ကိုဗစ်-၁၉ကြောင့်ထိခိုက်မှုရှိသော မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အပေါ်ကုစားရေးအတွက် ကူညီပံ့ပိုးခြင်း

2020- April 17

UNDP အကြံပေးအရာရှိမှ ဘဏ္ဍာရေးရှင်းတမ်း၊ ချေးငွေပြန်လည်ပေးဆပ်မှု ကဲ့သို့သော နည်းပညာအကူအညီများ ပေးအပ်စဉ်
ဓာတ်ပုံ - MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ရန်ကုန် ဖေ့စ်ဘွတ်ခ်ပို့စ်

UNDP အကြံပေးအရာရှိမှ ဘဏ္ဍာရေးရှင်းတမ်း၊ ချေးငွေပြန်လည်ပေးဆပ်မှု ကဲ့သို့သော နည်းပညာအကူအညီများ ပေးအပ်စဉ်
ဓာတ်ပုံ - MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ရန်ကုန် ဖေ့စ်ဘွတ်ခ်ပို့စ်

DISI ဝန်ထမ်းများက UMFCCI ရုံး၊ ရန်ကုန်တွင် ကိုဗစ်-၁၉ ရန်ပုံငွေ ချေးငွေလျှောက်ထားရေးအတွက် ကူညီပံ့ပိုးပေးစဉ်

DISI ဝန်ထမ်းများက MRCCI ရုံး၊ မန္တလေးတွင် ကိုဗစ်-၁၉ ရန်ပုံငွေ ချေးငွေလျှောက်ထားရေးအတွက် ကူညီပံ့ပိုးပေးစဉ်
ဓာတ်ပုံ - SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ MOPFI ဖေ့စ်ဘွတ်ခ်ပို့စ်

DISI ဝန်ထမ်းများက DSIS ရုံး၊ စစ်တွေတွင် ကိုဗစ်-၁၉ ရန်ပုံငွေ ချေးငွေလျှောက်ထားရေးအတွက် ကူညီပံ့ပိုးပေးစဉ်
ဓာတ်ပုံ - SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ MOPFI ဖေ့စ်ဘွတ်ခ်ပို့စ်

ကုသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (မြန်မာ)သည် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (DISI) နှင့် ပူးပေါင်း၍ ရန်ကုန်မြို့၊ စစ်တွေမြို့နှင့် မန္တလေးမြို့များမှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို မြန်မာနိုင်ငံအစိုးရမှ ထူထောင်ထားသည့် COVID-19 Fund မှအတိုးနှုန်း (1%)ဖြင့် ချေးငွေလျှောက်ထားရာတွင် လိုအပ်သော နည်းပညာ ပံ့ပိုးမှုများကို အကြံပြု ကူညီပေးခဲ့ပါသည်။ ကျပ် ၁၀၀ ဘီလျှံဖြင့် ထူထောင်ထားသော COVID-19 Fund ရန်ပုံငွေသည် Coronavirus Disease 2019 ကြောင့် လက်တလော စီးပွားရေး ထိခိုက်မှု အများဆုံး ခံစားရသည့် လုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေးသွားမည် ဖြစ်သည်။ လတ်တလော စီးပွားရေး ထိခိုက်မှု အများဆုံးခံစားရသည့် ကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ဦးစားပေးကဏ္ဍ အဖြစ်သတ်မှတ်ထားပါသည်။

၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍ လျှောက်လွှာများ စတင်ခေါ်ယူခဲ့ရာ  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းပေါင်း ၁၈၁ လုပ်ငန်း ကို UNDP ၏ နည်းပညာအကူအညီဖြင့် လျှောက်လွှာတင်သွင်း လျှောက်ထားခဲ့ကြပြီး ဖြစ်ပါသည်။ လျှောက်လွှာနောက်ဆုံးပိတ်ရက်မှာ ၂၀၂၀ ခုနှစ် ဧပြီလ ၉ ရက်နေ့ အထိ ဖြစ်ပါသည်။

ငွေကြေးဆိုင်ရာ အချက်အလက်တွေနဲ့ ငွေကြေးလည်ပတ်မှုဆိုင်ရာ အချက်အလက်များ ပြင်ဆင်ရာမှာ ယူအန်ဒီပီမှ နည်းပညာအထောက်အပံ့တွေ ရခဲ့ပါတယ်။ အဲ့ဒါဟာ ကျွန်တော်တို့အတွက် အရမ်းအကူအညီ ဖြစ်တယ်” – ဦီးရှင်နှင့်သားများ၊ ကားကိုယ်ထည်ပြုပြင်ရေး၊ မန္တလေး။

လိုအပ်ချက်နဲ့ ဖြည့်စွက်ရမည့် အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း နားလည်ခဲ့ပါတယ်။ ဒီလိုမျိုးနည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးတာ ကျွန်မတို့ အသေးစားနဲ့အလတ်စား လုပ်ငန်းရှင်တွေအတွက် အရမ်းအရေးပါပါတယ်” - ဆုပြည့် စားသောက်ကုန်လုပ်ငန်း ၊ရန်ကုန်။

နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံတကာအဆင့် စီးပွားရေးအခွင့်အလမ်းများမှ အကျိုးကျေးဇူး ခံစားခွင့်ရရှိရန် အားလုံးပါဝင်နိုင်သော စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် အားပေးထောက်ကူသော ပတ်ဝန်းကျင် အားကောင်းလာစေရန် UNDP မြန်မာမှ ပံ့ပိုးကူညီပါသည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) တွင် SME လုပ်ငန်းများသည် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အင်အားဖြစ်သည်သာမက ရေရှည်တည်တံ့ပြီး ကျယ်ပြန့်သည့် အလုပ်အကိုင်ဖန်တီးမှုအတွက် မရှိမဖြစ်လိုအပ်ကြောင်း ဖော်ပြထားပါသည်။ အသေးစားမှ အလတ်စား စက်မှုလုပ်ငန်းများ (SMIs) အပါအဝင် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် MSDP ၏ မူဝါဒဆိုင်ရာ ဦးစားပေးကိစ္စရပ် ဖြစ်ပါသည်။