ဓာတ်ပုံ - ယူအဲန်ဒီပီ မြန်မာ

နေပြည်တော် မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသူ အချိုးအစားသည် ၂၀၀၅ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၄၈.၂ ရာခိုင်နှုန်း ရှိနေရာမှ ၂၀၁၇ ခုနှစ်တွင် ၂၄.၈ ရာခိုင်နှုန်းအထိ ထက်ဝက်ကျဆင်းသွားပါသည်။ ယင်းသည် ဗဟိုစာရင်းအင်းအဖွဲ့ (CSO) မှ UNDP နှင့် ကမ္ဘာ့ဘဏ်တို့၏ နည်းပညာအကူအညီဖြင့် ယနေ့ ထုတ်ပြန်လိုက်သည့် ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာအသစ်အဓိက တွေ့ရှိချက်ပင်ဖြစ်ပါသည်။ အဆိုပါ အစီရင်ခံစာသည် မြန်မာ နေထိုင်မှုအခြေအနေစစ်တမ်းမှ ရရှိသည့် အချက်အလက်များကို လေ့လာစိစစ် ပြုစုထုတ်ဝေသည့် အစီရင်ခံစာ ၃ ခုအနက် ဒုတိယမြောက် အစီရင်ခံစာဖြစ်ပါသည်။

ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ နောက်ဆုံးရ အချက်အလက်များအား နေရာဒေသ ကွဲပြားမှုအလိုက် ခန့်မှန်းတွက်ချက်တင်ပြထားပါသည်။ ၂၀၁၇ ခုနှစ်တွင် ခန့်မှန်းတွက်ချက်မှုအရ ဆင်းရဲနွမ်းပါးမှုသည် မည်သည့် နေရာဒေသတွင် နေထိုင်သည်ဆိုသည်နှင့် များစွာ ဆက်နွယ်မှုရှိကြောင်း အစီရင်ခံစာတွင် တင်ပြထားပါသည်။ ကျေးလက်ဒေသတွင် နေထိုင်သူများသည် မြို့ပြတွင် နေထိုင်သူများထက် ၂.၇ ဆ ပို၍ ဆင်းရဲနွမ်းပါးနိုင်ခြေရှိကြောင်း သိရပါသည်။ ချင်းပြည်နယ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်း အမြင့်ဆုံးဖြစ်ပြီး လူ ဆယ်ဦးတွင် ခြောက်ဦးသည် ဆင်းရဲနွမ်းပါးလျက် ရှိပါသည်။ ရခိုင်ပြည်နယ်တွင်မူ လူ ဆယ်ဦးတွင် လေးဦးခန့် ဆင်းရဲနွမ်းပါးနေပါသည်။ တနင်္သာရီ၊ မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီးများ၌ ဆင်းရဲမှုနှုန်း အနိမ့်ဆုံးဖြစ်ပြီး ၁၃ ရာခိုင်နှုန်းနှင့် ၁၄ ရာခိုင်နှုန်း ကြားတွင်သာ ရှိပါသည်။

ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရေး ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ မညီမျှမှုတွေ လျှော့ချရေးကို ဆောင်ရွက်ရာမှာ အထောက်အကူပြုဖို့ ရည်ရွယ်ပါတယ်။ ဒီအစီရင်ခံစာက ရရှိလာတဲ့ ရလဒ်တွေဟာ ဌာနဆိုင်ရာ မူဝါဒ ချမှတ်ခြင်းတွေ၊ ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် စီမံချက်ရေးဆွဲခြင်းတွ၊ စောင့်ကြပ်စစ်ဆေးခြင်းနဲ့ အကဲဖြတ်ခြင်းတွေကို ပိုမို အားကောင်းလာအောင် ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနား အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားပါသည်။

၂၀၀၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် အကြားတွင် ဆင်းရဲနွမ်းပါးမှုသည် သိသိသာသာ ကျဆင်းသွားသော်လည်း ထိခိုက်လွယ်မှုမှာ စိုးရိမ်ဖွယ် ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ လူဦးရေ၏ သုံးပုံတစ်ပုံသည် ၂၀၁၇ ခုနှစ်တွင် ဆင်းရဲနွမ်းပါးသူများ မဟုတ်ကြသော်လည်း အနာဂတ်ကာလတွင် ဆင်းရဲတွင်းသို့ ကျဆင်းသွားနိုင်ခြေ မြင့်မားသည့် ထိခိုက်လွယ်သူများ ဖြစ်နေကြပါသည်။ ၂၀၀၅ ခုနှစ်မှ စတင်၍ ဆင်းရဲမှုနှုန်းသည် ကျဆင်းလာပြီး ဆင်းရဲနွမ်းပါးသူမဟုတ်သည့် လူဦးရေအချိုးအစားသည်လည်း တိုးပွားလာနေသလို ထိခိုက်လွယ်သူများအဖြစ် သတ်မှတ်နိုင်သော လူဦးရေ အချိုးအစားမှာလည်း ၁၈ ရာခိုင်နှုန်းအထိ တိုးပွားလာနေပါသည်။

ဆင်းရဲနွမ်းပါးမှုသည် ကျေးလက်ဒေသတွင် နေထိုင်မှု၊ ပညာအရည်အချင်း နိမ့်ကျမှု၊ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်မှုများနှင့် ဆက်စပ်မှုရှိနေကြောင်း အထောက်အထားများအား အစီရင်ခံစာတွင် တင်ပြထားပါသည်။

စိုက်ပျိုးရေးကဏ္ဍပြင်ပတွင် ဝင်ငွေရရှိနိုင်မည့် အခြားနည်းလမ်းများကို ရှာဖွေနိုင်ခြင်းသည် အိမ်ထောင်စုများအား ဆင်းရဲမှုမှ လွတ်မြောက်ရန် အထောက်အကူ ပြုနိုင်ကြောင်း ဖော်ပြထားပါသည်။ မြေယာပိုင်ဆိုင်မှုသည် စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်သော အိမ်ထောင်စုများအကြား ဘဝဖူလုံရေးအတွက် အရေးပါသော အချက်တစ်ချက်ဖြစ်နေကြောင်းလည်း တွေ့ရှိရပါသည်။

“၂၀၀၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဆင်းရဲနွမ်းပါးမှုနှုန်း ထက်ဝက်ကျဆင်းသွားတယ်ဆိုတဲ့ အထင်ကြီးလောက်စရာ အောင်မြင်မှုကို ကျွန်ုပ်တို့ ချီးကျူးဂုဏ်ပြုလိုပါတယ်။ ဒါပေမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့ဟာ နောက်ကျကျန်နေသေးတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အသီးအပွင့်တွေကို ပြည်သူအားလုံး ခံစားနိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ဖို့ ဦးတည်လုပ်ငန်းတွေကို ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံအနေနဲ့ စာရင်းအင်းဆိုင်ရာစွမ်းရည်တွေကို ပိုမို အားကောင်းလာစေဖို့နဲ့ အရည်အသွေးပြည့်မီတဲ့ အချက်အလက်တွေကို ရရှိအောင် ဆက်လက် ကြိုးပမ်းသွားဖို့ လိုအပ်ပါတယ်။”  ဟု မြန်မာနိုင်ငံ ကမ္ဘာ့ဘဏ်ရုံးမှ အကြီးအကဲဖြစ်သူ Gevorg Sargsyan က ပြောသည်။

ဓာတ်ပုံ - ယူအဲန်ဒီပီ မြန်မာ

“UNDP အနေနဲ့ ကမ္ဘာ့ဘဏ်နှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့နဲ့ ပူးပေါင်းပြီး အခုလို ဆန်းသစ်တီထွင်တဲ့ အစီရင်ခံစာကို ပြုစုထုတ်ပြန်ရာမှာ ကူညီပံ့ပိုးခွင့်ရခဲ့တဲ့အတွက် အလွန်ပဲ ဝမ်းမြောက်ရပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အကောင်အထည်ဖော်မှုနဲ့ ဒေသန္တရအဆင့်များမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ (SDGs) အား ဒေသ၏ အခြေအနေများနှင့် လိုက်လျောညီထွေအောင် အကောင်အထည်ဖော်မှုတွေ ဆောင်ရွက်တဲ့နေရာမှာ အစီရင်ခံစာပါ တွေ့ရှိချက်များ လမ်းညွှန်အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ဟု UNDP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Peter Batchelor က ပြောသည်။ဒီသတင်းအချက်အလက်တွေဟာ သက်သေအထောက်အထားအခြေခံတဲ့ မူဝါဒ ချမှတ်မှုနဲ့ အားလုံးပါဝင်နိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲမှုရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ မူဝါဒတွေနဲ့ အစီအစဉ်ရေးဆွဲမှုတွေအတွက် မရှိမဖြစ်အရေးပါ ပါတယ်။ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

မြန်မာ နေထိုင်မှုအခြေအနေစစ်တမ်းသည် မြန်မာပြည်သူများ၏ ကျန်းမာပျော်ရွှင်မှု အခြေအနေအား ဘက်စုံ ဆန်းစစ်လေ့လာထားမှုတစ်ခု ဖြစ်ပါသည်။ တိုင်းပြည်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒများ ချမှတ်ရာတွင် အသုံးပြုနိုင်မည့်၊ မြန်မာနိုင်ငံ အစိုးရ၏ ဖွံ့ဖြိုးမှုပန်းတိုင်များသာမက တစ်ကမ္ဘာလုံးတွင် ဖော်ဆောင်လျက်ရှိသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၃၀ လုပ်ငန်းစဉ်အရ ချမှတ်ထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကိုပါ စောင့်ကြည့်လေ့လာရာတွင် အသုံးပြုနိုင်မည့် ယုံကြည်ကိုးစားနိုင်သော၊ တိကျမှန်ကန်သော နောက်ဆုံးရ အချက်အလက်များကို ဤစစ်တမ်းမှ ရရှိခဲ့ပါသည်။

ဤအစီရင်ခံစာသည် ၂၀၁၇ ခုနှစ် မြန်မာ နေထိုင်မှုအခြေအနေစစ်တမ်းမှ အချက်အလက်များကို လေ့လာစိစစ်ရာမှ ရရှိသည့် အစီရင်ခံစာများအနက် ဒုတိယမြောက် အစီရင်ခံစာ ဖြစ်ပါသည်။ ကျန်ရှိသည့် အစီရင်ခံစာများကိုလည်း ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ပါသည်၊

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး