မြန်မာနိုင်ငံမှ တရားရုံးများတွင် တရားရေးဆိုင်ရာ ဝန်ထမ်းများနှင့် အရာရှိများ အရေအတွက် ပိုမိုရှိလာကာ မြို့နယ်များရှိ One Stop Shop များတွင် တရားဥပဒေဆိုင်ရာ အထောက်အကူပေး‌ရေး ကောင်တာများ ဖွင့်လှစ်ခြင်း သို့မဟုတ် တိုင်စာများနှင့် အခြား တရားရုံးဆိုင်ရာ စာရွက်စာတမ်းများ ဖြည့်ရာတွင် ပြည်သူတို့၏ မေးခွန်းများကို ဖြေကြားပေးရန် မြို့နယ်တရားရုံးများတွင် ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်နိုင်ပါက မြန်မာနိုင်ငံမှ တရားရုံးမည်မျှသည် ပြည်သူများအတွက် လိုအပ်သော ဥပဒေဆိုင်ရာ ဝန်ဆောင်မှုများကို ပြုလုပ်ပေးနိုင်မည်ထင်ပါသနည်း။ မြန်မာနိုင်ငံ အစိုးရဝန်ထမ်းကဏ္ဍတွင် လူသားအရင်းအမြစ်ဆိုင်ရာ ကန့်သတ်ချက်များရှိနေသည့်အတွက် ဝန်ထမ်း အမြောက်အမြား ထပ်မံ ခန့်ထားရန်မှာ လက်တွေ့ကျသော ဖြေရှင်းချက် မဟုတ်ပါ။ လက်ရှိ ရှိနေသော ဝန်ထမ်းများကို ပြည်သူများ၏ လိုအပ်ချက်ကို တိုက်ရိုက် ဖြည့်ဆည်းပေးနိုင်မည့် တန်ဖိုးရှိသော ဝန်ဆောင်မှုအသစ်များကို ဆောင်ရွက်ပေးရန် လူသားအရင်းအမြစ်များကို စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် အစီရင်ခံခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ အားကောင်းလာစေရန် မြှင့်တင်ခြင်းသည် သင့်လျော်သော ဖြေရှင်းချက် တစ်ခု ဖြစ်ပါသည်။

တရားရေးအရာရှိများအတွက် အစီရင်ခံခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် လက်ရှိဆောင်ရွက်နေရသော အလုပ်ပမာဏကို ခေတ်မီစနစ်များဖြင့် လျှော့ချပေးနိုင်ပါသည်။ ဩဂုတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေပြည်တော်တွင် ဩစတေးလျ ဖက်ဒရယ်တရားရုံး (FCA) နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် (OSCU) တို့သည် UNDP နှင့် ပူးပေါင်းကာ တတိယမြောက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသည် UNDP နှင့် OCSU တို့၏ ဆက်လက်ကြိုးပမ်းမှုဖြစ်သည့် စမတ်ဖုန်းနှင့် တက်ဘလက်အခြေပြု အက်ပလီကေးရှင်းကို အသုံးပြုကာ တရားရေးဝန်ထမ်းများအနေဖြင့် စစ်ဆေးဆဲ ကိစ္စရပ်များတွင် တရားရုံးဆိုင်ရာ သတင်းအချက်အလက်များကို အက်ပလီကေးရှင်းပေါ်သို့ တင်နိုင်သည့် တရားရေးဆိုင်ရာ သတင်းအချက်အလက် စနစ် (Case Information System) ကို အမှန်တကယ်ဖြစ်လာရန် ဆွေးနွေးတိုင်ပင်ရန် ရည်ရွယ်ပါသည်။ အက်ပလီကေးရှင်းကို ဖော်ဆောင်ပြီးပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူးများအနေဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တောင်းခံသော အချက်အလက်များကို ဝန်ထမ်းများ၏ အကူအညီမပါပဲ ရှာဖွေနိုင်ရန် ကူညီပေးမည်ဖြစ်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသော မန္တလေးတိုင်းဒေသကြီးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတို့မှ တရားရေး အရာရှိများကို နေပြည်တော်တွင် တွေ့ရစဉ်

အလုပ်ရုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများမှ တရားသူကြီးများနှင် တရားရေး အရာရှိများသည် ၎င်းတို့၏ အစီရင်ခံခြင်းဆိုင်ရာ လက်ရှိတာဝန်များကို OSCU မှ တာဝန်ရှိသူများကို ရှင်းလင်းပြောပြခဲ့ကြပြီး လစဉ် ဤအစီရင်ခံစာများကို စုစည်းတင်ပြရန် အချိန်နှင့် အားထုတ်မှု မည်မျှလိုအပ်သည်ကို ဝေမျှခဲ့ကြပါသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် (OSCU) နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ တရားရေးအရာရှိများအကြား ခိုင်မာအားကောင်းသည့် ထိတွေ့ဆက်ဆံမှု မရှိသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိရပါသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် တရားရေးစနစ်ကို ပြည်ထောင်စုအဆင့် ဖြေရှင်းချက်များ ဖော်ဆောင်ရန် တရားရုံးများတွင် ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကို လိုအပ်သလို၊ တရားရုံးများဘက်ကလည်း ပြည်သူများအတွက် တရားရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေရင်းဖြင့်ပင် ဤသတင်းအချက်အလက်များကို ပေးပို့နေကြရပါသည်။ အစီရင်ခံခြင်း တာဝန်ကြောင့် တရားရုံးများတွင် အချိန်ကုန်စေပြီး ၎င်းတို့ ဆောင်ရွက်ရမည့် တာဝန်များကို လစ်ဟင်းစေပါသည်။ ၎င်းတို့၏ တောင်းဆိုချက်များကြောင့် အမှန်တကယ် ကြုံတွေ့နေရသော နောက်ဆက်တွဲဖြစ်ရပ်များကို အသိပေးတင်ပြခြင်းသည် တရားရေးဆိုင်ရာ သတင်းအချက်အလက် စနစ် ဖြစ်ပေါ်လာစေရန် အရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က UNDP သည် မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် တရားရုံးများမှ အမှုဆိုင်ရာ သတင်းအချက်အလက်များကို မည်သို့ ကောက်ယူနေသည်ကို လေ့လာခဲ့ပါသည်။ မြို့နယ်တရားရုံးများမှ ကောက်ခံနေသော အချက်အလက်များသည် ကိုလိုနီခေတ်က အသုံးပြုခဲ့သော ပုံစံများသာဖြစ်နေပြီး ယနေ့ခေတ်အခြေအနေနှင့် ကိုက်ညီမှု မရှိသည်ကို တွေ့ရပါသည်။ ဝန်ထမ်းများသည် တရားရုံးမှတ်ပုံတင်ပုံစံကို ဓာတ်ပုံရိုက်ယူပြီး ဒေသဆိုင်ရာ တရားရုံးသို့ ပို့ရာတွင် အဆိုပါ ဓာတ်ပုံကို ကြည့်ရှု၍ စာဖြင့် ပြန်လည် ကူးယူရေးသားလေ့ရှိပါသည်။ ယင်းသို့ ပြုလုပ်ခြင်းသည် ပြန်လည်ကူးယူရာတွင် အမှားအယွင်းများရှိနိုင်ခြင်းနှင့် ဝန်ထမ်းများအတွက် အချိန်ကုန်စေခြင်းတို့ ဖြစ်နိုင်ပါသည်။ သေချာစွာ ဒီဇိုင်းရေးဆွဲထားသည့် အက်ပလီကေးရှင်းကိုသာ အသုံးပြုမည်ဆိုပါက မိနစ်အနည်းငယ်သာ ကြာမြင့်မည်ဖြစ်ပါသည်။

ဩစတေးလျ ဖက်ဒရယ်တရားရုံး၏ Business Intelligence Services မန်နေဂျာ Mr. Ahilan Mackinam က ၎င်းတို့ ကောက်ယူခဲ့သော အချက်အလက်များသည် မှန်ကန်ပြီး ဝန်ထမ်းများအတွက် အချိန်ကုန် သက်သာစေသည်ဟု ပြောပြခဲ့ပါသည်။

နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတွင် တရားရုံးများမှ ရရှိသော အချက်အလက်များကို အခြေခံကာ အစီရင်ခံစာများ ဖော်ဆောင်ရေးစီမံကိန်းကို စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါ အစီရင်ခံစာများသည် တရားရေးစနစ်အတါင်း မည့်သည့် အမှုများကို ကြားနာနေသည်ကို အချိန်နှင့် တပြေးညီ သိရှိနိုင်စေမည်ဖြစ်ပါသည်။

ဤအလုပ်ရုံဆွေးနွေးပွဲသည် ဩစတေးလျ ဖက်ဒရယ်တရားရုံးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ သတင်းအချက်အလက် ဖလှယ်ရန်နှင့် နည်းပညာအကူအညီပေးရန် ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်မှုကို ပံ့ပိုးပေးပါသည်။ တရားရုံးအဆင့်ဆင့်မှ အချက်အလက်များ ကောက်ယူခြင်း၊ ကောက်ယူရရှိသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်းနှင့် နှစ်ပတ်လည် အစီရင်ခံစာများ ထုတ်ပြန်ခြင်းတို့တွင် UNDP သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ပံ့ပိုးလျက်ရှိပါသည်။ UNDP သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ ဝန်ထမ်းများကို ဆစ်ဒနီရှိ ဩစတေးလျ ဖက်ဒရယ်တရားရုံးသို့ သွားရောက်ကာ နှစ်ပတ်လည် အစီရင်ခံစာများအတွက် အချက်အလက် ကောက်ယူခြင်းနှင့် ပြုစုခြင်းတို့ကို သွားရောက်လေ့လာရန် ပံ့ပိုးပေးခဲ့ပါသည်။ ထို့ပြင် UNDP သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးအတွက် ဩစတေးလျ ဖက်ဒရယ်တရားရုံး၏ Chief Registrar မှ ဆောင်ရွက်ပေးသည့် Change Management and Court Leadership အဆင့်မြင့် အလုပ်ရုံဆွေးနွေးပွဲကိုလည်း ပံ့ပိုးပေးခဲ့ပါသည်။

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး