လုပ်ငန်းစတင်မှုအစီရင်ခံစာ – “မြန်မာပြည်အပူပိုင်းဒေသရှိ ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ရာသီဥတုပြောင်းလဲမှု၏ ဘေးအန္တရာယ်အလားအလာများအား ဖြေရှင်းဆောင်ရွက်ခြင်း”

English

pdf (1MB)

Download

လုပ်ငန်းစတင်မှုအစီရင်ခံစာ – “မြန်မာပြည်အပူပိုင်းဒေသရှိ ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ရာသီဥတုပြောင်းလဲမှု၏ ဘေးအန္တရာယ်အလားအလာများအား ဖြေရှင်းဆောင်ရွက်ခြင်း”

2015- September 30

လုပ်ငန်းစတင်မှုအစီရင်ခံစာက လုပ်ငန်းစတင်စဉ်ကာလအတွင်း စီမံချက်၏ တိုးတက်ဖြစ်ပေါ်မှုများအား ပြန်လှန်သုံးသပ်ရန် နှင့် စိတ်ပါဝင်စားဩဇာသက်ရောက်သူများထံမှ တုံ့ပြန်သဘောထားများပေါ်အခြေခံ၍ စီမံချက်စာရွက်စာတမ်းများအား ပြောင်းလဲပြင်ဆင်သည်များကို မှတ်တမ်းတင်ရန် ဖြစ်သည်။ လုပ်ငန်းစတင်မှုဆိုင်ရာ ဝိုင်းဝန်းအကြံပြုဆွေးနွေးပွဲအတွင်းမှ တိုက်တွန်းအကြံပြုချက်များ နှင့် ဆုံးဖြတ်ချက်များအား မှတ်တမ်းတင်ထားသည်။ အစည်းအဝေးအတွင်း ဆုံးဖြတ်လိုက်သည့် သဘောတူညီချက်နှင့် အစီအစဉ်အမျိုးမျိုးကို တရားဝင်ဖြစ်စေရန်အတွက် စီမံချက်ဆိုင်ရာ စိတ်ပါဝင်စား ဩဇာသက်ရောက်သူများထံ ဤအစီရင်ခံစာကို ဝေမျှသည်။

စီမံချက်အကောင်အထည်ဖော်နေစဉ်အတွင်း လက်ကိုင်ပြုရမည့်အကိုးအကားအဖြစ်သာမက အကောင်အထည်ဖော်နေစဉ်အတွင်းနှင့် စီမံချက်ပြီးစီးသည့်နောက် ပြုလုပ်မည့် လေ့လာဆန်းစစ်မှု/အကဲဖြတ်သုံးသပ်မှုများအတွက်ပါ ဤအစီရင်ခံစာကို အသုံးပြုမည်ဖြစ်သည်။

Regions and Countries