အားကျအတုယူရာကတဆင့် အကောင်းမြင်တဲ့အမူအကျင့်ပြောင်းသွားစေဖို့အတွက် စနစ်တကျအကွက်ချ ချဉ်းကပ်မှုမျိုး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ပါသလား? - iWomen အားကျဖွယ်ရာ အမျိုးသမီးများစီမံချက်အား လေ့လာခြင်း

အားကျအတုယူရာကတဆင့် အကောင်းမြင်တဲ့အမူအကျင့်ပြောင်းသွားစေဖို့အတွက် စနစ်တကျအကွက်ချ ချဉ်းကပ်မှုမျိုး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ပါသလား? - iWomen အားကျဖွယ်ရာ အမျိုးသမီးများစီမံချက်အား လေ့လာခြင်း

2018- August 14

iWomen အားကျဖွယ်ရာအမျိုးသမီးများ App ကို ၂၀၁၆ မတ်လတွင် မိတ်ဆက်သည်။ ဤ မိုဘိုင်းလ် အက်ပလီကေးရှင်း သည် မြန်မာ့ကျေးလက် အမျိုးသမီးများကွန်ယက် မေဒို့ကမ္ဘာ(MDK) မှ အမျိုးသမီးများအကြား ချိတ်ဆက်ပေးသည်။ MDK သည် မြန်မာနိုင်ငံအစိုးရက အသိအမှတ်ပြုရမည့် ပထမဆုံးသော နိုင်ငံတနံတလျားရှိ ကျေးလက်လုံမေများ၏ အရပ်ဘက်လူမှုအဖွဲ့ ကွန်ယက်ဖြစ်သည်။ MDK ကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုမှ အဖွဲ့ဝင် ၂၀၀၀၀ ဖြင့် ဖွဲ့စည်းထားသည်။ ၂၀၁၆ ခုနှစ်မှစတင်ကာ ကျေးလက်လုံမေများနှင့် ၎င်းတို့၏ မိသားစုအရင်းအချာ ၁၀၀၀၀ နီးပါးသည် iWomen App အသုံးပြုသူများဖြစ်လာကြသည်။ စိတ်ခွန်အားပေးကဗျာများ ၊ ကိုယ်ပိုင်ဘဝဇတ်လမ်းများနှင့် သင်ခန်းစာပေါင်း ၁၄၉၀ ကျော်ကို app တွင် မျှဝေထားကြသည်။ ကျေးလက်လုံမေများ၏ “စကားလက်ဆုံကျရအောင်” (Talk Together) အင်တာနက်စကားဝိုင်းတွင် ကျန်းမာရေး ၊ ပြည်သူ့အကျိုးမျှော်နှိုးဆော်မှု ၊ ဘဏ္ဍာရေးအသိအမြင် ၊ ကုန်ဈေးနှုန်း ၊ ရွှေ့ပြောင်းသွားလာမှု ၊ ကျား/မအခြေပြုအကြမ်းဖက်မှုစသည်တို့နှင့် ဆက်စပ်သည့် အကြောင်းအရာပေါင်း ထောင်ကျော်တင်ထားသည်။ iWomen App အသုံးပြုသူများက ၂၀၁၆ မတ်လမှ စတင်ကာ အကြောင်းအရာတခုလျှင်ဖတ်ရှုချိန် ပျမ်းမျှ ၇ မိနစ်နှင့် အကြိမ်ရေ ၉၀၀၀၀၀ ကျော် ဖတ်ရှုကြပြီးဖြစ်သည်။

“အားကျအတုယူရာကတဆင့် အကောင်းမြင်တဲ့အမူအကျင့်ပြောင်းသွားစေဖို့အတွက် စနစ်တကျအကွက်ချချဉ်းကပ်မှုမျိုး ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ပါသလား? iWomen အားကျဖွယ်ရာ အမျိုးသမီးများစီမံချက်အား လေ့လာခြင်း” အစီရင်ခံစာသည်  ကွန်ပျုဗေဒနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ ကုလသမဂ္ဂတက္ကသီလာအဖွဲ့အစည်း (UNU-CS) နှင့် UNDP မြန်မာတို့အကြားက ပူးပေါင်းအားထုတ်မှု၏ ရလဒ်ဖြစ်သည်။ အပယ်ခံရပ်ရွာလူထုအတွက် လုပ်ပိုင်ခွင့်တိုးမြှင့်ပေးရာတွင် နည်းပညာဆန်းသစ်တီထွင်မှုအား အသုံးပြုရာမှ ရရှိခဲ့သော သင်ခန်းစာများအား ဖွံ့ဖြိုးတိုးတက်ရေး လက်တွေ့ဆောင်ရွက်သူများနှင့် တက္ကသိုလ်ပညာရှင်များအား ထည့်သွင်းစဉ်းစား၍ ဝေမျှပေးရန်အတွက် ရေးသားထားခြင်းဖြစ်သည်။

  1. ပူးတွဲဒီဇိုင်းထုတ်ထားသော iWomen App ၏ ဖွံ့ဖြိုးတိုးတက်မှုဇတ်လမ်းများအား ဝေမျှရန် 
  2. ကွန်ပျုဗေဒနှင့် လူမှုအသိုက်အဝန်းဆိုင်ရာ ကုလသမဂ္ဂတက္ကသီလာအဖွဲ့အစည်း (UNU-CS) က ပြုလုပ်သော လွတ်လပ်သည့်သုတေသနလေ့လာမှု၏ တွေ့ရှိချက်များကို တင်ပြရန်
  3. လူတိုင်း၌ အားကျစိတ်ဖြစ်လာစေရေး နှင့် အသိပေးနိုင်ရေး အတွက် နည်းပညာကို မည်သို့ ဖန်တီး အသုံးပြုသင့်ကြောင်း တိုက်တွန်းအကြံပြုချက်များ ပံ့ပိုးရန် ဤအစီရင်ခံစာက မျှော်မှန်းသည်။

iWomen စီမံချက်တွင် ကျန်းမာပျော်ရွှင်စေရေးဆောင်ရွက်ရာ၌ တမူထူးခြားသော ချဉ်းကပ်ပုံရှိကြောင်း ဤအစီရင်ခံစာအတွက်ပြုလုပ်သည့် သုတေသနက ပြဆိုသည်။ ကျေးလက်အမျိုးသမီးများ၏ လူမှုရေးလိုအပ်ချက်များကို ပံ့ပိုးပေးရေး သက်သက်အား မစဉ်းစားဘဲ အမူအကျင့်ပြောင်းလဲမှုရရှိစေမည့် ကာယစိတ္တသုခနှင့်ပြည့်စုံစေရေး လူမှုစိတ္တရှုထောင့်မှ မျှော်မှန်းလျက် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကိုလည်း ဤစီမံချက်က ပစ်မှတ်ထားသည်။ ၎င်းတို့၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အမျိုးသမီးများ၏သဘောထားအမြင်များ ပြောင်းလဲလာခြင်း ၊ မိမိကိုယ်ကို လေးစားမှု နှင့် ယုံကြည်မှုတိုးလာခြင်း ၊ အသိုင်းအဝိုင်းစိတ်ဓါတ် နှင့် ဒီဂျစ်တယ်ခေတ်တွင် ဝင်ဆံ့လာနိုင်မှု တိုးလာခြင်း စသည်တို့မှာ iWomen စီမံချက်၏ အကျိုးသက်ရောက်မှုများစွာအနက်မှ အချို့ဖြစ်သည်။ မြန်မာ့ကျေးလက်ဒေသရှိ အမျိုးသမီးများ၏ လွတ်လပ်ခွင့်နှင့်အခွင့်အလမ်းများပြားလာမှု ၊ ၎င်းတို့၏ ကျေးရွာများတွင် ကျေးရွာခေါင်းဆောင်များ ၊ ဆုံးဖြတ်ချက်ချနိုင်သူများ ၊ လူထုနည်းပြများ ၊ ကျား/မအခြေပြုအကြမ်းဖက်မှုအတွက် အဓိကဆက်သွယ်ရန်ပုဂ္ဂိုလ်များစသည့် ၎င်းတို့၏အခန်းကဏ္ဍအသစ်အတွက် ဤအကျိုးသက်ရောက်မှုများက ပံ့ပိုးပေးနိုင်မည်။ အားလုံးခြုံ၍ဆိုရလျှင် အိုင်ဝန်းမန်းစီမံချက်သည် တီထွင်ဆန်းသစ်သော ဦးဆောင်ဦးရွက်ပြုမှု ဖြစ်ပြီး iWomen App  သည် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု [နယ်ပယ်] ၌   လူမှုနှင့်စိတ္တသုခ နှစ်ဖြာအား ပစ်မှတ်ထားသည့် အနည်းငယ်မျှသော အက်ပလီကေးရှင်းများအနက်မှ တခုဖြစ်သည်။

[1] ဤလေ့လာမှုတွင် ပါဝင်သော စာရင်းအင်းအားလုံးမှာ ၂၀၁၇ ဒီဇင်ဘာလတွင် နောက်ဆုံးရရှိထားသည်များ ဖြစ်သည်။