“မြန်မာပြည်အပူပိုင်းဒေသရှိ ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ရာသီဥတုပြောင်းလဲမှု၏ ဘေးအန္တရာယ်အလားအလာများအား ဖြေရှင်းဆောင်ရွက်ခြင်း” စီမံချက် နှစ်လယ်အကဲဖြတ်သုံးသပ်မှု

English

pdf (1MB)

Download

“မြန်မာပြည်အပူပိုင်းဒေသရှိ ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ရာသီဥတုပြောင်းလဲမှု၏ ဘေးအန္တရာယ်အလားအလာများအား ဖြေရှင်းဆောင်ရွက်ခြင်း” စီမံချက် နှစ်လယ်အကဲဖြတ်သုံးသပ်မှု

2018- January 29

နှစ်လယ်အကဲဖြတ်သုံးသပ်မှုသည် Adaptation Fund နှင့် UNDP လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်သည့် လွတ်လပ်သောပြန်လှန်သုံးသပ်မှုဖြစ်ပြီး မျှော်မှန်းထားသည့် စီမံချက်ရလဒ်များနှင့်စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှုများ ၊ စီမံချက်အကောင်အထည်ဖော်ရာတွင် ဆီလျော်မှု ၊ ထိရောက်မှု ၊ စစ်စစ်စီစီရှိမှု ၊ အချိန်ကိုက်ဖြစ်မှုများ ၊ ဆုံးဖြတ်ချက်နှင့်အရေးယူဆောင်ရွက်မှုများလိုအပ်သည့် အရေးကိစ္စများ ၊ စီမံချက်ဒီဇိုင်းရေးဆွဲခြင်း ၊ အကောင်အထည်ဖော်ခြင်းနှင့် စီမံခန့်ခွဲရေးတို့တွင် ရရှိခဲ့သော သင်ခန်းစာများ စသည်တို့အပေါ် သုံးသပ်ခြင်းဖြစ်သည်။ စီမံချက်ဒုတိယပိုင်းအကောင်အထည်ဖော်ရာတွင် လမ်းပြနိုင်ရန်အတွက် တိုက်တွန်းအကြံပြုချက်များကို ဤအကဲဖြတ်သုံးသပ်မှုက ပေးထားသည်။

MTE သည် စီမံချက်လုပ်ငန်းများ ၊ ရလဒ်များနှင့် ယနေ့ထိဆောင်ရွက်ချက်များနှင့်စပ်လျဉ်းပြီး ဘက်မျှသော သက်သေအထောက်အထားအခြေပြု ပြန်လှန်သုံးသပ်မှု တရပ်ဖြစ်ကာ ရနိုင်သမျှအစီရင်ခံစာများအား ပြန်လှန်သုံးသပ်ထားသည့်အပေါ် အခြေခံရေးဆွဲထားပြီး အင်တာဗျူး ၊ အုပ်စုလိုက်ဆွေးနွေးမှုများနှင့် ကွင်းဆင်းလေ့လာမှုများမှတဆင့် အရည်အသွေးနှင့်အရေအတွက်စံထား အချက်အလက်များအား စုစည်းထားခြင်းဖြစ်သည်။ အတည်ဖြစ်ပြီးသော စီမံချက်ညွှန်းကိန်းများနှင့်  ဖြစ်ပေါ်တိုးတက်မှုများအား နှိုင်းယှဉ်ဆန်းစစ်ရာတွင် ကိုက်တံတခုအနေဖြင့် စီမံချက်၏ ယုတ္တိဗေဒမူဘောင်နှင့် ရလဒ်မူဘောင်တို့အပေါ် အလေးပေးအာရုံစိုက်ခြင်းအား အကဲဖြတ်သုံးသပ်မှုလုပ်ငန်းစဉ်က အဓိကထားလုပ်ဆောင်သည်။

Regions and Countries