လွှတ်တော်ရေးရာ ကိစ္စရပ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအား စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးပေးခြင်းကို UNDP ဆောင်ရွက်

2019- June 11

စာရေးသူများ

  • Philipp Annawitt – Programme Specialist (SERIP)
  • Thomas Gregory – International Committee Specialist (SARL)

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ပြုလုပ်သည့် ရပ်ရွာလူထုနှင့် တွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်ကို တွေ့ရစဉ်

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အဓိကကျသောတာဝန်မှာ ၎င်းတို့၏ မဲဆန္ဒနယ်အတွက် တာဝန်ထမ်းဆောင်ပေးရန်ဖြစ်ပါသည်

ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ ကော်မတီရေးရာကိစ္စရပ်များအပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ အခြေခံကျသော ပဓာနတာဝန်တစ်ရပ်သည် ၎င်းတို့၏ မဲဆန္ဒနယ် အသီးသီးကို ကိုယ်စားပြုရန် ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရချိန်မှ အစပြု၍ ၎င်းတို့သည် သက်ဆိုင်ရာ မဲဆန္ဒနယ်များကို ကိုယ်စားပြုကြရပြီး အဆိုပါ မဲဆန္ဒနယ်များမှ ပြည်သူများသည် ၎င်းတို့ ရွေးချယ်လိုက်သော ကိုယ်စားလှယ်များကို ပြဿနာရပ်အားလုံးကို ဦးဆောင်ဖြေရှင်းပေးရန် မျှော်လင့်ကြပါသည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ တိုင်ကြားချက်ပင်ဖြစ်စေ၊ လူအများကို သက်ရောက်မှုရှိစေသော ကိစ္စရပ်ပင်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကူညီဖြေရှင်းပေးရန်နှင့် အဆိုပါ ကိစ္စရပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သို့မဟုတ် ပြည်ထောင်စုအဆင့်တို့တွင် ကိုယ်စားပြုပြောကြားပေးရန် တာဝန်ရှိပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ၎င်းတို့၏ မဲဆန္ဒနယ်အတွင်း အောင်မြင်မှုနှင့် စိန်ခေါ်မှုများ

UNDP မှ ပြုစုထုတ်ပြန်ထားသော မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ၏ အခြေအနေများအား လေ့လာသုံးသပ်ခြင်း မှ တွေ့ရှိချက်အရ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့၏ မဲဆန္ဒရှင် ပြည်သူများနှင့် သက်ဆိုင်ရာ ပါတီရုံးခန်းများတွင် တွေ့ဆုံခြင်း၊ ရပ်ရွာလူထုအတွင်း ပုံမှန် သွားရောက်၍ လူထု တွေ့ဆုံပွဲများ၊ အစည်းအဝေးပွဲများကို ပြုလုပ်ကြသည်ကို တွေ့ရှိရပါသည်။ ၎င်းတို့သည် ရပ်ရွာလူထုအတွင်း လွှတ်တော်နှင့် လွှတ်တော်၏ လုပ်ငန်းရပ်များကို ရှင်းလင်းပြောပြပေးခြင်း၊ ပြည်သူများ၏ တောင်းဆိုချက်များကို နားထောင်ကာ စုစည်းခြင်း၊ မြို့နယ်အတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို လွှတ်တော်တွင် ပြန်လည်တင်ပြနိုင်ရန် အချက်အလက်များ စုစည်းကောက်ယူခြင်းတို့ကို လုပ်ဆောင်ပါသည်။

ကနေဒါနိုင်ငံ Ontario မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း Carl Defaria က ၎င်း၏ လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ လွှတ်တော် ကိုယ်စားလှယ်များအား ဝေမျှနေစဉ်

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ၏ အခြေအနေများအား လေ့လာသုံးသပ်ခြင်း အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လွှတ်တော်ကိုယ်စားလှယ်များသည် ချီးကျုးလောက်ဖွယ် အောင်မြင်မှုများ ရရှိအောင် ဆောင်ရွက်နိုင်ကြသော်လည်း နေ့စဉ်နှင့်အမျှ ရရှိနေသော တသီးပုဂ္ဂလနှင့် ရပ်ရွာလူထုဆိုင်ရာ တိုင်ကြားချက်များ၊ တောင်းဆိုချက်များ အားလုံးကို တုံ့ပြန်ဆောင်ရွက်ရာတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရပါသည်။ ၎င်းတို့သည် ၎င်းတို့ ကိုယ်စားပြုရာ မဲဆန္ဒနယ်၏ ဖွံ့ဖြိုးရေးလိုအပ်ချက်များကို လွှတ်တော်တွင် လုံလောက်အားရမှုရှိစွာ ဖြေရှင်းနိုင်စွမ်းမရှိဟုဆိုကာ အားမလိုအားမရ ဖြစ်နေတတ်ကြပါသည်။

လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြှင့်တင်မှုသင်တန်းများကို UNDP မှ ပံ့ပိုးဆောင်ရွက်ပေးနေပုံ

တာဝန်ယူမှုနှင့် တရားဥပဒေစိုးမိုးမှု မြင့်မားလာရေး စီမံချက် (SARL) ဖြင့် UNDP သည် လွှတ်တော်ကိုယ်စားလှယ်များကို ၎င်းတို့၏ မဲဆန္ဒနယ်ဆိုင်ရာ လုပ်ငန်းရပ်များတွင် ပိုမို ကောင်းမွန်သော အချက်အလက်များကို အသုံးပြုကာ ထိရောက်စွာဖြင့် စနစ်တကျ ပိုမို လုပ်ဆောင်နိုင်ရန် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြှင့်တင်မှု သင်တန်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ အပြန်အလှန် ဆွေးနွေးနိုင်သော သင်တန်းများ ပေးကာ နိုင်ငံတကာမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အတွေ့အကြုံများကို လေ့လာခြင်း၊ အချင်းချင်း အတွေ့အကြုံများ ဖလှယ်ခြင်းတို့ဖြင့် မဲဆန္ဒနယ်ဆိုင်ရာ သတင်းအချက်အလက်များကို အသုံးပြုပုံ၊ တသီးပုဂ္ဂလ တိုင်ကြားချက်များကို မည်သို့ စီမံခန့်ခွဲပြီး တိုးတက်မှုကို စောင့်ကြည့်ပုံ၊ မဲဆန္ဒနယ်အတွင်း မတူညီသော လူ့အဖွဲ့အစည်းများနှင့် မည်သို့ ဆက်ဆံပြောဆိုပုံနှင့် လွှတ်တော်များတွင် ကိုယ်စားပြုရေးဆိုင်ရာ မဟာဗျူဟာများကို လေ့လာခဲ့ကြပါသည်။

A Constituency profile for Kutkai Township produced by the Union-level Hluttaws’ research services.

To provide MPs with data they can act on, UNDP is supporting the Union Hluttaws’ research departments in producing constituency profiles which bring key demographic and socio-economic data for their townships. In the Professional Development Programme, MPs learn to interpret those data and use them for advocacy or as the basis for further research. The profiles for a first set of townships are ready and are already being used by these townships’ MPs.

By June 2019, the constituency engagement programme has been successfully rolled out to 109 MPs, 11 of them women, from Kayah, Kayin, Mon, Tanintharyi, Mandalay, Shan, Chin, Rakhine and Sagaing Region and State Hluttaws already. Programmes for MPs of the remaining Regions and States will follow.

These activities help document the stories and experiences MPs share and the good practice taking place across Regions and States. We will produce and shared with all MPs a ‘guide to best practice’, which brings together international best practice and case studies of effective work by Hluttaw MPs. This guide will be a valuable resource for current MPs and will help future MPs hit the ground running.

ဆက်စပ်စီမံချက်များ