၂၀၁၉ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

2019- March 8

၂၀၁၉ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

ယခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (မတ်လ ၈ ရက်) အတွက် အာဘော်မှာ “အမျိုးသမီးများများ ဘဝ မြှင့်တင်ဖို့၊ ခွင့်တူညီရေး စဉ်းစားလို့၊ စွမ်းရည်မြှင့်ရေးအလေးပေးဖို့၊ ဆန်းသစ်နည်းလမ်း ဖော်ထုတ်စို့” ဖြစ်ပြီး အမျိုးသမီးများနှင့် မိန်းကလေးများ၏ မိန်းမချင်းအတွက် ဆန်းသစ်တီထွင်မှုများအား ကျား/မ တန်းတူညီမျှမှု ရရှိရေး ကြိုးပမ်းအားထုတ်မှုများ၏ နှလုံးသည်းပွတ်နေရာတွင် ထားရှိရေး ဖြစ်သည်။

ကျားမတန်းတူညီမျှသည့် လောကဖြစ်ပေါ်လာရေးအတွက် အမျိုးသမီးရော အမျိုးသားအတွက်ပါ အလုပ်ဖြစ်သည့် လူမှုရေးဆန်းသစ်တီထွင်မှုများလိုအပ်ပြီး မည်သူ့ကိုမျှ နောက်ချန်မထားရစ်ခဲ့ကြရန် လိုသည်။

ရပ်ရွာလူထုဘေးကင်းလုံခြုံရေးအား ဂရုပြုအမှုထားသည့် မြို့ပြစီမံကိန်းမှသည် အမျိုးသမီးများနှင့် မိန်းကလေးများရှေ့မှောက် စာသင်ခန်းရောက်လာမည့် အီလက်ထရောနစ်-သင်ကြားရေး နည်းပညာ ပလက်ဖောင်းများ ၊ အဖိုးနည်းဝန်ပါ အရည်အသွေးပြည့် ကလေးသူငယ်စောင့်ရှောက်မှုစင်တာများ ၊ အမျိုးသမီးများကိုယ်တိုင် ဖန်တီးပုံဖော်သည့် နည်းပညာ ၊ ဆန်းသစ်တီထွင်မှုတို့ကြောင့် ၂၀၃၀ ပြည့် နှစ် ပန်းဝင်ချိန်အထိ ကျား/မတန်းတူညီမျှမှုရရှိရေး ပြေးပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်နိုင်စေမည် ဖြစ်သည်။

နည်းပညာနှင့်ဆန်းသစ်တီထွင်မှုများ၏ အစပျိုးကာလ၌ပင် အမျိုးသမီးများနှင့် မိန်းကလေးများ၏ လိုအပ်ချက်များနှင့် အတွေ့အကြုံများကို ပေါင်းစပ်သမူဟပြုမှုရှိကြောင်း သေချာစေခြင်းအားဖြင့် စတင်ရမည်ဖြစ်သည်။

အမျိုးသားနှင့်အမျိုးသမီးတို့၏ လိုအပ်ချက်များကို မျှမျှတတဖြေရှင်းပေးနိုင်ရေးအတွက် ကျား/မ အကြားကွာဟချက်ကို အသိအမှတ်ပြုရုံထက်ပိုသော ပါးနပ်ထက်မြက်သည့် ဖြေရှင်းရေး နည်းလမ်းများကို ဖန်တီးရန်ဖြစ်သည်။ နည်းပညာကို မည်သူက မည်သို့မည်ပုံ လက်လှမ်းမီသည်နှင့် အသုံးပြုသည်ကို အာရုံစိုက်ခြင်းအားဖြင့်လည်းကောင်း ၊ အခြေတည်ကာစ လုပ်ငန်းနယ်ပယ်များတွင် ဆုံးဖြတ်ချက်ချနိုင်သည့် အခန်းကဏ္ဍကို အမျိုးသမီးများနှင့် မိန်းကလေးများ ရရှိကြောင်း သေချာသမှုပြုခြင်းအားဖြင့်လည်းကောင်း ၊ ရှိရင်းစွဲလှေကြီးထိုးရိုးရိုးအနေအထားမှ ဖောက်ထွက်မည့် ဆန်းသစ်တီထွင်မှုများ လိုအပ်သည်။

အတိုင်းအဆမဲ့ စိတ်ကူးပုံဖော်နိုင်စွမ်း ၊ ပျော်ရွှင်ဖွယ်ရာ စိတ်ကူးအိပ်မက်များ နှင့် အပိုင်းအခြား မရှိသည့် ခွန်အားများအတွက် အမျိုးသမီးများနှင့် မိန်းကလေးများအား ကျွန်ုပ်တို့နှင့်အတူပူးပေါင်း၍ ဂုဏ်ပြုကြပါစို့။





သရုပ်ဖော်ဇာတ်လမ်း

နှုတ်မှပြောမထွက်သည်များကို ရင်ဆိုင်ဖြေရှင်းခြင်း
UNDP နှင့် အူရီဒူးမြန်မာတို့က ထောက်ပံ့သော ဟက်ကာသွန်၏ အမျိုးသမီးများအား လုပ်ပိုင်ခွင့် နှင်းအပ်ခြင်း ကဏ္ဍခွဲ၌ ခိုင်လွင်မြင့်နှင့် သူမ၏ DIVAS အဖွဲ့က ပထမဆု ဆွတ်ခူးခဲ့သည်။ “ကျောင်းသူကျောင်းသားများအတွက် လှုံ့ဆော်ပွဲတွေကို ပင်တိုင်ထားပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုက လွတ်မြောက်လာသူများကို အကူအညီပေးမဲ့ ဝန်ဆောင်မှုများကို အူရီဒူးနဲ့ UNDP တို့ရဲ့ အထောက်အပံ့နဲ့ ၁ နှစ်အတွင်း စတင်ဖို့ ကျမတို့ အစီအစဉ်ဆွဲထားပါတယ်။ နောင်မှာလည်း အမျိုးသမီးနဲ့ မိန်းကလေးငယ်များအတွက် အန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး ဝန်ဆောင်မှုတွေ ကို ထပ်ဖြည့်ဖို့ ကျမတို့ စီစဉ်ထားပါတယ်” ဟု ခိုင်က ဆိုသည်။ “မြန်မာနိုင်ငံက အမျိုးသမီး အခွင့်အရေးအတွက် ရှေ့ဆောင်လမ်းပြ တဦးရယ်လို့ ကိုယ့်ကိုကိုယ် မခံယူပါဘူး။ မြန်မာ အမျိုးသမီးတွေကို ကျမတတ်နိုင်သလောက် ကူညီချင်တာပါ။” မိမိကိုယ်ကို နှိမ့်ချစွာဖြင့် သူမက ဆိုသည်။ #အမျိုးသမီးများနေ့


ဗွီဒီယိုများ


ကျွန်ုပ်တို့၏ လုပ်ဆောင်မှုမှ အကျိုးဖြစ်ထွန်းမှုများ


ကျွန်ုပ်တို့၏ လုပ်ငန်းများ


ဘလော့ဂ်များ


ကျွန်ုပ်တို့၏ ပုံနှိပ်ထုတ်ဝေမှုများ