မြန်မာ့ပြည်သူ့ဝန်ထမ်းဌာနများ၏ ကျင့်ဝတ် ၊ မျှတသောအခွင့်အလမ်း ၊ အရည်အချင်းအလိုက်မြှောက်စားမှုအပေါ် သဘောထားအမြင်စစ်တမ်း

Eng

pdf (1MB)

Download

မြန်မာ့ပြည်သူ့ဝန်ထမ်းဌာနများ၏ ကျင့်ဝတ် ၊ မျှတသောအခွင့်အလမ်း ၊ အရည်အချင်းအလိုက်မြှောက်စားမှုအပေါ် သဘောထားအမြင်စစ်တမ်း

2016- December 16

မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းနေဆဲဖြစ်ရာ ပြည်သူ့ဝန်ထမ်းများက နက်နဲသောအခန်းကဏ္ဍမှ ပါဝင်သည်။ ပြည်သူ့ဝန်ထမ်းများမှာ ရှုပ်ထွေးခက်ခဲသော အသွင်ကူးပြောင်းမှုဆိုင်ရာ လိုအပ်ချက်များကို မြန်မာနိုင်ငံအစိုးရက ဖြည့်ဆည်းနိုင်ရေး အထောက်အကူပြုပေးမည့် ပြည်သူ့ဝန်ထမ်းဌာနများ ပြုပြင်ပြောင်းလဲရေးနောက်ကွယ်မှ တွန်းအားများဖြစ်ကြသည်။ အများပြည်သူဝန်ဆောင်မှုများကို ထိထိရောက်ရောက်နှင့် တပြေးညီပံ့ပိုးပေးရမည့်တာဝန်ဝတ္တရားရှိပြီး နယ်မြေခံရပ်ရွာလူထုများအတွင်း နိုင်ငံအစိုးရအား ကိုယ်စားပြုသူများဖြစ်သည့်အားလျော်စွာ ပြည်သူ့ဝန်ထမ်းများမှာ မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းမှု ရှေ့ဆက်ဖြစ်ပေါ်ရေးနှင့် အစိုးရအပေါ်ယုံကြည်မှုတိုးမြှင့်ရာတွင် အခရာကျသည်။

ထိုလိုအပ်ချက်များအား ပြည့်မီနိုင်ရန် ပြည်သူ့ဝန်ထမ်းများအနေဖြင့် ပြည့်စုံသည့်အနေအထားသို့ ရောက်စေရေးအတွက် အရည်အချင်းအလိုက်မြှောက်စားမှု နှင့် မြင့်မားသောကျင့်ဝတ်စံနှုန်းများ အား စောင့်ထိန်းပြီး ၊ အားလုံးတန်းတူပါဝင်နိုင်သော ပြည်သူ့ဝန်ထမ်းဌာနဖြစ်စေရေး တွန်းအားပေးနိုင်မည့်နည်းလမ်းကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့(UCSB) က စူးစမ်းရှာဖွေလျက် ရှိသည်။ ထို့အတွက် ပရော်ဖက်ရှင်နယ်ကျင့်ဝတ်များ ၊ တန်းတူညီမျှအခွင့်အလမ်းများ နှင့် အရည်အချင်းအလိုက်မြှောက်စားမှုတို့အပေါ် ပြည်သူ့ဝန်ထမ်းများ၏ သဘောထားနှင့် အတွေ့အကြုံများအား သေချာကျနနားလည်စေမည့် လေ့လာမှုတရပ်ကို UCSB က လုပ်ငန်းအပ်နှံထားသည်။

ဝန်ထမ်းများအကြား အရည်အချင်းအလိုက်မြှောက်စားမှု ၊ တာဝန်ခံမှုနှင့် စေ့ဆော်မှုများအား မျိုးစေ့ချပေးရန် ရည်ရွယ်ထားသည့် မူဝါဒများ နှင့် လုပ်ထုံးလုပ်နည်းများအပေါ် ရှုမြင်ပုံအား ဤလေ့လာမှုက တိုင်းတာထားသည်။ မြန်မာပြည်အထက်ပိုင်း နှင့် အောက်ပိုင်းရှိ ဗဟို ဝန်ထမ်းတက္ကသိုလ် (CICS) တို့က အသုံးပြုခဲ့ပြီးသော ကိုယ်တိုင်ဖြည့် စစ်တမ်းမေးခွန်းလွှာနှင့် ဦးတည်အုပ်စုဆွေးနွေးမှု ၁၂ ခု ကို ရောနှောပေါင်းစပ်ထားသည့် နည်းလမ်း ပါဝင်သည်။