တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဥက္ကဌများ တတိယအကြိမ်မြောက် ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်

Mon May 14 00:00:00 UTC 2018

အမျိုးသားလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စူဇန်နာ လှလှစိုး ဝင်ရောက်ဆွေးနွေးနေစဉ် ဓာတ်ပုံ - ယမုံဖူးသစ်

နေပြည်တော်တွင် ပြုလုပ်သော နှစ်ရက်တာ ခေါင်းဆောင်မှု ဆွေးနွေးပွဲအပြီးတွင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ လွှတ်တော် ဥက္ကဌနှင့် ဒုဥက္ကဌများသည် ၎င်းတို့၏ မဟာဗျူဟာမြောက် ဖွံ့ဖြိုးမှု ဦးစားပေးလုပ်ငန်းများကို မည်သို့ ပိုမို ထိရောက်ကောင်းမွန်အောင် ဆောင်ရွက်မည်ဟူသည့် နည်းလမ်းများကို သင်ယူလေ့လာခဲ့ကြပါသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဆောင်ရွက်ခဲ့သော အလားတူ ဆွေးနွေးပွဲများ၏ အောင်မြင်မှုအပေါ် အခြေခံကာ ယခု သင်တန်းသည် ပြီးခဲ့သည့် နှစ်က မူကြမ်းရေးဆွဲခဲ့သော လွှတ်တော် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာစီမံချက်များကို အကောင်အထည်ဖော်မည့် နည်းလမ်းများကို ဦးစားပေး ဆွေးနွေးခဲ့ပါသည်။ အဆိုပါ စီမံချက်များတွင် လွှတ်တော်ကိုယ်စားလှယ်နှင့် ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် လွှတ်တော် ရေးရာကော်မတီများ ဖွဲ့စည်းရေးတို့ကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

“ကျွန်တော်တို့ရဲ့ လွှတ်တော်ဟာ သက်တမ်းနုနယ်သေးတဲ့အတွက် သင်ယူလေ့လာစရာတွေ အများကြီး ကျန်နေပါသေးတယ်။” ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောပါသည်။ ပြည်ထောင်စု လွှတ်တော်သည်လည်း တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များနှင့် အလားတူ စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရပါသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ဖွဲ့စည်းပုံ အသစ်၊ ဝန်ထမ်းအသစ်များနှင့် ကျွမ်းကျင်မှုအသစ်များ

လက်ရှိအချိန်တွင် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ၁၄ ရပ်တွင် ၇ ရပ်သည် လွှတ်တော်လုပ်ငန်းရပ်များ ပိုမို ထိရောက်မှုရှိစေရန် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာစီမံချက်များကို ရေးဆွဲထားပြီးဖြစ်ပါသည်။ အဆိုပါ စီမံချက်များတွင် လွှတ်တော် စီမံခန့်ခွဲရေးရုံးပိုင်းမှ လွှတ်တော်ကိုယ်စားလှယ်များ၊ မျက်နှာစုံညီ အစည်းအဝေးများနှင့် ကော်မတီများကို ပံ့ပိုးပေးနိုင်မည့် ဝန်ဆောင်မှုများဖြစ်သည့် သုတေသနဆိုင်ရာ ပံ့ပိုးမှုနှင့် ဥပဒေဆိုင်ရာ မူကြမ်းရေးဆွဲခြင်း ပံ့ပိုးမှုများကို ဦးစားပေးဆောင်ရွက်နိုင်ရန် ရေးဆွဲထားသည်။ ဤစီမံချက်တွင် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ဆိုင်ရာ စီမံခန့်ခွဲရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်လျင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကိုလည်း ထည့်သွင်း ရေးဆွဲထားသည်။

ပြီးခဲ့သည့် ဧပြီလက စတင်ဆောင်ရွက်သော အဆိုပါ ပြုပြင်ပြောင်းလဲမှုတွင် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် စီမံခန့်ခွဲရေးရုံးများသည် ပြည်ထောင်စုလွှတ်တော် စီမံခန့်ခွဲရေးရုံးနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များသည် ဝန်ထမ်းအသစ်များကို ခေါ်ယူခန့်ထားပြီး အဆိုပါ ဝန်ထမ်းများ အများစုမှာ လွှတ်တော်ဆိုင်ရာ အတွေ့အကြုံမရှိကြသူများ ဖြစ်ကြပါသည်။ ထို့ကြောင့် လွှတ်တော်ဝန်ထမ်းများကို UNDP ၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ထားသော မြန်မာ လွှတ်တော် လေ့လာသင်ကြားရေးစင်တာတွင် သင်တန်းပေးလေ့ကျင့်ရန် ယခုပြုလုပ်သော ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဝန်ထမ်းများအတွက် လုပ်ငန်းဖွံ့ဖြိုးမှုဆိုင်ရာ လိုအပ်ချက်များကို အသေးစိတ် ဆွေးနွေးရန် အခွင့်အလမ်းရရှိခဲ့ကြပါသည်။

တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုးက “ဖွဲ့စည်းပုံအသစ်မှာ ကျွန်တော်တို့ ဝန်ထမ်းတွေ အမြောက်အမြား ခန့်ထားခဲ့ပါတယ်။ လွှတ်တော်လုပ်ငန်းတွေမှာ ထိထိရောက်ရောက် ကူညီနိုင်ဖို့ သူတို့အတွက် ကျွမ်းကျင်မှုတွေ၊ ဗဟုသုတတွေ အများကြီးလိုအပ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ အသိပညာတွေနဲ့ ကျွန်တော်တို့ လွှတ်တော်မှာ လိုအပ်နေတဲ့ အချက်တွေကို ရှာဖွေဖော်ထုတ်ပြီး ဝန်ထမ်းတွေအတွက် သင်တန်းတွေ ပေးသွားမှာပါ။” ဟု ပြောသည်။
 
ကော်မတီဆိုင်ရာ ကြားနာစစ်ဆေးမှုကို စတင်ဆောင်ရွက်ခြင်း

ဆွေးနွေးပွဲတွင် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် လွှတ်တော်များ၏ ရေးရာကော်မတီများဖွံ့ဖြိုးမှုနှင့် နိုင်ငံတကာ အကောင်းဆုံး အမူအကျင့်အများနှင့်အညီ ကော်မတီ ကြားနာစစ်ဆေးမှုကို ဆောင်ရွက်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။

လွှတ်တော်၏ ရေးရာကော်မတီများသည် ဦးစားပေးကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ပြည်သူ့ငွေစာရင်းကော်မတီသည် အစိုးရ၏ ဘက်ဂျက်နှင့် သုံးငွေ စာရင်းများကို စစ်ဆေးသုံးသပ်ပြီး ပွင့်လင်းမြင်သာမှု ရှိစေရန် တိုက်တွန်းအားပေးပါသည်။ ရေးရာကော်မတီများသည် ပြည်သူအများ စိတ်ပါဝင်စားသည့် ကိစ္စရပ်များကို ကြားနာစစ်ဆေးမှု စတင်ပြုလုပ်နိုင်ပြီး လွှတ်တော်မျက်နှာစုံညီ အစည်းအဝေးသို့ အကြံပြုထောက်ခံချက်တင်ပြပြီး အစိုးရထံ အဆိုပါကိစ္စရပ်ကို ထည့်သွင်းစဉ်းစားနိုင်ရန် တင်ပြတိုက်တွန်းနိုင်ပါသည်။

“ဒီဆွေးနွေးပွဲ တလျှောက်လုံးမှာ ရေးရာကော်မတီတွေအနေနဲ့ အစိုးရအဖွဲ့တွေကို ဘယ်လို စောင်ကြည့်လေ့လာနိုင်မယ်ဆိုတာကို တခြားသူတွေနဲ့ အသိပညာတွေ ဖလှယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ရေးရာကော်မတီတွေရဲ့ အခန်းကဏ္ဍနဲ့ တာဝန်တွေနဲ့ ဥပဒေပြုရေးနဲ့ စောင့်ကြပ်ကြည့်ရှုရေးတွေကို ဘယ်လို ပိုမိုထိရောက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကို ပြန်ရောက်တဲ့အခါမှာ ဒီဆွေးနွေးပွဲမှာ လေ့လာခဲ့ရတာတွေကို ပြန်လည်အသုံးချသွားပါမယ်။” ဟု မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးအောင်နိုင်ဦးက ပြောပါသည်။

လွှတ်တော် ဖွံ့ဖြိုးမှုအတွက် ဆက်လက်ပံ့ပိုးသွားမည့် UNDP ၏ ကတိကဝတ်

ဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ပီတာဘတ်ချ်လာက UNDP သည် ၂၀၁၂ ခုနှစ်ခန့်မှ စတင်ကာ မြန်မာနိုင်ငံ လွှတ်တော်များ၏ ယုံကြည်စိတ်ချရသော မိတ်ဖက်ဖြစ်ခဲ့ပါသည်ဟု ပြောပါသည်။ “ကျွန်ုပ်တို့ရဲ့ ၂၀၁၈-၂၂ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်မှာ ကျွန်တော်တို့ဟာ ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး/ပြည်နယ် အဆင့် လွှတ်တော်တွေကို ဆက်လက်ပံ့ပိုးသွားမှာပါ။” ဟု ပြောသည်။

ဆွေးနွေးပွဲကို နေပြည်တော်ရှိ လွှတ်တော် လေ့လာသင်ကြားရေးစင်တာတွင် ပြုလုပ်ခဲ့ပြီး တက်ရောက်သူ ၄၂ ဦးခန့် ရှိပါသည်။ တိုင်းဒေသကြီး/ပြည်နယ်များမှ လွှတ်တော် ဥက္ကဌနှင့် ဒုဥက္ကဌများအပြင် လွှတ်တော် စီမံခန့်ခွဲမှု ရုံးပိုင်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များလည်း တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် UNDP မှ ကိုယ်စားလှယ်များနှင့် အခြား ဖိတ်ကြားထားသည့် ကျွမ်းကျင်သူများဖြစ်သည့် Australian House of Representatives and New South Wales Provincial Parliament မှ လွှတ်တော် ကိုယ်စားလှယ်ဟောင်း Janelle Saffin နှင့် Australian House of Representatives မှ ကော်မတီရေးရာ ကျွမ်းကျင်သူ Sara Edson တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ UNDP ၏ လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးမှု လုပ်ငန်းများကို ဩစတေးလျ၊ ဒိန်းမတ်၊ ဖင်လန်၊ ဆွီဒင် နှင့် ဗြိတိန်တို့မှ ပံ့ပိုးပေးခဲ့ပါသည်။

 

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး