မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်သည် မိတ်ဖက်အစိုးရအဖွဲ့အစည်းများနှင့် လူထုအခြေပြု အဖွဲ့ အစည်းများ၏ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တားဆီးရေးဆောင်ရွက်မှုတွင် ပါဝင်အားဖြည့်ကူည

2020- May 20

 

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်သည် မိတ်ဖက်အစိုးရအဖွဲ့အစည်းများနှင့်
လူထုအခြေပြု အဖွဲ့ အစည်းများ၏ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တားဆီးရေးဆောင်ရွက်မှုတွင်
ပါဝင်အားဖြည့်ကူညီ

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးဝန်ထမ်းများအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဖွံ့ဖြိုးရေးအစီ အစဉ်က ပေးအပ်ကူညီသော သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများနှင့်အတူတွေ့ရစဉ် (၁၄ မေ ၂၀၂၀)

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးဝန်ထမ်းများအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဖွံ့ဖြိုးရေးအစီ အစဉ်က ပေးအပ်ကူညီသော သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများနှင့်အတူတွေ့ရစဉ် (၁၄ မေ ၂၀၂၀)

ပြည်ထောင်စုလွှတ်တော်ရုံးအဖွဲ့ဝန်ထမ်းများအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က ပေးအပ်ကူညီသော သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများနှင့်အတူတွေ့ရစဉ် (၁၅ မေ ၂၀၂၀)

ပြည်ထောင်စုရှေ့နေချုပ်ရုံးဝန်ထမ်းများအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က ပေးအပ်ကူညီသော သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများနှင့်အတူတွေ့ရစဉ် (၁၄ မေ ၂၀၂၀)

ပြည်ထောင်စုရှေ့နေချုပ်ရုံးဝန်ထမ်းများအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က ပေးအပ်ကူညီသော သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများနှင့်အတူတွေ့ရစဉ် (၁၄ မေ ၂၀၂၀)

အခြားကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း ကိုဗစ်-၁၉ ကပ်ရောဂါပြန့်နှန့်ကူးစက်ခြင်းအား ရင်ဆိုင်တွန်းလှန် နေရ ပါသည်။ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစကာ မြန်မာနိုင်ငံအစိုးရသည် နိုင်ငံတကာအဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့ အစည်းများနှင့်ပူးပေါင်းပြီး နိုင်ငံသူနိုင်ငံသားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသောအကူအညီများအား လိုအပ်သလို ဆောင်ရွက်ပေးနေပါသည်။

ကပ်ရောဂါစတင်ဖြစ်ပွားသည့်ကနဉီးနေ့ရက်များကစကာ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်သည် မြန်မာနိုင်ငံ အစိုးရအား တိုက်ရိုက်အကူအညီနှင့် အခြားသော ဆက်စပ်အကူအညီများ ပေးအပ်ခဲ့ပါသည်။ မြန်မာအစိုးရသည် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို နည်းနိုင်သမျှနည်းအောင်လျှော့ချရန် လူစုလူဝေးများနှင့်ခပ်ခွာခွာနေထိုင်စေသည့်နည်းလမ်းများနှင့် သန့်ရှင်းရေးနည်းလမ်းများဆိုင်ရာအသိပညာပေးရေးလုပ်ငန်းများကို လုပ်ဆောင်နေပါသည်။ မေလဆန်းတွင် မြန်မာနိုင်ငံ ဆိုင်ရာကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်သည် လက်ဆေးရည်ပုလင်းပေါင်း ၈၇၀၀ ကျော်နှင့် ကိုယ်အပူချိန်တိုင်း စက် ၂၆၀ ကို  မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ပြည်ထောင်စုလွှတ်တော်များ၊ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စုဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဘုတ်အဖွဲ့၊ ပြည်ထောင်စုရှေ့ နေချုပ်ရုံး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မ ရှင်ရုံးနှင့်အခြားသော မိတ်ဖက်အစိုးရအဖွဲ့အစည်းများထံပေးအပ်ခဲ့ပါသည်။ အလားတူအကူအညီများကို ရခိုင်နှင့်ကချင်ပြည်နယ်များရှိ မိတ်ဖက် ဖြစ်သော လူထုအခြေပြုအဖွဲ့အစည်း ၁၂ ခုထံသို့လည်း ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်သည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း  မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း များအားစွမ်းဆောင်ရည်မြင့်တက်လာစေရန်လည်း အကူအညီများ ဆက်လက်ပေးအပ်နေပါသည်။ ထိရောက်မှုရှိပြီးတုံ့ပြန် ဖြည့်ဆည်းပေးမှုရှိသောအဖွဲ့အစည်းများဖြစ်ပေါ်ရေး အထောက်အကူပြုစီမံချက်သည် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့အား ဗီဒီယိုကွန်ဖရင့်နည်းလမ်းဖြင့်တွေ့ဆုံဆွေး နွေးမှုများအပါအဝင် ရုံးလုပ်ငန်းကိစ္စများ ပြုလုပ်နိုင်ရန် အကူအညီပေးအပ်သွားမည်ဖြစ်ပါသည်။ ယခုပေးအပ်သွားမည့် အကူအညီကြောင့် ဖော်ပြပါအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်မှုများပိုမိုတွင်ကျယ်လာမည်ဖြစ်ကာ ပြည်သူ့အတွက်ဝန်ဆောင်မှုများကိုပါအချိန်နှင့်တပြေးညီဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ လူစုလူဝေးများနှင့်ခပ်ခွာခွာနေထိုင် သည့်နည်းလမ်းများကို လိုက်နာနေကြသည့်ဝန်ထမ်းများအတွက်လည်း ကောင်းမွန်သောအကျိုးသက်ရောက်မျုများရရှိ စေမည်လည်းဖြစ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်သည် တိုင်းနှင့်ပြည်နယ်အစိုးရများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအား ရင်ဆိုင်ရာတွင် အလွန်လိုအပ်နေသည့်ကျန်းမာရေးပစ္စည်းများအပါအဝင် အကူအညီအထောက်အပံ့များ ဆက်လက် ပေးအပ် သွားမည်ဖြစ်ပါသည်။