မြန်မာ MP များ ကိုဗစ်-၁၉ ကိစ္စများအား နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးနိုင်ရန် UNDP မှ Webinar ဖြင့် ပံ့ပိုးကူညီ

2020- June 5

မြန်မာ MP များ ကိုဗစ်-၁၉ ကိစ္စများအား နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်များနှင့်
ဆွေးနွေးနိုင်ရန် UNDP မှ Webinar ဖြင့် ပံ့ပိုးကူညီ

မြန်မာနိုင်ငံအစိုးရသည် နိုင်ငံတဝှမ်းတွင် ကိုဗစ်-၁၉ အတွက် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် စည်းကမ်းချက်ထုတ်ပြန်ခဲ့ပြီးချိန်မှစတင်၍ မြန်မာ့လွှတ်တော်သည် ပထမဆုံးအကြိမ်အဖြစ် ပုံမှန် အစည်းအဝေးများကို မေလ ၁၈ ရက်နေ့တွင် ပြန်လည်ကျင်းပခဲ့ပါသည်။ လွှတ်တော်ကိုယ်စားလှယ် များသည် ကိုဗစ်-၁၉ ကပ်ရောဂါကြီးကြောင့် ၎င်းတို့၏ မဲန္ဒရှင်ပြည်သူများ၏ဘဝအပေါ် မည်သို့သက် ရောက်မှုရှိနေသည်၊ MP များ၏ လုပ်ငန်းများကို မည်သို့ ထိခိုက်စေသည်ဟူသည့် အရေးကြီးသော သတင်းအချက်အလက်များကို သယ်ဆောင်ရင်း နေပြည်တော်ဆီသို့ ပြန်လည်ရောက်ရှိ လာခဲ့ကြ ပါသည်။ ကိုဗစ်-၁၉ သည် MP များအတွက် ခပ်ခွာခွာနေရန် စည်းကမ်း ချက်ကို လိုက်နာရင်း ၎င်းတို့ ၏ လုပ်ငန်းဆောင်တာ၊ တာဝန်ဝတ္တရားများကို နည်းလမ်းသစ်ဖြင့် ပြောင်းလဲလုပ်ဆောင်ရန် စိန်ခေါ်မှု တစ်ခုကို ဖြစ်ပေါ်စေခဲ့ပါသည်။

အစိုးရသည် မကြာသေးမီက ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါ သည်။ ထိုအစီအစဉ်သည် ကဏ္ဍစုံကို ထိခိုက်စေခဲ့သည့် စီးပွားရေးအကျပ်အတည်းများကနေ မြန်မာ နိုင်ငံ ပြန်လည်နာလန်ထူလာအောင် ကူညီပေးမည့်၊ စီးပွားရေးကိုတည်ငြိမ်အောင် ထိန်းပေးမည့် အရေး ပါသော အမျိုးသားစီမံကိန်းတစ်ရပ်ဖြစ်ပါသည်။ ဤအမျိုးသား မဟာဗျူဟာကို စောင့်ကြည့် ထိန်း ညှိရမည့် တာဝန်ကို MP များထမ်းဆောင်နိုင်အောင် ကူညီပံ့ပိုးပေးသည့်အနေဖြင့် ကုလသမဂ္ဂ ဖွံ့ဖြိုး မှုအစီအစဉ် (UNDP) သည် လွှတ်တော်အစည်းအဝေးစတင်ကျင်းပသည့်  ဒုတိယသီတင်းပတ်  ကာလ အတွင်း တွင် webinar တစ်ခုအား မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် အတွက် MP များ မည်သို့ ကျင့်သုံးလုပ်ဆောင်ကြမည်နည်း ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပေးခဲ့ပါသည်။ ထို webinar တွင် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ကို လေ့လာသုံးသပ် ခဲ့ကြပြီး MP များအတွက် ၎င်းတို့၏ လုပ်ငန်းများတွင် ပြည်သူ့ရေးရာမူဝါဒကို ကျင့်သုံးရန်နှင့် စောင့်ကြည့် လေ့လာရန် အသုံးပြုနိုင်မည့် professional toolkit တစ်ခုကို လေ့လာခဲ့ကြပါသည်။  ဤအစီအစဉ် တွင် ပါဝင်ခဲ့ကြ သည့် MP များက  CERP သည် မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သောအုပ်စုများနှင့် လူ ပုဂ္ဂိုလ်များကို မည်သို့ ကူညီပံ့ပိုးပေးမည်၊ အလိုအပ်ဆုံးသူများထံ ရောက်ရှိကြောင်း သေချာစေရန် MP များမှ မည်သို့ ဆောင်ရွက်ပေးနိုင်မည်ဆိုသည်တို့ကို အထူးပင် စိတ်ဝင်စားကြပါသည်။ 

ထို webinar တွင် နယူးဆောက်ဝေးလ်ပြည်နယ် ဥပဒေပြုလွှတ်တော် (သြစတြေးလျ) မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ
မစ္စဂျနဲလ်ဆက်ဖ်ဖင်က ဦးဆောင်ဆွေးနွေးပေးခဲ့ပါသည်။

ထို webinar တွင် MP များက CERP အကောင်အထည်ဖော်မှုအား လွှတ်တော်မှ စောင့်ကြည့်ထိန်း ညှိရန် လိုအပ်ကြောင်း၊ အထူးသဖြင့်  CERP လုပ်ငန်းစီမံချက်တစ်ခုချင်းစီအတွက် ညွှန်ကိန်းများ ပါဝင်သည့် စောင့်ကြည့်လေ့လာမှုဇယား (monitoring matrix) ကို အသုံးပြု၍ လုပ်ဆောင်ရန်ဖြစ်ကြောင်း ဆွေးနွေးကြပါသည်။ ဆွေးနွေးမှုများတွင် လူနေထူထပ်သော မြို့ပြဒေသများတွင် ရောဂါကူးစက်ပြန့်ပွား ခြင်းကြောင့် ဖြစ်ပေါ်နိုင်ခြေရှိသည့် အန္တရာယ်များမှစ၍ ဝေးလံခေါင်ဖျား ဒေသများတွင် အခြေခံ ကုန်စည် များအတွက် ထုတ်လုပ်မှုကွင်းဆက်များ ပျက်ပြားသွားနိုင်မှုအထိ အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးခဲ့ကြပါသည်။ ပဲခူးတိုင်းဒေသကြီးမှ MP တစ်ဦးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်က ကိုဗစ်-၁၉ နှင့် CERP ၏ ကျားမရေးရာ သက်ရောက်မှု အကြောင်းကို ဆွေးနွေးပါသည်။ သူမက ဤကမ္ဘာ့ကပ် ရောဂါ ကြီးကြောင့် အမျိုးသမီးများအား စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် မေခရိုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ပို၍ အရေးကြီးလာကြောင်း ဆွေးနွေးပါ သည်။ သူမသည် webinar တွင် ပါဝင်ဆွေးနွေးရခြင်း အတွက် လည်း အလွန်စိတ်အားထက်သန်တက် ကြွနေပါသည်။ “ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဒီကပ်ရောဂါ ကြီးကို ဘယ်လို တုံ့ပြန်ဆောင်ရွက် နေတယ်ဆိုတာကို ပိုပြီး လေ့လာသိရှိခွင့်ရတယ်။ အဲဒီ သတင်း အချက်အလက်တွေကို ကျွန်မရဲ့ လွှတ်တော်အစည်းအဝေးနဲ့ ကော်မတီက အလုပ်တွေမှာ ချက်ချင်း လက်ငင်း အသုံးပြုနိုင်တယ်။  အဲဒီအပြင် ကျွန်မတို့ရဲ့ ဆွေးနွေးမှုမှာ နိုင်ငံတကာရှုထောင့်ကိုပါ ထည့်သွင််းဆွေးနွေးခွင့်ရတဲ့ အတွက် အရမ်းကောင်းတယ်” ဟု သူမက ဆိုပါသည်။

ကချင်ပြည်နယ်မှ MP တစ်ဦးဖြစ်သည့် ဦးလာမာနော်အောင်က ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်း သူများ (IDPs) ၏ ထိခိုက်လွယ်မှုနှင့် IDP စခန်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးခက်ခဲပုံကို ဆွေးနွေး ပါသည်။ ထိုစခန်းများတွင် လက်တွေ့ကြုံတွေ့နေရသည့် ပြဿနများနှင့် “မည်သူ့ကိုမျှ နောက်ချန် မထားခဲ့ရ” ဟူသော အခြေခံမူတို့ကိုလည်း ဆွေးနွေးသုံးသပ်ကြပါသည်။ ၎င်းအတွက် webinar သည် အလွန်အကျိုးများကြောင်း အောက်ပါအတိုင်း ပြောပါသည် - “ဒါဟာ တော်တော်လေး အထောက် အကူ ဖြစ်တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့စကားပြောရတာ အကျိုးရှိသလို သြစတြေးလျ က MP တစ်ဦးနဲ့ ဆွေးနွေးရပြောရတာလည်း အရမ်းကောင်းတယ်။ သြစတြေးလျ MP က ဒီလိုကပ် ရောဂါတစ်ခု ဖြစ်နေ စဉ်မှာ ကျွန်တော်တို့လို ရွေးကောက်ခံ ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လို လုပ်ဆောင်ရမယ်ဆိုတဲ့ လက်တွေ့ကျတဲ့ အကြံပြုချက်တွေ ပေးသွားတယ်။”

မစ္စဆက်ဖ်ဖင်က လက်ရှိ MP များ ရင်ဆိုင်နေရသော စိန်ခေါ်မှုနှစ်ခုကို သုံးသပ်ဆွေးနွေးသွား ပါသည် - “ဒီကပ်ရောဂါရဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုတွေကြောင့် ကျွန်မတို့ရဲ့ ပြည်သူတွေမှာ လိုအပ်ချက်တွေ အများကြီး ရှိနေပါတယ်။ တစ်ချိန်တည်းမှာ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေရတာကြောင့် ကျွန်မတို့အတွက် ကျွန်မတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ အရင်က ထက် ပိုကြီး ခက်ခဲစေပါတယ်။ MP တွေ ဖြစ်တဲ့ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့ နည်းလမ်းရှာဖွေရာမှာ ဆန်းသစ်တီထွင်မှု ရှိဖို့ လိုပါတယ်။ ကျွန်မအနေနဲ့ မြန်မာ နိုင်ငံက ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက် လွှတ်တော် အမတ်တွေကို ပံ့ပိုးကူညီခွင့်ရတာ၊ အတွေးတွေ၊ အကြံတွေ မျှဝေခွင့်ရတာ အလွန်ပဲ ဝမ်းသာမိပါတယ်။ ဒီ webinar ဟာ ကျွန်မတို့ရဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ကျွန်မတို့ ဘယ်လိုအလုပ်အကျွေးပြုနိုင်မယ်၊ ကျွန်မ တို့အချင်းချင်း တီထွင်ဆန်းသစ်ဖို့နဲ့ ဗီဒီယို ကွန်ဖရင့်နဲ့ ဆက်သွယ်ခြင်းလိုမျိုး နည်းလမ်းသစ်တွေကို ဆန်း သစ်သုံးစွဲဖို့ ဘယ်လို အားပေးကူညီ နိုင်မယ်ဆိုတာတွေကို ပြန်ပြီးစဉ်းစားသုံးသပ်နိုင်တဲ့ နည်းလမ်း ကောင်းတစ်ခုပါပဲ” ဟု သူမက ပြောပါသည်။

ဤ webinar ကို MP များအားလုံးအတွက် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည် လွှတ်တော်သင်ကြား ရေး ဗဟိုဌာန၏ ပညာရပ်ပိုင်းဆိုင်ရာ/လုပ်ငန်းပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက် တွင် စီစဉ် ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ လွှတ်တော်သင်ကြားရေးဗဟိုဌာနကို UNDP နှင့် နိုင်ငံတကာ ပါလီမန်များ အစည်းအရုံး (IPU) တို့၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေပါသည်။ ထိုသင်ကြားရေး ဗဟိုဌာနမှတစ်ဆင့် UNDP သည် ဤကဲ့သို့သော အစီအစဉ်များကို ကျင်းပနိုင်ရန် လိုအပ်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ အခြေခံအဆောက်အအုံများ အားကောင်း လာစေရန် ပံ့ပိုးကူညီပေးခဲ့ခြင်း ဖြစ်ပါသည်။  

ဤ webinar မှ ရရှိခဲ့သည့် အဓိကသင်ခန်းစာများထဲမှ တစ်ခုမှာ ကပ်ရောဂါအတွက် ကန့်သတ် ချက်များ ချမှတ်ထားစဉ်အတွင်း ကျင်းပသည့် webinar များသည် MP များကို အွန်လိုင်းမှ တစ်ဆင့် ကူညီပံ့ပိုး ပေးနိုင်စေရုံသာမက MP များအတွက် များစွာ အရေးကြီးသော၊ များစွာ လိုအပ်သော အခွင့်အလမ်း တစ်ခုကိုလည်း ဖန်တီးပေးသည်ဟူသော အချက် ဖြစ်ပါသည်။ ထိုအခွင့်အလမ်းမှာ MP များသည် ၎င်းတို့၏ လုပ်ငန်းများ၊ စိန်ခေါ်မှုများနှင့် နည်းလမ်းသစ်များကို ၎င်းတို့၏ လုပ်ဖော် ကိုင်ဖက် များနှင့် လည်းကောင်း၊ ယခုကဲ့သို့ နယ်စပ်များ ပိတ်ထားပြီး ခရီးသွားလာမှုများကို ကန့်သတ်ထားသော အချိန် ကာလမျိုးတွင် အခြားနိုင်ငံများမှ အတွေ့အကြုံရှိသည့် MP များနှင့် လည်းကောင်း ဆွေးနွေးနိုင်သည့် အခွင့်အလမ်းပင် ဖြစ်ပါသည်။