ပြည်သူ့အသံကို နားထောင်ခြင်း - မြန်မာနိုင်ငံတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ မည်မျှ ကောင်းမွန်စွာ ဆောင်ရွက်နေသည်ကို လေ့လာခြင်း

2019- May 13

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဒစ်ဂျစ်တယ်စစ်တမ်းကောက်ယူမှုဖြစ်သည့် ပြည်သူ့ သဘောထားအမြင်စစ်တမ်းကို မြန်မာနိုင်ငံတဝှမ်းတွင် ကောက်ယူလျက်ရှိပါသည်။ အဆိုပါ စစ်တမ်းကို အစိုးရ၏ ဝန်ဆောင်မှုများကို ရယူရာတွင် ပြည်သူတို့၏ အမြင်နှင့် အတွေ့အကြုံများကို ပိုမိုသိရှိနိုင်ရန် ဗဟို စာရင်းအင်းအဖွဲ့ (CSO) နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ (UCSB) တို့က ဦးစီးဆောင်ရွက်လျက် ရှိပါသည်။ ပြည်သူ့ဝန်ဆောင်မှုများ၏ အရည်အသွေးအပေါ် ပြည်သူတို့၏ အမြင်ကို အကဲဖြတ်သုံးသပ်ရာတွင် ဆန်းသစ်တီထွင်မှု နည်းပညာကို မည်သို့ အသုံးပြုသည်ကို လေ့လာကြည့်ကြပါစို့။

By Marc Weilenmann, Monitoring, Evaluation and Reporting Officer (LEAP)

ဗဟိုစာရင်းအင်းအဖွဲ့မှ စစ်တမ်းကောက်ယူသူတစ်ဦးက ၂၀၁၉ ခုနှစ်တွင် စစ်တမ်းမေးခွန်းများ မေးမြန်းနေစဉ်

ဗဟိုစာရင်းအင်းအဖွဲ့မှ စစ်တမ်းကောက်ယူသူတစ်ဦးက ၂၀၁၉ ခုနှစ်တွင် စစ်တမ်းမေးခွန်းများ မေးမြန်းနေစဉ်

“ပြည်သူ့ဝန်ဆောင်မှုတွေကို ရယူသုံးစွဲနေကြသူတွေရဲ့ သဘောထားအမြင်နဲ့ အတွေ့အကြုံတွေကို မူဝါဒရေးဆွဲသူတွေအနေနဲ့ ခိုင်ခိုင်မာမာ ကိုးကားလောက်တဲ့ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ စစ်တမ်းမျိုး အရင်က မရှိခဲ့ဘူးသေးပါဘူး” ဟု မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းကဏ္ဍ၏ ခေါင်းဆောင်မှု၊ ထိရောက်မှု၊ လိုက်လျောညီထွေဖြစ်စေမှုနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်မှု စီမံချက် (LEAP) ၏ စီမံချက် မန်နေဂျာ Valentina Bianchini က ပြောသည်။ ယခုနှစ်တွင် အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ပြည်သူလူထု၏ သဘောထားအမြင်စစ်တမ်း (PPSoGS) ကို ဆောင်ရွက်လျက်ရှိပြီ အစိုးရ၏ ဝန်ဆောင်မှုလုပ်ငန်းများကို ရယူရာတွင် ပြည်သူများ၏ အမြင်များကို ကောက်ခံလျက်ရှိပါသည်။



ဗဟိုစာရင်းအင်းအဖွဲ့မှ စစ်တမ်းကောက်ယူသူတစ်ဦးက ၂၀၁၉ ခုနှစ်တွင် စစ်တမ်းမေးခွန်းများ မေးမြန်းနေစဉ်


“ပြည်သူ့ဝန်ဆောင်မှုတွေအပေါ်အမြင်တွေကို သိရှိနိုင်ဖို့ ဒီဝန်ဆောင်မှုတွေကို တကယ်သုံးစွဲနေသူတွေကို မေးမြန်းရပါမယ်” ဟု Valentina က ဆက်လက်ပြောဆိုခဲ့ပါသည်။ ဧပြီလကုန်တွင် လူဦးရေ ၂,၅၀၀ အနက် ၁,၇၁၃ ဦးကို ပြည်သူ့ဝန်ဆောင်မှုများရယူရာတွင် ၎င်းတို့၏ အတွေ့အကြုံများ၊ အဂတိလိုက်စားမှုကို ထိတွေ့ကြုံဆုံခဲ့ခြင်း ရှိမရှိတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ကောက်ယူရရှိသော အချက်အလက်များကို အမျိုးအစားခွဲခြားကာ တင်ပြမည်ဖြစ်ပြီး မူဝါဒရေးဆွဲသူများအတွက် အရေးပါသော သတင်းအချက်အလက်များကို ပေးနိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် PPSoGS စစ်တမ်း၏ တွေ့ရှိချက်အရ ပြည်သူများ လက်ရှိအသုံးပြုနေသော ပြည်သူ့ဝန်ဆောင်မှု အရေအတွက်မှာ အံ့အားသင့်ဖွယ်ကောင်းအောင် နည်းပါးလျက်ရှိနေသည်ကို တွေ့ရပါသည်။ (ဝန်ဆောင်မှု ငါးခုသာ၊ ၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ စာရင်းအရ)

နိုင်ငံတော်၏ ပိုင်ဆိုင်မှုကို သေချာစေခြင်း - နိုင်ငံတော်အဆင့် မိတ်ဖက်ပြုမှုများနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းများကို အားပေးမြှင့်တင်ခြင်း

စစ်တမ်းများ မည်သည့်ကောက်ကွက်များတွင် ကောက်ခံပြီးစီးသည်ကို Google maps ပေါ်တွင် ပြသထားသည်ကို တွေ့ရစဉ် (ဧပြီ ၂၀၁၉)

UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Peter Batchelor က “မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီစစ်တမ်းကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့အတွက် UNDP အနေနဲ့ ဝမ်းမြောက်ရပါတယ်။ ဒီလို ဆောင်ရွက်မှုအတွက် နိုင်ငံတော်ရဲ ပိုင်ဆိုင်မှုက အရမ်းကို အရေးကြီးပါတယ်။ ဒီလုပ်ငန်းကို ဆောင်ရွက်ဖို့ အသင့်တော်ဆုံးသူတွေဖြစ်တဲ့ CSO နဲ့ UCSB တို့က တာဝန်ယူဦးဆောင်တာအပြင် ဒီအဖွဲ့အစည်းတွေရဲ့  စွမ်းဆောင်ရည် မြှင့်တင်မှုတွေကိုပါ ဆောင်ရွက်ပေးပြီး ဖွံ့ဖြိုးမှုလုပ်ငန်းရပ်တွေကို ရေရှည်တည်တံ့စေတဲ့အတွက် အရမ်းကို အကျိုးရှိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ဤစစ်တမ်းသည် ဗဟို စာရင်းအင်းအဖွဲ့ (CSO) နှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ (UCSB) တို့ကို အတူတကွ ပူးပေါင်းဆောင်ရွက်စေပြီး အားလုံးပါဝင်နိုင်သော အချက်အလက်အခြေပြု မူဝါဒရေးဆွဲခြင်းတို့ကို ဆောင်ရွက်ရန် အခွင့်အလမ်းကို ပေးပါသည်။ LEAP စီမံချက်သည် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ‘နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက် (၂၀၁၇-၂၀၂၀) ကို အကောင်အထည်ဖော်ရာတွင် ပံ့ပိုးလျက်ရှိပြီး ကွန်ပျုတာစနစ်သုံး အင်တာဗျူး မေးမြန်းခြင်းစနစ် (CAPI) ကို အသုံးပြ၍ စစ်တမ်းကောက်ယူရန် ဗဟို စာရင်းအင်းအဖွဲ့ကို နည်းပညာပံ့ပိုးပေးပါသည်။ နိုင်ငံတော်အဆင့်တွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ၏ အမျိုးသားအဆင့် အဓိကညွှန်ကိန်း မူဘောင်သည် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုလုပ်ငန်း၏ အကျိုးသက်ရောက်မှုများကို စောင့်ကြည့်တိုင်းတာရာတွင် ဤ PPSoGS စစ်တမ်းမှ ရရှိသော အချက်အလက်များကို အခြေပြုမည်ဖြစ်ပါသည်။


ဗဟိုစာရင်းအင်းအဖွဲ့မှ အိုင်တီနှင့် စာရင်းအင်းဝန်ထမ်း ၃၀ ကျော်ကို UNDP မှ သင်တန်းပေးခဲ့ပါသည် (ဒီဇင်ဘာ ၂၀၁၈)


စွမ်းဆောင်ရည်မြှင့်တင်မှုများ (အသိပညာ ဖြန့်ဝေခြင်း) ကို ဆောင်ရွက်ခြင်းဖြင့် ဗဟိုစာရင်းအင်းအဖွဲ့၏ ဝန်ထမ်းများသည် စစ်တမ်းကောက်ယူရာတွင် တစ်ဦးချင်းစီ၏ တာဝန်နှင့် ဝတ္တရားများကို ကောင်းစွာ နားလည်သဘောပေါက်စေပါသည်။ စစ်တမ်းကောက်ယူသူများ၊ အမျိုးသမီးများသာ ပါဝင်သော အိုင်တီအဖွဲ့နှင့် စစ်တမ်းကြီးကြပ်သူများသည် ၎င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ခဲ့ပြီး စစ်တမ်းဆိုင်ရာ နည်းလမ်းများ၊ စာရင်းအင်းဆိုင်ရာ ခိုင်မာသေချာမှုနှင့် အရည်အသွေးစစ်ဆေးမှုတို့နှင့် ပတ်သက်၍ နိုင်ငံတကာမှ ကျွမ်းကျင်သူများ အကြံဉာဏ်များကိုလည်း ရရှိခဲ့ပါသည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုလုပ်ငန်း၏ အကျိုးသက်ရောက်မှုများကို စောင့်ကြည့်တိုင်းတာနိုင်ပြီ ဖြစ်ပါသည်။ ဥပမာအားဖြင့် ကွင်းဆင်းကောက်ယူရာတွင် ဗဟိုစာရင်းအင်းအဖွဲ့မှ ကောက်ယူသူများသည် CAPI စနစ်ကို အသုံးပြုကာ အင်တာဗျူး တစ်ခုလျင် အချိန် ၁၀ မိနစ်ခန့် သက်သာစေပါသည်။

စွမ်းဆောင်ရည်မြှင့်တင်မှုများ (အသိပညာ ဖြန့်ဝေခြင်း) ကို ဆောင်ရွက်ခြင်းဖြင့် ဗဟိုစာရင်းအင်းအဖွဲ့၏ ဝန်ထမ်းများသည် စစ်တမ်းကောက်ယူရာတွင် တစ်ဦးချင်းစီ၏ တာဝန်နှင့် ဝတ္တရားများကို ကောင်းစွာ နားလည်သဘောပေါက်စေပါသည်။ စစ်တမ်းကောက်ယူသူများ၊ အမျိုးသမီးများသာ ပါဝင်သော အိုင်တီအဖွဲ့နှင့် စစ်တမ်းကြီးကြပ်သူများသည် ၎င်းတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ခဲ့ပြီး စစ်တမ်းဆိုင်ရာ နည်းလမ်းများ၊ စာရင်းအင်းဆိုင်ရာ ခိုင်မာသေချာမှုနှင့် အရည်အသွေးစစ်ဆေးမှုတို့နှင့် ပတ်သက်၍ နိုင်ငံတကာမှ ကျွမ်းကျင်သူများ အကြံဉာဏ်များကိုလည်း ရရှိခဲ့ပါသည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုလုပ်ငန်း၏ အကျိုးသက်ရောက်မှုများကို စောင့်ကြည့်တိုင်းတာနိုင်ပြီ ဖြစ်ပါသည်။ ဥပမာအားဖြင့် ကွင်းဆင်းကောက်ယူရာတွင် ဗဟိုစာရင်းအင်းအဖွဲ့မှ ကောက်ယူသူများသည် CAPI စနစ်ကို အသုံးပြုကာ အင်တာဗျူး တစ်ခုလျင် အချိန် ၁၀ မိနစ်ခန့် သက်သာစေပါသည်။

နည်းပညာကို အသုံးပြုခြင်း - အချက်အလက်များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ကောက်ခံပြီး စာရင်းအင်းဆိုင်ရာ အရည်အသွေးကို သေချာစေခြင်း

“You can save time!” says U Aung Moe Oo, CSO Deputy Statistician. It is the first time a Myanmar institution leverages Computer Assisted Personal Interviewing (CAPI) to make data collection and quality assurance more efficient. Interviewers enter the questionnaire responses into electronic tablets, and the data lands on the CSO cloud account the very same day. They digitalize data on the spot and add valuable information such as GPS locations and exact interview time.



ဗဟိုစာရင်းအင်းအဖွဲ့မှ စစ်တမ်းကောက်ယူသူတစ်ဦးက ၂၀၁၉ ခုနှစ်တွင် စစ်တမ်းမေးခွန်းများ မေးမြန်းနေစဉ်

 
“ကျွန်မတို့အနေနဲ့ စစ်တမ်းအဖြေတွေကို ဆာဗာကနေ တိုက်ရိုက် ဒေါင်းလုတ်လုပ်ပြီး စစ်ဆေးနိုင်ပါတယ်” ဟု ဗဟိုစာရင်းအင်းအဖွဲ့ စစ်တမ်းဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ထားဆွေက ပြောသည်။ ဥပမာအားဖြင့် နေ့စဉ် စစ်တမ်းအရည်အသွေးစစ်ဆေးမှုမှ တွေ့ရှိချက်အရ စစ်တမ်းကောက်ခံသည့် ပထမအပတ်တွင် အမျိုးသမီးကိုယ်စားပြုမှုများ များပြားနေသည်ကို တွေ့ရှိခဲ့ရပါသည်။ ဗဟိုစာရင်းအင်းအဖွဲ့၏ စာရင်းအင်းကျွမ်းကျင်သူများသည် ကောက်ခံရရှိသော အချက်အလက်များကို ချက်ချင်းစစ်ဆေးနိုင်ကြသောကြောင့် အဆိုပါ ပြဿနာကို ချက်ခြင်း သိမြင်ပြီး ဖြေရှင်းနိုင်ခဲ့ကြပါသည်။ ၎င်းတို့သည် ကွင်းဆင်းကောက်ခံသူများကို ချက်ချင်း ဆက်သွယ်ကာ အမျိုးသားများ ပါဝင်မှုကိုပါ ရရှိစေရန် စစ်တမ်းကောက်ခံသူများကို အချိန်မီ ညွှန်ကြားနိုင်ခဲ့ကြပါသည်။

မတ်လ ၂၉ ရက်နှင့် ဧပြီ ၁၂ ရက်အတွင်း ဆောင်ရွက်ခဲ့သော အင်တာဗျူးအရေအတွက်နှင့် ကျားမ အချက်အလက်များကို တွေ့ရစဉ်၊ ဧပြီ ၅ ရက်နေ့မှ စတင်၍ အမျိုးသားနှင့် အမျိုးသမီးပါဝင်မှု ကွာဟချက်သည် နည်းပါးလာသည်ကို ဤဇယားတွင် တွေ့ရပါသည်။ စစ်တမ်းအရည်အသွေး စစ်ဆေးမှုကို ဆောင်ရွက်ခြင်းဖြင့် စစ်တမ်းတွင် ကျားမပါဝင်မှုသည် ညီမျှလာသည်ကို တွေ့ရပါသည်။ ဧပြီ ၁၁ ရက်နေ့ စာရင်းအရ ကျားမပါဝင်မှုမှာ တန်းတူဖြစ်သည်ကို တွေ့ရပါသည်။


PPSoGS စစ်တမ်းသည် နည်းပညာသစ်များကို အသုံးပြုကာ ပြည်သူတို့၏ အသံများကို နားထောင်ခြင်း၊ နိုင်ငံတော်၏ ပိုင်ဆိုင်မှုကို ရရှိစေခြင်းနှင့် အစိုးရဌာနများကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပေးခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေပါသည်။ စစ်တမ်း အစီရင်ခံစာ အပြည့်အစုံကို ၂၀၁၉ ခုနှစ် ဒုတိယနှစ်ဝက်တွင် ထုတ်ပြန်နိုင်မည်ဟု ခန့်မှန်းထားပါသည်။ စစ်တမ်းကောက်ခံမှုဆိုင်ရာ နည်းစနစ်များနှင့် CAPI စနစ်အကြောင်း ပိုမိုသိရှိလိုပါက LEAP စီမံချက် မှ ထုတ်ပြန်ထားသော ပြည်သူ့အသံကို နားထောင်ခြင်း - မြန်မာနိုင်ငံတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ မည်မျှ ကောင်းမွန်စွာ ဆောင်ရွက်နေသည်ကို လေ့လာခြင်း စာစောင်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

Asking the people of Myanmar: Public Perception Survey of Government Services


ဗဟိုစာရင်းအင်းအဖွဲ့မှ စစ်တမ်းကောက်ယူသူတစ်ဦးက ၂၀၁၉ ခုနှစ်တွင် စစ်တမ်းမေးခွန်းများ မေးမြန်းနေစဉ်


LEAP စီမံချက်သည် PPSoGS စစ်တမ်းဆောင်ရွက်ရာတွင် နည်းပညာနှင့် ရန်ပုံငွေ ပံ့ပိုးမှုများကို ပေးအပ်လျက်ရှိပါသည်။ ဤစီမံချက်ကို) နှင့် Swedish International Development Cooperation Agency (SIDA) နှင့် the Australian Department of Foreign Affairs and Trade (DFAT) တို့မှ ရန်ပုံငွေ ပံ့ပိုးပေးပါသည်။