သရုပ်ပြနေ့ - Hackathon နည်းပညာပြိုင်ပွဲ ၂၀၁၈

2019- July 24

The Hackathon 2018

 

သရုပ်ပြနေ့ - Hackathon နည်းပညာပြိုင်ပွဲ ၂၀၁၈

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အရှိန်ရလာစေရေး အထောက်အကူ ဖြစ်စေမည့် ဆန်းသစ်တီထွင် မိုဘိုင်းလ်အက်ပလီကေးရှင်းများကို မြန်မာ့လူငယ်လူရွယ်များ အနေဖြင့် စင်တင်ပွဲထုတ်နိုင်မည့် နည်းပညာပလက်ဖောင်းတခု ပံ့ပိုးပေးနိုင်ရန် အူရီဒူး နှင့် UNDP က Hackathon နည်းပညာပြိုင်ပွဲ ၂၀၁၈ ကို Impact Hub ၏ အဆင်ချောအောင် စီမံပေးမှုဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဒီဇင်ဘာ ၈-၉ ရက်၌ ဆက်တိုက်ကျင်းပခဲ့သည်။

အနိုင်ရ ၃ သင်း ဖြစ်သည့် Deca ၊ Divas နှင့် Blind Hat တို့သည် သင်တန်းစီးရီးလိုက် တက်ရောက်ခြင်းဖြင့် စွန့်ဦးတီထွင်ပညာဝမ်းစာဖြည့်ခဲ့ကြပြီး ၎င်းတို့၏တီထွင်ပစ္စည်းများကို အားဖြည့်နိုင်ခဲ့ကြသည်။ ပထမသင်တန်းမှာ ၂၀၁၈ ဒီဇင်ဘာလတွင် Ooredoo ၊ UNCTAD နှင့် UNDP တို့ ပူးတွဲစီစဉ် ကျင်းပသော Empretec စွန့်ဦးတီထွင်သင်တန်းဖြစ်ပြီး ထို့နောက်တွင် အူရီဒူး ၊ UNDP တို့နှင့် လက်တွဲ၍ Impact Hub က စီစဉ်သည့် ၂၀၁၉ မတ်လမှ ဇွန်လအထိ ကျင်းပသော စီးပွါးရေးလုပ်ငန်း စိတ်ကူးစိတ်သန်းရုပ်လုံးဖော်ပရိုဂရမ်ဖြစ်သည်။ စိတ်ကူးစိတ်သန်းရုပ်လုံးဖော်ပရိုဂရမ်၏ နိဂုံးခရီးပန်းတိုင်အနေဖြင့် သရုပ်ပြနေ့ တွင် အနိုင်ရအသင်းများက ၎င်းတို့၏ တီထွင်ပစ္စည်းများကို အားပေးကြရန်ဆွဲဆောင်ကြရမည် ဖြစ်သည်။

ဤစိတ်လှုပ်ရှားဖွယ်ရာအခမ်းအနားသို့ သင့်အား ဖိတ်ကြားခွင့်ရသည်ကို ကျေနပ်နှစ်သိမ့်မိပြီး ထင်မြင်တုံ့ပြန်ချက်များပေး၍ဖြစ်စေ ၊ ယင်းအဖွဲ့များ၏ တီထွင်ပစ္စည်းများကို ရင်းနှီးမြုပ်နှံရန် အခွင့်အလမ်းများအဖြစ် စဉ်းစားပေးခြင်းအားဖြင့်ဖြစ်စေ ၊ အရှင်မွေးနေ့ချင်းကြီးလာနိုင်သည့် သန္ဓေတည်ကာစလုပ်ငန်းများကို သင့်အနေဖြင့် အထောက်အပံ့ပြုနိုင်မည်ဆိုပါက အားရဝမ်းသာ ဖြစ်မိပါမည်။

၂၀၁၈ Hackathon နည်းပညာပြိုင်ပွဲ အနိုင်ရအသင်းများ


Divas အဖွဲ့


Deca အဖွဲ့


Blind Hat အဖွဲ့


HearU အက်ပလီကေးရှင်း


ဒေါက်တာကြက် အက်ပလီကေးရှင်း


စိမ်းလဲ့မြေ အက်ပလီကေးရှင်း

UNDP နှင့် အူရီဒူးမိတ်ဖက်ပြုခြင်းနှင့်စပ်လျဉ်း၍ UNDP ဌာနေကိုယ်စားလှယ် အား တွေ့ဆုံမေးမြန်းခြင်း


ဘာသာစကား အင်္ဂလိပ်

ဘာသာစကား မြန်မာ

စပ်လျဉ်းသည့် လင့်ခ်များ