ရန်ကုန်တိုင်းဒေသကြီး - ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်

ရန်ကုန်တိုင်းဒေသကြီး - ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်

2019- July 30

ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးအဖွဲ့ (ECHO) ၏ ဘဏ္ဍာငွေပံ့ပိုးမှုဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနနှင့်ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွက် ငလျင်အန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အစီအမံကို ရေးဆွဲပါသည်။

အင်အားကြီးငလျင် နိုင်ငံအတွင်း လှုပ်ခတ်ပါက အိုးအိမ်ပိုင်ဆိုင်ပစ္စည်းများပျက်စီးမှု လျော့နည်းစေရန် ၊ ဒဏ်ရာရရှိမှုနှင့်အသက်ဆုံးရှုံးမှုတို့အား လျော့ချရန် ၊ အချိန်မနှောင့်နှေးစေဘဲ ထိခိုက်ခံစားရသောသူအများ၏ ဘဝပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးဆိုင်ရာ ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် ကို ရေးဆွဲပါသည်။

ငလျင်နှင့်ဆက်နွယ်နေသည့်ဘေးအလားအလာလျော့ချရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ ၊ သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများအကြား ချိတ်ဆက်လုပ်ဆောင်ရန်လိုအပ်သော ကြိုတင်ပြင်ဆင်ရေးနည်းလမ်းများအား ကူညီလမ်းညွှန်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတာဝန်များ အားကောင်းခိုင်မာလာစေရန် ဤစီမံချက်က ကူညီပါမည်။