ဟက်ကာသွန် ၂၀၁၈

2018- November 16

The Hackathon 2018

ဟက်ကာသွန် ၂၀၁၈ အကြောင်း တစေ့တစောင်း

အူရီဒူးမြန်မာနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့က ပထမဦးဆုံးသော ဟက်ကာသွန်ပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်နေ့များတွင် အူရီဒူး၏ ရန်ကုန်နှင့်မန္တလေးရုံးများ၌ လက်ခံကျင်းပသွားမည် ဖြစ်သည်။

ဟက်ကာသွန် ၂၀၁၈” ၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ ဖော်ဆောင်မှုအား ဒီဂျစ်တယ်နည်းပညာဆန်းသစ်တီထွင်မှုမှတဆင့် အရှိန်အဟုန် မြှင့်ပေးမည့် ၎င်းတို့၏ ဆန်းသစ်တီထွင်စိတ်ကူးစိတ်သန်းများကို မြန်မာလူငယ်လူရွယ်များ အနေဖြင့် စင်တင်ပွဲထုတ်နိုင်‌ရေးအတွက် နည်းပညာပလက်ဖောင်းတခု ပံ့ပိုးပေးရန်ဖြစ်သည်။

“ဟက်ကာသွန် ၂၀၁၈” တွင် ပါဝင်ရေး အွန်လိုင်း အမည်စာရင်းသွင်းကြပါရန် လူငယ်လူရွယ်များအား တိုက်တွန်းနှိုးဆော်ပါသည်။

အမည်စာရင်းသွင်းရန် နောက်ဆုံးသတ်မှတ်ရက်မှာ ၂၀၁၈ ဒီဇင်ဘာလ ၅ ရက်နေ့ဖြစ်သည်။

အဖွဲ့တိုင်းတွင် စီးပွါးရေးလုပ်ငန်းစီမံအုပ်ချုပ်မှုနှင့် သတင်းနည်းပညာအား နားလည်တတ်ကျွမ်းသူ အဖွဲ့ဝင် အနည်းဆုံး ၃ ဦးစီ ပါဝင်သင့်သည်။ ဤဟက်ကာသွန်၏ အကြောင်းအရာအာဘော်မှာ “အမျိုးသမီးများအား လုပ်ပိုင်ခွင့်နှင်းအပ်ခြင်းနှင့် စိုက်ပျိုး-နည်းပညာ” ဖြစ်သည်။

အူရီဒူးရုံးချုပ် (တာဝါ အမှတ် ၁ ၊ မြန်မာစင်တာ ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့) နှင့် အူရီဒူး မန္တလေးရုံးခွဲ (အမှတ် ၁၉/၈၁ ၊ ၃၅ လမ်း ၊ ၅၄ လမ်းနှင့် ၅၅ လမ်းကြား ၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးမြို့) တွင် ကျင်းပမည့် ဟက်ကာသွန် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် အသင်းများကို ကော်မတီက ပဏာမအဆင့်ရွေးချယ်သွားပါမည်။ မန္တလေးမြို့မှ ပြိုင်ပွဲဝင်များ အနေဖြင့် ၎င်းတို့၏စိတ်ကူးစိတ်သန်းများကို တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်မှု (live stream) မှတဆင့် ရန်ကုန်မြို့ရှိ အကဲဖြတ်ဒိုင်များထံ စည်းရုံးတင်ဆက်ရမည်ဖြစ်သည်။

ထိပ်သီးအနိုင်ရအသင်းများအနေဖြင့် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ နှင့် UNDP တို့ ပူးတွဲကမကထပြုသော ၆ ရက်တာ စွန့်ဦးတီထွင်ပညာရပ်ဆိုင်ရာ ဝိုင်းဝန်း အကြံပြုဆွေးနွေးပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ စီးပွါးရေးလုပ်ငန်းခွင်သဏ္ဍာန်လုပ် သရုပ်တူလေ့ကျင့်မှုအပါအဝင် အောင်မြင်သည့်စွန့်ဦးတီထွင်သူများဖြစ်လာရန် လိုအပ်သည့် အစွမ်းအစများနှင့် ပြည့်စုံလာစေရေးအတွက် ဆွေးနွေးပွဲကို ပုံစံထုတ်ထားသည်။

အနိုင်ရရှိသည့်အသင်းများအား အူရီဒူးမြန်မာကလည်း အထူးဆုများ ချီးမြှင့်ပေးသွားမည် ဖြစ်သည်။ ထို့ပြင် အနိုင်ရအသင်းများအနေဖြင့် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများအား ကြံဆရန် ၊ ရုပ်လုံးဖော်ရန်နှင့် ရှေ့ပြေးစမ်းသပ်နိုင်ရန်အတွက် IMPACT HUB ရန်ကုန် မှ ပံ့ပိုးသော ဝန်ဆောင်မှုများ (နည်းပေးလမ်းပြမှုနှင့် ကျွမ်းကျင်သူ၏အကြံဉာဏ်) နှင့် အထောက်အပံ့များ ကိုလည်း ရရှိမည်ဖြစ်သည်။ IMPACT HUB ရန်ကုန်သည် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ၊ ဖန်တီးသူများ နှင့် ဆန်းသစ်တီထွင်သူများ၏ ရန်ကုန်မြို့ရှိ စုပေါင်းအလုပ်ခွင်ဖြစ်သည်။