ထိခိုက်မှုအကျိုးဆက်များအား လေ့လာဆန်းစစ်ရေးအတွက် အခြေပြုစံထားလေ့လာမှု အစီရင်ခံစာ - မြန်မာနိုင်ငံအလယ်ပိုင်းရှိ ရေအရင်းအမြစ်များ နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ကျရောက်နေသော ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဘေးဖြစ်စေမှုအလားအလာအား ဖြေရှင်းခြင်း

English

pdf (1MB)

Download

ထိခိုက်မှုအကျိုးဆက်များအား လေ့လာဆန်းစစ်ရေးအတွက် အခြေပြုစံထားလေ့လာမှု အစီရင်ခံစာ - မြန်မာနိုင်ငံအလယ်ပိုင်းရှိ ရေအရင်းအမြစ်များ နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ကျရောက်နေသော ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဘေးဖြစ်စေမှုအလားအလာအား ဖြေရှင်းခြင်း

2016- November 25

AF စီမံချက်အာရုံစိုက်ရာ နယ်ပယ်အတွင်းမှ အကျိုးသက်ရောက်ရာ ပင်မဧရိယာ ၃ ခု (မြေယာမဲ့များနှင့် အပယ်ခံလယ်သမားများအတွက် ရေချိုရရှိနိုင်မှု ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် သက်မွေးဝမ်းကျောင်း) ကို စူးစမ်းရှာဖွေရန် နှင့် ဤခေါင်းစဉ်များအတွက် အရေအတွက်စံထား နှံ့နှံ့စပ်စပ်လေ့လာမှု တခု အစပြုပေးရန် အခြေပြုစံထားလေ့လာမှုအစီရင်ခံစာက ရည်ရွယ်သည်။ စီမံချက်အပြီးသတ်ရန်နီးကပ်လာချိန်၌ ကိုင်တွယ်စီမံရမည်ဖြစ်သော ထိခိုက်မှုအကျိုးဆက်ဆိုင်ရာ နိဂုံးကာလအခြေပြလေ့လာဆန်းစစ်ချက်က ဤအဓိကကျသောသက်ရောက်မှုနယ်ပယ်အတွင်းမှ ထိခိုက်မှုအတိုင်းအတာကို စီမံချက်အနေဖြင့် လေ့လာဆန်းစစ်မှု ပြုနိုင်အောင် လုပ်ဆောင်ပေးနိုင်မည်။

UNDP ၏ ကြားဝင်ဆောင်ရွက်ပေးမှုအား အကဲဖြတ်သုံးသပ်ရာတွင် အခြေပြုစံထားလေ့လာမှု စစ်တမ်းက ပဓနာကျသောအခန်းကဏ္ဍမှ ပါဝင်မည်။ အခြေပြုစံထားလေ့လာမှုစစ်တမ်းပေါ်အခြေခံ၍ အထူးသဖြင့် ရေချိုရရှိနိုင်မှု ၊ စားနပ်ရိက္ခာဖူလုံမှုနှင့် သက်မွေးဝမ်းကျောင်းများတွင် တိုးတက်ပြောင်းလဲမှုအတွက် UNDP ၏ လုပ်ငန်းအစီအစဉ်နှင့် ကြားဝင်ဆောင်ရွက်မှုများ၏ ထိရောက်မှုနှင့် အကျိုးဖြစ်ထွန်းမှုများအား ဆန်းစစ်သည်။ AF ကျေးရွာများနှင့် [သုတေသန၏ပြင်ပမှ ပယောဂမဝင်ရန်] ထိန်းချုပ်ထားသည့်ကျေးရွာများ (control villages) အတွင်း၌ ပြုလုပ်သော စစ်တမ်းမှ တွေ့ရှိချက်များကို နိဂုံးကာလအခြေပြစစ်တမ်း၏ ရလဒ်များနှင့် နှိုင်းယှဉ်အကဲဖြတ်သုံးသပ်ပါမည်။ ပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ အပြောင်းအလဲကို ဖော်ထုတ်သတ်မှတ်ရန်နှင့် လေ့လာတွေ့ရှိရသည့် လားရာလမ်းကြောင်းများအား အနက်ဖော်ရန် နှင့် ထည့်သွင်းစဉ်းစားရန်အတွက် အခြေပြုစံထားလေ့လာမှု နှင့် နိဂုံးကာလအခြေပြ စစ်တမ်းများအား နှိုင်းယှဉ်မှုပြုရန်ဖြစ်သည်။

ကြားဝင်ဆောင်ရွက်မှု သို့တည်းမဟုတ် စီမံချက်ထိန်းချုပ်မှုပြင်ပရှိ တွန်းအားများနှင့်ဖြစ်ရပ်များ၏ လွှမ်းမိုးမှု - ၎င်းတို့ ၂ ခု အနက် မည်သည့်အကြောင်းကြောင့် အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းကို စဉ်းစားဆုံးဖြတ်နိုင်ရန်အတွက် လူမှုစီးပွါးပြန်လှန်ဆက်သွယ်မှုများနှင့် လောကသဘာဝဖြစ်ရပ်များ၏ အကျိုးသက်ရောက်မှုများအားထည့်တွက်၍ အပြောင်းအလဲများကို ခွဲခြမ်းစိတ်ဖြာသုံးသပ်မည်ဖြစ်သည်။

Regions and Countries