလဒ်ဖြစ်ပါသည်။ UNDP သည် မြန်မာ နိုင်ငံ အစိုးရ၊ လုပ်ဖော်ကိုင်ဖက်များအားလုံး၊ မေးခွန်းများကိုဖြေဆိုပေးခဲ့ကြသူများ၊ တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများနှင့် နိုင်င့တကာမိတ်ဖက်အဖွဲ့အစည်းများကို အထူးကျေးဇူးတင်ရှိပါသည်။