ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အမှတ်အသားတံဆိပ်နှင့် ဖော်ပြမှု
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အမှတ်အသားတံဆိပ်နှင့် ဆောင်ပုဒ်သည် တစ်ဆက်တည်း ဖြစ်ပြီး ကုလသမဂ္ဂ သင်္ကေတနှင့် “UNDP” အက္ခရာများကို အချိုးအစားပုံသေဖြင့် ချိတ်ဆက်ထားသည်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အမှတ်အသားတံဆိပ်သည် ကျွန်ုပ်တို့၏ အမြင်ဆိုင်ရာ အမှတ်လက္ခဏာ၏ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုရန် အသုံးပြုသည်။
လက်တွေ့တွင် အပြာရင့်ရောင်နှင့် လေးထောင့်ပုံသဏ္ဍာန်သည် အမှတ်အသားတံဆိပ်အား အားကောင်း၍ သိသာထင်ရှားစေပြီး “ Empowered lives. Resilient nations” ဆောင်ပုဒ်သည် အမှတ်အသားတံဆိပ်အား ပံ့ပိုးရန် ဖြစ်ပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ လုပ်ဆောင်နေမှုအား ရှင်းပြရန်ဖြစ်သည်။
အောက်ပါ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အမှတ်အသားတံဆိပ် folder တွင် အမှတ်အသားတံဆိပ်နှင့် ဆောင်ပုဒ်တို့၏ သင့်တော်သည့် version များ၊ format များကို ပြသထားပါသည်။ အမှတ်အသားတံဆိပ်အား အပြာရင့်ရောင်၊ ဆောင်ပုဒ်အား အနက်ရောင်ဖြင့် ဖော်ပြထားသည့် version ကို ကျွန်ုပ်တို့ ပိုမိုနှစ်သက်ပါသည်။ သို့ဖြစ်ရာ ဖြစ်နိုင်သည့် အခါတိုင်း အဆိုပါ version ကို အသုံးပြုပေးရန် မေတ္တာရပ်ခံပါသည်။ ဆောင်ပုဒ်အား အမှတ်အသားတံဆိပ်၏ အထက်၊ သို့မဟုတ် ဘေးတွင် မထားရ၊ ယခု အောက်တွင် ဖော်ပြထားသည့် အတိုင်း အမှတ်အသားတံဆိပ်၏ အောက်ဘက်တွင်သာ ထားရမည်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အမှတ်အသားတံဆိပ်ဖော်ပြမှု လမ်းညွှန်ချက်များ
မှတ်ချက် ။ ။ ကျွန်ုပ်တို့ ပိုမိုနှစ်သက်သည့် version မှာ အမှတ်အသားတံဆိပ်အား အပြာရင့်ရောင်၊ ဆောင်ပုဒ်အား အနက်ရောင်ဖြင့် ဖော်ပြထားသည့် version ဖြစ်သည်။ အောက်တွင် ကြည့်ပါ။ သို့ဖြစ်ရာ ဖြစ်နိုင်သည့် အခါတိုင်း အဆိုပါ version ကို အသုံးပြုပေးရန် မေတ္တာရပ်ခံပါသည်။
မည်သည့် အသုံးပြုမှုအတွက်မဆို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အမှတ်အသားတံဆိပ်နှင့် ဆောင်ပုဒ်တို့ကို မူလပုံကသာ ကူးယူသင့်သည်။ အချိုးအစားများ၊ ပုံစံများ၊ စာများသည် ယင်း၏ ထိရောက်မှုအတွက် အဓိက ကျနေသောကြောင့် ဖြစ်ပြီး ပြန်လည်ကူးယူရာတွင် တရားဝင်ခွင့်ပြုထားသည့် အမှတ်အသားတံဆိပ်များကိုသာ အသုံးပြုရမည်။ အမှတ်အသား တံဆိပ်အား ပြန်လည်ဖန်တီးခြင်း၊ ပြန်လည်ဆွဲသားခြင်းများ မပြုလုပ်ရ။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အမှတ်အသားတံဆိပ် အသုံးပြုရာတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ သတ်မှတ်ကိုယ်စားလှယ်များထံမှ ပူးပေါင်းဆောင်ရွက်မှုနှင့် ခွင့်ပြုချက် ရယူရန် လိုပါသည်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အမှတ်အသားတံဆိပ်များ download ပြုလုပ်ခြင်း သို့မဟုတ် အသုံးပြုခြင်းတို့အတွက် အကူအညီလိုအပ်ပါက mmr.communication@undp.org သို့မဟုတ် +၉၅ (၁) ၅၄၂၉၁၀ မှ ၁၉ အထိ သို့ ဆက်သွယ်ပေးပါ။
အခြားလက်ခံနိုင်သည့် version များ
- ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အမှတ်အသားတံဆိပ်အား အပြာရောင်၊ ဆောင်ပုဒ်အား အဖြူရောင်ဖြင့် ဖော်ပြထားချက်
- (နောက်ခံအရောင်ရှိသော /အပြာရောင်ဖြစ်သော နောက်ခံများပေါ်တွင်) ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အမှတ်အသားတံဆိပ်အား အဖြူရောင် အနားသတ်၊ ဆောင်ပုဒ်အား အဖြူရောင်ဖြင့် ဖော်ပြထားချက်