ကိုရိုနာဗိုင်းရပ်ရောဂါ (ကိုဗစ်-၁၉) သည် ယခုနောက်ဆုံး ရှာဖွေတွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါ ဖြစ်ပါသည်။ ကူးစက်ခံရသူ အများစုသည် သာမန်ဖျားနာပြီး ပြန်လည်နာလန် ထူလာကြပါသည်။ သို့သော် အချို့လူများတွင်မူ ပိုမိုပြင်းထန်သည့် လက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။ အထူးသဖြင့် အသက်အရွယ်ကြီးသူများနှင့် ရောဂါအခံရှိသူများတွင် ဖြစ်သည်။ သင်၏ ကျန်းမာရေးနှင့် အခြားသူများ၏ ကျန်းမာရေးကို စောင့်ရှောက်နိုင်ရန်အတွက် ရိုးရှင်းသည့် နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါသည်။

ဤအကြံပြုချက်များကို လူတိုင်း လိုက်နာနိုင်ပါသည်။ သို့သော် သင်သည် ကိုဗစ်-၁၉ ရောဂါ ရှိသည်ဟု သိရှိရသောသူများ ရှိသည့် နေရာတွင် ရောက်ရှိနေလျှင် လိုက်နာရန် အထူးပင် အရေးကြီး ပါသည်။

၁။ လက်များကို မကြာခဏ ဆေးကြောပါ။

လက်များကို အရက်ပျံ ပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် သန့်စင်ခြင်း သို့မဟုတ် ဆပ်ပြာနှင့်ရေဖြင့် ဆေးကြောခြင်းကို စနစ်တကျ ပုံမှန်ပြုလုပ်ပါ။

အဘယ်ကြောင့်နည်း - ကျွန်ုပ်တို့သည် ရောဂါပိုးကပ်ငြိ နေနိုင်သော အရာဝတ္ထုများနှင့် မျက်နှာပြင်များကို လက်များဖြင့် မကြာခဏ ကိုင်တွယ်ထိတွေ့ကြပါသည်။ ဤသည်ကို မသိရှိဘဲ ကျွန်ုပ်တို့သည် မျက်နှာကို လက်များဖြင့် ထိကိုင်ကြသောအခါ မျက်လုံးများ၊ နှာခေါင်းနှင့် ပါးစပ်တို့သို့ ဗိုင်းရပ်စ်ပိုးကို ပို့ဆောင်ပေးပြီး ရောဂါကူးစက်စေနိုင်ပါသည်။ ဆပ်ပြာနှင့် ရေ သို့မဟုတ် အရက်ပျံပါဝင်သော လက်သန့်ဆေးရည် အသုံးပြု၍ လက်ကို ဆေးကြောသန့်စင်ခြင်းသည် ကိုဗစ်-၁၉ ကို ဖြစ်စေသော ဗိုင်းရပ်စ်အပါအဝင် ဗိုင်းရပ်စ်များကို သေစေပါသည်။

 

၂။ သင်၏ မျက်လုံးများ၊ နှာခေါင်းနှင့် ပါးစပ်ကို ထိကိုင်ခြင်း မပြုပါနှင့်။

ကျွန်ုပ်တို့သည် သတိမပြုမိဘဲ မိမိတို့၏ မျက်နှာကို မကြာခဏ ထိကိုင်မိတတ်ပါသည်။ ဤသည်ကို မပြုမိရန် သတိထားပါ။ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ကို ထိကိုင်ခြင်း မပြုပါနှင့်။

အဘယ်ကြောင့်နည်း - လက်များသည် အရာဝတ္ထုများ၏မျက်နှာပြင်များကိုထိကိုင်ပြီး ဗိုင်းရပ်စ်ပိုးများ ကပ်ငြိလာနိုင်ပါသည်။ ဗိုင်းရပ်စ်ပိုး ကပ်ငြိလာပြီဆိုလျှင် လက်များသည် သင်၏ မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်သို့ ပို့ဆောင်ပေးနိုင်ပြီး ထိုနေရာများမှတစ်ဆင့် သင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက် ကာ သင့်အား နာမကျန်းဖြစ်စေနိုင်ပါသည်။

 

၃။ ချောင်းဆိုးလျှင် လုံအောင်အုပ်ပြီးမှ ဆိုးပါ။

သင်နှင့် သင့်ပတ်ဝန်းကျင်မှ လူများသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ တစ်ကိုယ်ရည်သန့်ရှင်း ရေး အလေ့အထများကို လိုက်နာကျင့်သုံးအောင် လုပ်ဆောင်ရပါမည်။ ဆိုလိုသည်မှာ သင် ချောင်း ဆိုးလျှင် သို့မဟုတ် နှာချေလျှင် သင်၏ ပါးစပ်နှင့် နှာခေါင်းကို သင်၏ လက်မောင်းကွေးဖြင့်ဖြစ်စေ၊ တစ်ရှူးဖြင့် ဖြစ်စေ အုပ်ထားရန် ဖြစ်ပါသည်။ အသုံးပြုထားသော တစ်ရှူးများကို အဖုံးပါသော အမှိုက်ပုံးထဲ သို့ ချက်ချင်းစွန့်ပစ်ပြီး သင်၏ လက်များကို ဆေးကြောရပါမည်။

အဘယ်ကြောင့်နည်း - တစ်စုံတစ်ယောက် ချောင်းဆိုးသောအခါ သို့မဟုတ် နှာချေသောအခါ ၎င်းတို့၏ နှာခေါင်း သို့မဟုတ် ပါးစပ်မှ ဗိုင်းရပ်စ်ပိုး ပါဝင်နိုင်သော အစက်ကလေးများ လွင့်စင်ထွက်လာပါသည်။  သင်သည် နှာချေချောင်းဆိုးသောအခါ လုံအောင် အုပ်ထားခြင်းဖြင့် ဗိုင်းရပ်စ်ပိုးများနှင့် အခြားပိုးမွှားများ အခြားသူများထံ ကူးစက်ပျံ့နှံ့သွားမရှိအောင် ကာကွယ်ပေးနိုင်ပါသည်။ သင် နှာချေချောင်းဆိုးသောအခါ လက်ဖြင့် မအုပ်ဘဲ လက်မောင်းကွေးဖြင့် သို့မဟုတ် တစ်ရှူးဖြင့် အုပ်ခြင်းဖြင့် သင်၏ လက်များသို့ ဗိုင်းရပ်စ်ပိုးပါဝင်သော အစက်များ မရောက်ရှိနိုင်တော့ပါ။ ထိုအခါ သင်၏ လက်များဖြင့် ထိကိုင်ခြင်းဖြင့် လူတစ်ဦး သို့မဟုတ် မျက်နှာပြင်တစ်ခုပေါ်သို့ ဗိုင်းရပ်စ်ပိုး ကပ်ရောက်ခြင်း မရှိအောင် ရှောင်ရှားနိုင် မည်ဖြစ်ပါသည်။

၄။ လူထူထပ်သော နေရာများနှင့် ဖျားနေသော သို့မဟုတ် ချောင်းဆိုးနေသော လူနှင့် အနီးကပ် ထိတွေ့ခြင်းကို ရှောင်ရှားပါ။

လူထူထပ်သည့် နေရာများကို ရှောင်ပါ။ အထူးသဖြင့် သင်သည် အသက် ၆၀ အထက် သို့မဟုတ် သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် အဆုတ်ရောဂါ သို့မဟုတ် ကင်ဆာ ကဲ့သို့ ရောဂါအခံရှိပါက ပို၍ ရှောင်ရှားသင့်သည်။ မိမိနှင့် အဖျားရှိသော သို့မဟုတ် ချောင်းဆိုးနေသော သူတစ်ဦးနှင့် အနည်းဆုံး ၁ မီတာ အကွာတွင် ခွာ၍ နေရပါမည်။

အဘယ်ကြောင့်နည်း - ကိုဗစ်-၁၉ ရောဂါသည် အဓိကအားဖြင့် ရောဂါရှိသောသူ ချောင်းဆိုးသော အခါ ပါးစပ် သို့မဟုတ် နှာခေါင်းမှ ထွက်လာသော အစက်ကလေးများမှတစ်ဆင့် ကူးစက်ပြန့်ပွားခြင်း ဖြစ်ပါ သည်။ လူထူထပ်သော နေရာများကို ရှောင်ရှားခြင်းဖြင့် သင်သည် ကိုဗစ်-၁၉ ရောဂါ သို့မဟုတ် အခြား အသက်ရှူလမ်းကြောင်း ရောဂါများရှိသည့် အခြားသူများနှင့် (အနည်းဆုံး ၁ မီတာ) ဝေးကွာစွာ ရှိနေနိုင်မည်ဖြစ်သည်။

 

၅။ နေမကောင်းလျှင် အိမ်မှာနေပါ။

သင်သည် နေထိုင်မကောင်းဖြစ်နေလျှင်၊ အနည်းငယ်မျှ ကိုယ်ပူပြီး ချောင်းဆိုလျှင်ပင် အိမ်ထဲတွင် နေပါ။

အဘယ်ကြောင့်နည်း - အိမ်တွင်သာနေပြီး အလုပ်သွားခြင်း သို့မဟုတ် အခြားနေရာများသို့ သွားခြင်း မပြုလျှင် သင်သည် ပိုမို လျှင်မြန်စွာ နေပြန်ကောင်းနိုင်ပြီး အခြားသူများထံသို့ ရောဂါ ကူးစက်ပြန့်ပွားခြင်း မရှိအောင်လည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။

 

၆။ သင့်ထံတွင် ကိုယ်ပူခြင်း၊ချောင်းဆိုးခြင်း၊အသက်ရှူ ခက်ခဲခြင်း လက္ခဏာများ ခံစားရပါက ဆေးကု သစောင့်ရှောက်မှုကို စောစီးစွာ ခံယူပါ။ သို့သော် ဦးစွာ ဖုန်းဆက်ပါ။

သင့်ထံတွင် ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း သက်ရှူခက်ခဲခြင်း လက္ခဏာများ ခံစားရပါက ဆေးကုသ စောင့် ရှောက်မှုကို စောစီးစွာ ခံယူပါ။ ဖြစ်နိုင်လျှင် ဆေးရုံ သို့မဟုတ် ကျန်းမာရေးဌာနသို့ ဦးစွာတယ်လီဖုန်း ဖြင့် ဆက်သွယ်ပါ။ သို့မှသာ ၎င်းတို့က သင့်ကို မည်သည့်နေရာသို့ သွားသင့်ကြောင်း ပြောပြနိုင်မည် ဖြစ် သည်။

အဘယ်ကြောင့်နည်း - ဤသို့ဆောင်ရွက်ခြင်းဖြင့် မှန်ကန်သည့် အကြံဉာဏ်များကို ရရှိပြီး သွားသင့်သည့် ကျန်းမာရေးဌာနသို့ လမ်းညွှန်ပေးခြင်းကို ခံယူရရှိကာ သင့်ထံမှ အခြားသူများ ရောဂါကူးစက်ခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

၇။ ယုံကြည်စိတ်ချရသည့် အရင်းအမြစ် ဇစ်မြစ်များမှ သတင်းအချက် အလက်များကို ရယူပါ။

ကိုဗစ်-၁၉ ရောဂါအကြောင်း နောက်ဆုံးရ သတင်းအချက်အလက်များကို ယုံကြည်စိတ်ချရသည့် ဇစ်မြစ်များမှ မပြတ်ရယူပါ။ သတင်းအချက်အလက်များသည် ယုံကြည်စိတ်ချရသည့် နေရာများလာခြင်းဖြစ်ကြောင်း သေချာပါစေ။ ဥပမာအားဖြင့် ဒေသန္တရ သို့မဟုတ် နိုင်ငံအဆင့် ပြည်သူ့ကျန်းမာ ရေးဌာနများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝက်ဘ်ဆိုက် သို့မဟုတ် သင်နေထိုင်ရာဒေသရှိ ကျန်းမာရေး ပညာရှင်များထံမှ ဖြစ်ပါသည်။ ရောဂါလက္ခဏာများကို လူတိုင်းသိရှိ ထားသင့်ပါသည်။ အများစုသည် ကိုယ်ပူခြင်းနှင့် ချောင်းခြောက်ဆိုးခြင်းတို့ဖြင့် စတင်တတ်ပါသည်။

အဘယ်ကြောင့်နည်း - သင်နေထိုင်ရာဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေခြင်း ရှိ/မရှိ နောက်ဆုံးရ အချက်အလက်များကို ဒေသန္တရနှင့် နိုင်ငံအဆင့် အာဏာပိုင်များက ထုတ်ပြန်ပေးနိုင် ပါ သည်။ ၎င်းတို့သည် သင် နေထိုင်ရာဒေသရှိ လူများကို မိမိတို့ကိုယ်ကို မည်သို့ ကာကွယ်စောင့်ရှောက် သင့်ကြောင်း အကြံပြုရန် အကောင်းဆုံးအနေအထားတွင် ရှိသူများ ဖြစ်ပါသည်။

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး