ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP)

အထူးပြု နယ်ပယ်

မျိုးဆက်သစ် ယူအန်ဒီပီ

 

ယနေ့ခေတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုများသည် ရှုပ်ထွေးပြီး အကြောင်းအရာအလိုက် ကွာခြားသည်။ ထို့ကြောင့် ကျွန်ုပ်တို့ အနေနှင့် ကျွန်ုပ်တို့ တာဝန်ထမ်းဆောင်ရာ နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစွာပြင်ဆင် လုပ်ကိုင်လျက်ရှိသည်။

ယူအန်ဒီပီ၏ မဟာဗျူဟာစီမံကိန်း(၂၀၁၈ မှ ၂၀၂၁)ကို ကျွန်ုပ်တို့တာဝန်ထမ်းဆောင်ရွက်ရာ နိုင်ငံများ၏ ကျယ်ပြောသော မတူကွဲပြားမှုများနှင့် လိုက်လျောညီထွေဖြစ်အောင် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ မတူကွဲပြားမှုကို ကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေအနေသုံးရပ်ဖြစ်သော  - ဆင်းရဲနွမ်းပါးမှု အမြစ်ပြတ်တိုက်ဖျက်ရေး၊ စနစ်ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးများ နှင့် ဒဏ်ခံနိုင်စွမ်းတည်ဆောက်ရေး တို့တွင်ထင်ဟပ်တွေ့ရှိနိုင်သည်။

ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အပြင်အဆင်သုံးရပ်


ဆင်းရဲနွမ်းပါးမှုကို အသွင်စုံ၊ ရှုထောင့်ပေါင်းစုံမှ အမြစ်ပြတ် တိုက်ဖျက်ရေး

ဖွဲ့စည်းပုံပြောင်းလဲမှုများကို အရှိန်မြှင့်တင်ရေး

မထင်မှတ်သော ပြောင်းလဲမှုများနှင့် ကပ်ဘေးအန္တရာယ်များအား ဒဏ်ခံနိုင်စွမ်း တည်ဆောက်ရေး

ထိုပြဿနာများကို တုံ့ပြန်ရန်နှင့် ပြဿနာများဆိုင်ရာ အရင်းအမြစ်များအပေါ် ပိုမိုအာရုံစိုက်၍ ပညာရှင်အမြင်များကို ၂၀၃၀ လုပ်ငန်းစဉ်အစည်းအဝေးတွင်တင်ပြသွားနိုင်ရန် ယူအန်ဒီပီသည် ကိုယ်ပိုင် ပြဿနာဖြေရှင်းချက်ဟုခေါ်သည့် ချဉ်းကပ်နည်းလမ်း စုစည်းမှု တစ်ခုကို ချမှတ်ပေးခဲ့သည်။

 

နယ်ပယ်ခြောက်ရပ် ရှိ ပြဿနာများကို ဖြေရှင်းရန်နည်းလမ်းများ

 

နယ်ပယ်ခြောက်ရပ်ရှိ ပြဿနာများကို ဖြေရှင်းရန်နည်းလမ်းများ သည် စစ်မှန်သည့် ထိရောက်မှု ပေးစွမ်းနိုင်ရန် ကျွန်ုပ်တို့တွင်ရှိသော ရင်းမြစ်များနှင့် ပညာရှင်အမြင်များ ပေါင်းစပ်မှုများဖြင့် ချိန်ညှိထားသည့် ဖွံ့ဖြိုးတိုးတက်မှုရှေးရှုသော ဘက်ပေါင်းစုံ တုံပြန်ချက်များ ဖြစ်သည်။

 

ပြည်သူများအား ဆင်းရဲနွမ်းပါးမှု မှလွတ်မြောက်စေရန် ဆောင်ရွက်ခြင်း

 

ငြိမ်းချမ်းသော၊ တရားမျှတသော၊ အားလုံးအကျုံးဝင်သော လူမှုအဖွဲ့အစည်းများအတွက် အုပ်ချုပ် ရေးစနစ်

 

ဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း နှင့် ဒဏ်ခံနိုင်စွမ်း မြှင့်တင်ရေး

 

သဘာဝပတ်ဝန်းကျင် - ဖွံ့ဖြိုးတိုးတက်မှုများအတွက် သဘာဝအခြေခံ ဖြေရှင်းချက်များ

ညစ်ညမ်းမှု မရှိသော တန်ဖိုးသင့် စွမ်းအင်များ ရရှိရေး

အမျိုးသမီးများ စွမ်းအားမြှင့်တင်ရေးနှင့် ကျား/မ အခွင့်အရေးတန်းတူ ရရှိရေး

 

ထိုဖြေရှင်းနည်းတစ်ခုစီတွင် မူဝါဒဆိုင်ရာ အကြံပေးမှု၊ နည်းပညာဆိုင်ရာ အထောက်အပံပေးခြင်း၊ ဘဏ္ဍာရေးအထောက်အပံ့နှင့် အစီအစဉ်များ ပါဝင်သည်။ ဖြေရှင်းနည်း တစ်ခုတိုင်းတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများကို လမ်းဖွင့်ပေးနိုင်မည့် အလားအလာ ရှိနေသည်။ သို့သော်လည်း ဖြေရှင်းနည်းများသည် ၎င်းတစ်ခုတည်း ရပ်တည် အောင်မြင်နိုင်မည် မဟုတ်ပေ။ ကျွန်ုပ်တို့အနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ (SDG) ကို ရရှိရန် ထိုဖြေရှင်းချက်များအားလုံးကို လိုအပ်သည်။

 


 

ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ

 

ခေတ်သစ်တစ်ခုအတွက် စီမံကိန်းသစ်တစ်ခုကို အကောင်အထည်ဖော်သည့်အလျောက် ကျွန်ုပ်တို့၏ ဆယ်စုနှစ် ငါးစုကျော် လုပ်ဆာင်ချက်များအတွင်း နိုင်ငံများနှင့် အထူးဒေသပေါင်း ၁၇၀ ခန့်တွင် ကျွန်ုပ်တို့၏ အင်အားများ၊ လက်တွေ့အခြေအနေများ တည်ဆောက်မှုကို တွေ့မြင်နိုင်မည်ဖြစ်သည်။

 

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး