မြန်မာနိုင်ငံ နေထိုင်မှုအခြေအနေ စစ်တမ်း ၂၀၁၇ - ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာ

မြန်မာနိုင်ငံ နေထိုင်မှုအခြေအနေ စစ်တမ်း ၂၀၁၇ - ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာ

2019- June 25

မြန်မာနိုင်ငံ နေထိုင်မှုအခြေအနေ စစ်တမ်း (MLCS) သည် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ ကာယစိတ္တသုခအခြေအနေအား ဘက်စုံထောင့်စုံမှ ဆန်းစစ်လေ့လာမှုတရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ၌ ဖြည့်သွင်းပေးရန် ၊ မြန်မာနိုင်ငံဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်အစီအမံအတွက် အခြေခံရန် နှင့် ၂၀၃၀ လုပ်ငန်းအစီအစဉ် နောက်ခံအခင်းအကျင်းအတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ ကို စောင့်ကြည့်လေ့လာရန်အတွက် အသုံးပြုနိုင်သော အားကိုးအားထားပြုနိုင်ပြီး တိကျမှန်ကန်သည့် နောက်ဆုံးရအချက်အလက်များ ပါရှိပါသည်။

ဤဆင်းရဲနွမ်းပါးမှု အစီရင်ခံစာမှာ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) ၊ ကမ္ဘာ့ဘဏ် နှင့် ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် (UNDP) တို့က ပူးပေါင်းထုတ်ဝေသည့် MLCS မှ ထုတ်နှုတ်ရေးသားထားသော ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု အစီရင်ခံစာများ စီးရီး၏ ဒုတိယမြောက်ဖြစ်သည်။

၂၀၁၈ တွင် မိတ်ဆက်သော အဓိကကျသောညွှန်ကိန်းများ အစီရင်ခံစာ တွင် မြန်မာနိုင်ငံ၏ အဓိကကျသော ငွေကြေးနှင့်မသက်ဆိုင်သည့် လူနေမှုအဆင့်အတန်းဆိုင်ရာအညွှန်းကိန်းအား လျှပ်တပြက်အမိအရဖော်ပြချက် ပါဝင်သည်။

ဤအစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုအား နောက်ဆုံးပေါ်နည်းလမ်းများဖြင့် အခြေခံကျကျ ရှာဖွေအဖြေထုတ်မှုဖြစ်သည်။ ဩစတြေးလျနိုင်ငံ ၊ ဒိန်းမတ်နိုင်ငံ ၊ ဖင်လန်နိုင်ငံ ၊ အိုင်ယာလန်နိုင်ငံ ၊ ကိုရီးယားသမ္မတနိုင်ငံ ၊ ဆွီဒင်နိုင်ငံ နှင့် ဗြိတိန်နိုင်ငံအစိုးရများ၏ ရက်ရောသောဘဏ္ဍာရေးအကူအညီများကြောင့်သာ ဤအစီရင်ခံစာ ဖြစ်ပေါ်လာပါသည်။