အပူပိုင်းဒေသရှိလယ်သမားများ၏ ဆည်မြောင်းသွယ်ခြင်းစနစ် ပိုမိုကောင်းမွန်စေရန် ရေစုပ်စက်များ ပေးအပ်

Tue Apr 03 00:00:00 UTC 2018

မော်တာရေစုပ်စက်များတပ်ဆင်ရန် လယ်သမားများ သင်ယူနေသည်ကို တွေ့ရစဉ်

ပြီးခဲ့သည့်အပတ်က ရွှေဘိုမြို့နယ်၌ ကျင်းပခဲ့သည့် အခမ်းအနားတစ်ခုတွင် မော်တော်ရေစုပ်စက် အလုံး ၇၀ ကို တောင်သူများထံ ဖြန့်ဝေခဲ့ပါသည်။ အဆိုပါ ရေစုပ်စက်များဖြင့် လူဦးရေ ၃၀၀၀ နီးပါးကို လွှမ်းခြုံ၍ ရေပေးဝေနိုင်ပြီဖြစ်ပြီး စပါး၊ ပဲ၊ ကြံ၊ ခရမ်းသီး၊ ခရမ်းချဉ်သီးနှင့် ကြက်သွန်စသည်များအား စိုက်ပျိုးနိုင်ရန် ဧက ၂၉၀၀ ကျော်အား ဆည်မြောင်းသွယ်ခြင်းများ ပြုလုပ်နိုင်ရန် ပံ့ပိုးကူညီနိုင်မည်ဖြစ်ပါသည်။

ရေရှည်တည်တံ့ခိုင်မြဲစေရေးအား ရည်ရွယ်ကာ သင့်လျော်သော စီမံခန့်ခွဲမှုနှင့် လုပ်ငန်းလည်ပတ်မှုဖြင့် ဆောင်ရွက်မည့် လယ်သမားအဖွဲ့များထံ ရေစုပ်စက်များအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဤပံ့ပိုးမှုကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၀န်ကြီးဌာနနှင့် ပူးပေါင်း၍ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်မှ အကောင်အထည်ဖော်၍ လိုက်လျောညီထွေရန်ပုံငွေ (Adaptation Fund) ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် ဆောင်ရွက်သော “မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေးစီမံကိန်း” မှ ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ဟင်္သာကြီးကျေးရွာမှအကျိုးခံစားခွင့်ရှိသူတစ်ဦး ဖြစ်သည့် ဦးမြင့်သိန်းက ယခုအခါ နွေရာသီတွင် ရေရရှိတော့မည်ဖြစ်၍ လာမည့်ရာသီတွင် ကြက်သွန်ထုတ်လုပ်မှုအား နှစ်ဆတိုးထုတ်နိုင်လိမ့်မည် ဟုပြောပါသည်။

လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူ၊ ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်ထူးနှင့် ခရိုင် အထွေထွေ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ရွှေဘိုခရိုင်နှင့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြတ်သိန်းမှ “အကျိုးခံစားရသူအများစုက ရေရှားပါးတဲ့ ရွှေဘိုအရှေ့ဘက်ခြမ်းက ဖြစ်တယ်ဆိုတာကို တွေ့ရလို့ ကျွန်တော် ဝမ်းသာပါတယ်။” ဟုပြောကြားခဲ့ပါသည်။

“မိုးခေါင်ခြင်းနှင့် ရေရှားပါးမှုဟာ မြန်မာနိုင်ငံအပူပိုင်းဒေသရဲ့ အဓိက ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တွေဖြစ်ပြီး ဒီအန္တရာယ်တွေကြောင့်ပဲ အပူပိုင်းဒေသတွေက တစ်နိုင်ငံလုံးမှာ စားနပ်ရိက္ခာ လုံခြုံမှုအနည်းဆုံး ဒေသတွေ ဖြစ်လာနေပါတယ်။ UNDP အနေနဲ့ ကျေးလက်နေ ဆင်းရဲနွမ်းပါးသူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုများကို စဉ်ဆက်မပြတ် ခြိမ်းခြောက်နေတဲ့ ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကူညီပေးရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။” ဟု UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Dawn Del Rio ကပြောကြားခဲ့ပါသည်။

“မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေးစီမံကိန်း” သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘို နှင့် မုံရွာ၊ မန္တလေးတိုင်းရှိ မြင်းခြံ နှင့် ညောင်ဦး၊ မကွေးတိုင်းဒေသကြီးရှိ ချောက်အစရှိသည့် မြို့နယ်ငါးခုတွင် နေထိုင်နေသည့် လူဦးရေ ၂၅၀,၀၀၀ ကျော်အား အကျိုးရရှိစေရန် ရည်ရွယ်ပါသည်။ ဤစီမံကိန်းအား ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ပြီးဆုံးမည်ဖြစ်ပါသည်။

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး