၁၆ ရက်တာ တက်ကြွလှုပ်ရှားမှု

2018- November 24

၁၆ ရက်တာ တက်ကြွလှုပ်ရှားမှု

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာအထိမ်းအမှတ်နေ့ဖြစ်သော နိုဝင်ဘာ ၂၅ ရက်နေ့မှသည် လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာ ၁၀ ရက်နေ့တိုင်အောင် ၁၆ ရက်ကြာ တက်ကြွလှုပ်ရှားမှုဖြစ်သည့် လိင်ကွဲပြားမှုအခြေပြုအကြမ်းဖက်မှု အသိပေးနှိုးဆော်ပွဲသည် ကမ္ဘာတဝှမ်းရှိ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး လှုပ်ရှား ဆောင်ရွက်မှုများကို မီးထိုးလှုံ့ဆော်ပေးရမည့် အခါသမယပင်ဖြစ်သည်။ ဤအပြည်ပြည်ဆိုင်ရာ လှုံ့ဆော်ပွဲသည် ၁၉၉၁ ခုနှစ်၌ အမျိုးသမီးများ၏ ကမ္ဘာ့ခေါင်းဆောင်မှုစင်တာက ချိတ်ဆက်စီစဉ် သည့် ပထမဦးဆုံးသော အမျိုးသမီးများ၏ ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှုအင်စတီကျူးရှင်း၌ မြစ်ဖျားခံလာသည်။

ကာလကြာရှည် မျက်ကွယ်ပြုနေခြင်း ၊ ခပ်မဆိတ်နေခြင်းနှင့် ကဲ့ရဲ့ပြစ်တင်ခြင်းတို့ကြောင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှာ ကမ္ဘာ့ကပ်ဘေး အခြေစိုက်ရောက်လာခဲ့ရသည် — ကမ္ဘာတဝှမ်းရှိ အမျိုးသမီး ၃ ဦးလျှင် ၁ ဦးကျ လိင်ကွဲပြားမှုအခြေပြုအကြမ်းဖက်မှု ကြုံတွေ့နေရသည်။

လက်ရှိနေရာ လက်ငင်းကာလမှာ အပြောင်းအလဲလုပ်ရမည့် အခါသမပင် ဖြစ်သည်။

လတ်တလောနှစ်များအတွင်း #MeToo ၊ #TimesUp ၊ #Niunamenos ၊ #NotOneMore ၊ #BalanceTonPorc နှင့်အခြား လှုံ့ဆော်မှုများမှတဆင့် လွတ်မြောက်လာသူများနှင့် တက်ကြွ လှုပ်ရှားသူများ၏ အသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့ရာ မကြားချင်မှ အဆုံးပင်။ ရေမြေဒေသကိုလိုက်၍ အမည်များနှင့် နောက်ခံဖြစ်ရပ်များ မည်မျှပင်ကွဲပြားစေကာမူ နေရာအနှံ့ရှိ အမျိုးသမီးများနှင့်မိန်းကလေးများမှာ မတော်တရော်ပြုကျင့်ခြင်းနှင့် အဘက်ဘက်မှ ရင်ဆိုင်နေကြရပြီး ၎င်းတို့၏ ဖြစ်အင်ကို လူအများသိရှိကြရန်လိုကြောင်း လူထုအကျိုးမျှော် နှိုးဆော်သူများက နားလည်သဘောပေါက်ကြသည်။

ထို့ကြောင့်ပင် UNiTE ကမ်ပိန်း၏ ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူထုအကျိုးမျှော်နှိုးဆော်မှု ခေါင်းစဉ်မှာ ကမ္ဘာကြီးတခုလုံးကို လိမ္မော်ရောင်ဆင်ကြပါစို့ #HearMeToo ဖြစ်သည်။

ကမ္ဘာကြီးတခုလုံးကို လိမ္မော်ရောင်ဆင်ကြပါစို့ #HearMeToo ခေါင်းစဉ်အောက်၌ ရပ်ရွာတွင်း ၊ ပြည်တွင်း ၊ ဒေသတွင်းနှင့် ကမ္ဘာလောကတွင်းရှိ အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်မှုများ ၊ လူထုအကျိုးမျှော်နှိုးဆော်သူတဖြစ်လဲ လွတ်မြောက်လာသူများ ၊ လူ့အခွင့်အရေးကာကွယ်သူ အမျိုးသမီးများ နှင့် ပွဲများ စီစဉ်ကျင်းပရန်လည်းကောင်း ၊ တက်ကြွလှုပ်ရှားသူများ ၊ မူဝါဒချမှတ်သူများနှင့် အများပြည်သူအကြား နှီးနှောဖလှယ်ဆွေးနွေးနိုင်ရေး အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်လည်းကောင်း ၊ UNiTE မိတ်ဖက်များကို အားပေးတိုက်တွန်းထားသည်။ ဤအစပျိုးလုပ်ဆောင်မှုအပေါ် တကမ္ဘာလုံးက အာရုံစိုက်လာကြစေရန်အတွက် ယခင်နှစ်များ ကဲ့သို့ပင် တက်ကြွလှုပ်ရှားမှုအားလုံးကို တသားတည်းဖြစ်စေမည့် အဓိကအာဘော်အနေဖြင့် လိမ္မော်ရောင်ကို သတ်မှတ်ပြီး အဆောက်အဦများနှင့် အထင်ကရအမှတ်အသားများကို လိမ္မော်ရောင်ဖြင့် အလှဆင်သွားမည်ဖြစ်သည်။

 

သင်သိပါသလား?

  • အမျိုးသမီးနှင့်မိန်းကလေး ၃ ဦးလျှင် ၁ ဦးကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ၎င်းတို့၏ ဘဝသက်တမ်းတလျှောက်ကြုံတွေ့ဖူးရာ များသောအားဖြင့် အရင်းနှီးဆုံးလက်တွဲဖော်ထံမှဖြစ်သည်။
  • လိင်ဆက်ဆံဖက် ၊ သန္ဓေတားဆေးအသုံးပြုမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အိမ်ထောင်ရှင်အမျိုးသမီး ၅၂ ရာခိုင်နှုန်း သို့မဟုတ် သမဂ္ဂဝင်အမျိုးသမီးများကသာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်ကြသည်။
  • ကမ္ဘာတဝှမ်းလုံးရှိ ယနေ့တိုင်အသက်ရှိဆဲ အမျိုးသမီးနှင့် မိန်းကလေးပေါင်း သန်း ၇၅၀ နီးပါး မှာ အသက် ၁၈ နှစ်ပြည့်မွေးနေ့မတိုင်မီ အိမ်ထောင်ချပေးခံခဲ့ကြရပြီး အမျိုးသမီးနှင့် မိန်းကလေး သန်း ၂၀၀ မှာ အမျိုးသမီးလိင်အင်္ဂါဖြတ်တောက်မှု ခံခဲ့ကြရသည်။
  • ၂၀၁၂ ခုနှစ်တွင် ကမ္ဘာတဝှမ်းလုံး၌ သတ်ဖြတ်ခြင်းခံရသူ အမျိုးသမီး ၂ ဦးလျှင် ၁ ဦးမှာ ၎င်းတို့၏ လက်တွဲဖော်များ သို့မဟုတ် မိသားစုများ၏ လက်ချက်ကြောင့်ဖြစ်ပြီး အမျိုးသား ၂၀ ဦးလျှင် ၁ ဦးသာ ထိုကဲ့သို့ အလားတူအဖြစ်မျိုးကြုံရသည်။
  • ကမ္ဘာတဝှမ်းလုံးရှိ လူကုန်ကူးမှု၏ သားကောင် ၇၁ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် မိန်းကလေးငယ်များ ဖြစ်ကြပြီး ထိုအမျိုးသမီးနှင့်မိန်းကလေး ၄ ဦးလျှင် ၃ ဦးမှာ လိင်အမြတ်ထုတ်ခံ ကြရသည်။
  • အမျိုးသမီးများအပေါ်အကြမ်းဖက်ခြင်းမှာ အသက်ဆုံးပါးမှုနှင့် ကင်ဆာရောဂါကဲ့သို့ မျိုးပွားနိုင်သည့်အရွယ်ရောက်ပြီး အမျိုးသမီးများ မသန်စွမ်းဘဝရောက်ရခြင်း၏ စိုးရိမ်ဖွယ်ရာအကြောင်းရင်းဖြစ်ပြီး ယာဉ်မတော်တဆမှုနှင့် ငှက်ဖျား ၂ မျိုးပေါင်းထက် ကြီးမားသော ကျန်းမာရေးဆိုးဝါးရခြင်း၏ လက်သည်တရားခံဖြစ်သည်။


ကျွန်ုပ်တို့၏ လုပ်ငန်းများ

ရခိုင်ပြည်နယ်ရှိ ဒေသန္တရ ဒီမိုကရေစီစနစ်နှင့် ကျားမတန်းတူညီမျှရေး လမ်းစဖောက်သူများ
ရှေ့ဆောင် အမျိုးသမီး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက အများသဘောဆန္ဒပြု မြို့နယ်စီမံကိန်းရေးဆွဲမှု အခွင့်အလမ်းများအကြောင်း ပြောကြား

ရခိုင်ပြည်နယ်ရှိ UNDP - ကျားမတန်းတူညီမျှမှုနှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့်မြှင့်တင်ခြင်း
သမားရိုးကျ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်သာမက အောက်ခြေမှအစပြုသည့် လှုပ်ရှားဆောင်ရွက်မှုများတွင် အမျိုးသမီးများပါဝင်ဆောင်ရွက်မှုနှင့် ဝင်ရောက်ဆွေးနွေးမှု များအား ပိတ်ဆို့ထားသည့် လူမှုအသိုင်းအဝိုင်းနှင့် ဖွဲ့စည်းပုံဆိုင်ရာ အတားအဆီးများအား ဖြေရှင်းခြင်း

ရခိုင်ပြည်နယ်ရှိ UNDP - တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး၏ အစောင့်အရှောက်ရရှိခြင်း
တရားမျှတသော အဖိုးနည်းဝန်ပါ လုပ်ငန်းယန္တရားများမှတဆင့် ပဋိပက္ခဖြေရှင်းရေးအတွက် ဝန်ဆောင်မှုများနှင့် လိင်ကွဲပြားမှုအခြေပြုအကြမ်းဖက်မှုနှင့် မြေရာပိုင်ဆိုင်ခွင့်ကဲ့သို့ ရခိုင်ပြည်နယ်တွင်းရှိ စိုးရိမ်ဖွယ်ရာပြဿနာများအတွက် ဥပဒေရေးရာအထောက်အပံ့များကို UNDP က ပံ့ပိုးပေးလျက်ရှိသည်။