ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုကဏ္ဍအတွင်းရှိ ကျား၊မရေးရာ တန်းတူညီမျှမှု - မြန်မာနိုင်ငံ

ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုကဏ္ဍအတွင်းရှိ ကျား၊မရေးရာ တန်းတူညီမျှမှု - မြန်မာနိုင်ငံ

2020- September 10

အမျိုးသမီးတွေဘယ်ရောက်နေကြပါသလည်း။ UNDP  ၏    Gender Equality in Public Administration (GEPA) - Myanmar Case Study ခေါ်  ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုကဏ္ဍအတွင်းရှိ ကျား၊မရေးရာ တန်းတူညီမျှမှု - မြန်မာနိုင်ငံအကြောင်း လေ့လာမှုအားထုတ်ပြန်လိုက်ပါသည်။ လေ့လာမှုသည် မြန်မာအမျိုးသမီးများ၏ နိုင်ငံ့ ဝန်ထမ်း ကဏ္ဏတွင် အတိုင်းအတာမည်မျှအထိ ပါဝင်နေကြသည်ကိုဆန်းစစ်လေ့လာထားပါသည်။ စစ်မှန်သည့် အားလုံး ပါဝင်သောဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီအုပ်ချုပ်မှုလုပ်ငန်းစဉ် ရရှိရေး တွင် နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း များအတွင်းရှိ အမျိုးသမီးများ၏ခေါင်းဆောင်မှုနှင့်ပါဝင်ဆောင်ရွက်မှုတို့သည် အလွန်အရေးကြီးပါသည်။

ယခုလေ့လာမှုသည် အဖွဲ့အစည်းအားလုံး၏ပူးပေါင်းဆောင်ရွက်မှုရလဒ်ဖြစ်ပါသည်။ UNDP  သည် မြန်မာ နိုင်ငံ အစိုးရ၊ လုပ်ဖော်ကိုင်ဖက်များအားလုံး၊ မေးခွန်းများကိုဖြေဆိုပေးခဲ့ကြသူများ၊ တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများနှင့် နိုင်င့တကာမိတ်ဖက်အဖွဲ့အစည်းများကို အထူးကျေးဇူးတင်ရှိပါသည်။