မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုနှင့် ဆီလျော်နေထိုင်ခြင်းဆိုင်ရာ စီမံကိန်းစတင်

Tue Feb 17 00:00:00 UTC 2015

(မန္တလေး - ၁၇ ဖေဖော်ဝါရီ) တောင်သူလယ်သမားများကို ရာသီဥတုနှင့် အချိန်မီကိုက်ညီမှု ရှိအောင် ဆောင်ရွက်နိုင်မည့် ရင်းမြစ်များ၊ အသိပညာများနှင့် တန်ဆာပလာများ ပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ လူဦးရေ လေးပုံတစ်ပုံကျော်သည် အကျိုးခံစားမှုများ ရရှိမည် ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု ရှိသော်လည်း စိုက်ပျိုးရိတ်သိမ်းမှုများ ပြုလုပ်ရန် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်မှ နီကိုလပ်ရိုဆယ်လီနီမှ ပြောကြားသွားခဲ့သည်။

လေးနှစ်တာလုပ်ဆောင်မည့် အမေရိကန်ဒေါ်လာ (.)သန်းတန် မြန်မာနိုင်ငံအပူပိုင်းဒေသရှိ ရေရင်းမြစ်နှင့် အစားအစာ လုံခြုံမှုတို့အပေါ် သက်ရောက်နေသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အန္တရာယ်များကို ဖြေရှင်းဆောင်ရွက်ခြင်း စီမံကိန်းကို ယနေ့ မန္တလေးမြို့တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် အာရှနှင့် ပစိတ်ရေးရာ ဒုလက်ထောက်ညွှန်ကြားရေးမှူးနှင့် ဒေသတွင်း ဒုတိယ ဒါရိုက်တာ နီကိုလပ်ရိုဆယ်လီနီတို့က ဖွင့်လှစ်ခဲ့သည်။

စီမံကိန်းကို မြန်မာနိုင်ငံအလယ်ပိုင်း မြေနိမ့်ဒေသတွင် လုပ်ဆောင်မည် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း (၁၅၀) ခန့်လောက်ကတည်းက ကမ္ဘာကြီးပူနွေးမှုကြောင့် ပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှုက ယခု ခြောက်သွေ့ဒေသအဖြစ် ထင်ရှားသည့် အဆိုပါ ဒေသကို ရာသီ ဥတုနှင့် ပတ်သက်လာလျှင် ထိလွယ်ရှလွယ် ဖြစ်သည့် ရင်းမြစ်များရှာပါးသည့် အခြေအနေမျိုး ဖြစ်လာစေခဲ့သည်။ ခြောက်သွေ့ဒေသတွင် မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ (၃၄) ရာခိုင်နှုန်းနေထိုင်သည်။ ကြာရှည် ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် မိုးခေါင်မှုကြောင့် ဖြစ်ပေါ်လျက်ရှိသည့် ရေရှားပါးမှု ပြဿနာသည် ထိုဒေသရှိ အသက်မွေး ဝမ်းကျောင်းမှုများအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာခဲ့သည်။ အိမ်ထောင်စုအများစုသည် ၎င်းတို့၏ အချိန်နှင့်် ကြိုးပမ်းအားထုတ်မှု အများစုကို သောက်ရေနှင့် အခြားသော သုံးရေများအတွက် ဝယ်ယူသုံးစွဲနေရသည့်အတွက် ဝင်ငွေများကို အခြားနေရာများတွင် သုံးစွဲနိုင်မှု အခွင့်အလမ်းနည်းပါးသည်။

ဖော်ပြပါစီမံကိန်းအရ ရွာပေါင်း (၂၈၀)တွင် ခြောက်သွေ့ရာသီ၌ သောက်သုံးရေ များစဉ်ဆက်မပြတ်ရရှိရေးအတွက် အသေးစား ရေစီမံခန့်ခွဲရေး အခြေခံအဆောက်အအုံများ ဖြစ်သည့် ရေမြောင်းများ၊ ရပ်ရွာသုံးဘုံရေကန်များ၊ ရေပိုက်များနှင့် အဝီစိတွင်းများကို တည်ဆောက်မည် ဖြစ်သည်။ မြေဆီလွှာတိုက်စားခံရမှုကို ထိန်းချုပ်နိုင်ရန် ရေစီးဆင်းမှုနှင့် ဆက်စပ်နေသည့် မြေဧက ငါးထောင် ဟက်တာကိုလည်း ပြန်လည်ထိန်းသိမ်းပြင်ဆင်သွားမည် ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် ခြောက်သွေ့ရာသီအတွင်း တောင်သူလယ်သမားများအနေဖြင့် သီးနှံပိုမိုစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် ရာသီဥတုဘေးကပ်ဆိုင်ရာ သတင်း အချက်အလက်များကို တိတိကျကျနှင့် အချိန်မီ ရရှိရေးအတွက်လည်း ဆောင်ရွက်သွားမည် ဖြစ်သည်။

ဤစီမံကိန်းသည် မြန်မာနိုင်ငံရှိ ညှိနှိုင်းရန်ပုံငွေအဖွဲ့နှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်တို့ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်သည်။ ထို့အပြင် မန္တလေး တိုင်းဒေသကြီးအစိုးရ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနှင့် မကွေးတိုင်းဒေသကြီး အစိုးရ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနနှင့် အခြားသော ဆက်စပ်အစိုးရအဖွဲ့များကပါ ထောက်ပံ့ကူညီထားသည်။

အဆိုပါ ဆက်စပ်ဆောင်ရွက်မှုနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ ခြောက်သွေ့ဒေသ ကျေးလက်ဖွံ့ဖြိုးရေး အတွက် သိသာထင်ရှားသည့် မှတ်ကျောက်တစ်ခု ဖြစ်ကြောင်း၊ အထူးသဖြင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှု၊ ရေအရင်းမြစ်ဖွံဖြိုးတိုးတက်မှုနှင့် ကျေးလက်ဒေသတွင် နေထိုင်သည့် ပြည်သူများ၏ အစားအသောက်လုံခြုံမှုတို့အတွက် အရေးပါကြောင်း ပြောကြားသွားခဲ့သည်။

 

“အခုလို ပူးပေါင်းလုပ်ဆောင်မှုတွေဟာ တိုင်းပြည်က သွားနေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာတွေနဲ့ ကိုက်ညီမှုရှိသလို မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသမှာ နေထိုင်ကြတဲ့ အောက်ခြေပြည်သူလူထုအတွက် အပြုသဘောဆောင် ကောင်းမွန်တဲ့ ရလဒ်တွေကို ဖြစ်ထွန်းစေပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ဆက်လက် ပြောကြားသွားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်ကလည်း ယခုစီမံကိန်းသည် မိုးခေါင်မှုနှင့် ရေရှားပါးမှုကဲ့သို့သော ရာသီဥတု ပြောင်းလဲမှုများကြောင့် ခံစားခဲ့ရသည့် မြန်မာနိုင်ငံ ခြောက်သွေ့ဒေသရှိ ကျေးလက်တောရွာများ အတွက် သိသာသည့် ပြောင်းလဲမှုများကို ယူဆောင်လာမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

“အခုစီမံကိန်းဟာ ကျေးတက်တောရွာတွေမှာ သန့်ရှင်းတဲ့ သောက်သုံးရေတွေ ရရှိလာအောင် လုပ်ဆောင်သွား နိုင်မှာ ဖြစ်သလို မသန့်ရှင်းတဲ့သောက်သုံးရေတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါ ဖြစ်ပွားမှုတွေကိုပါ ကာကွယ်သွားနိုင်မှာ ဖြစ်ပါတယ်”ဟု ဦးရဲမြင့်က ပြောကြားသွားခဲ့သည်။ “အဆိုပါစီမံကိန်းက စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ် မှုတွေကို မြှင့်တင်သွားနိုင်မှာ ဖြစ်သလို ဒေသတွင်း အစားအသောက်လုံခြုံရေးကိုပါ မြှင့်တင်သွားနိုင်မှာ ဖြစ်ပါ တယ်။ ဒါ့အပြင် ရေရင်းမြစ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကိုပါ လုပ်ဆောင်နိုင်မှာ ဖြစ်သလို မြေဆီလွှာတိုက်စား ခံရမှုတွေကိုပါ လျှော့ချသွားနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ ဒီစီမံကိန်းဟာ မြေယာပိုင်ဆိုင်မှုမရှိသူတွေ အတွက် ဝင်ငွေရရှိနိုင်မယ့် အခွင့်အလမ်းတွေကိုပါ ဖန်တီးပေးနိုင်သွားမှာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် အာရှနှင့် ပစိတ်ရေးရာ ဒုလက်ထောက်ညွှန်ကြားရေးမှူးနှင့် ဒေသတွင်း ဒုတိယ ဒါရိုက်တာ နီကိုလပ်ရိုဆယ်လီနီက အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထူးအရေးပါကြောင်း ပြောကြားသွားခဲ့သည်။

“ဒီစီမံကိန်းဟာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကနေ အသိအမှတ်ပြုထားတဲ့  မြန်မာနိုင်ငံတွင်း ရာသီဥတု ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အခြေအနေအလိုက် ပြောင်းလဲလုပ် ကိုင်နိုင်မယ့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် မြေပြင်အနေအထားမှာ လုပ်ကိုင်တဲ့ ပထမဆုံး စီမံကိန်း တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားအဆင့် လက်တွေ့ ညှိနှိုင်းလုပ်ဆောင်မှုဆိုင်ရာ အစီအစဉ်နဲ့လည်း တစ်ထပ် တည်း ဖြစ်ပါတယ်”ဟု နီကိုလပ်ရိုဆယ်လီနီ က ပြောကြားခဲ့သည်။ “ဒီအရာဟာ မြန်မာနိုင်ငံအတွက် အဖွဲ့အစည်း ဆိုင်ရာ စွမ်းဆောင်ရည် တည်ဆောက်ရေးအတွက် ပထမဆုံးသော ခြေလှမ်းတစ်ခု ဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စီမံဆောင်ရွက်မှုတွေမှာ ရာသီဥတုကပ်ဘေးတွေကို ထည့်သွင်းစဉ်းစားဖို့လည်း ဖြစ်တယ်။ ဒီစီမံကိန်းဟာ မဟာဗျူဟာမြောက် စတင်လုပ်ဆောင်လုပ်ဆောင်ခဲ့တဲ့အရာတွေ ဖြစ်တဲ့အပြင် အစိမ်းရောင်ရာသီဥတုရန်ပုံငွေ (Green Climate Fund) အဖွဲ့လို အဖွဲ့တွေနဲ့ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ရန်ပုံငွေတွေကို ပိုပိုထိတွေ့ခွင့်ရမှုကိုလည်း အဆင်ပြေချောမွေ့ စေပါတယ်” ဟု၎င်းက ထည့်သွင်းပြောကြားသွားခဲ့သည်။

“ရာသီဥတုပြောင်းလဲမှုတွေဟာ သက်ရောက်မှုတွေများပြားပြီး ကျယ်ပြန့်လာတဲ့အတွက် ကျွန်မတို့ဟာ ဆက်စပ် လုပ်ဆောင်ရမယ့် ချဉ်းကပ်နည်းတွေနဲ့ပဲ လုပ်ဆောင်လာရပါတယ်။ ရာသီဥတု ပြောင်းလဲမှုတွေက ကျွန်မတို့ရဲ့ တွေးခေါ်ပုံတွေနဲ့ လုပ်နည်းလုပ်ဟန်တွေကို အသစ်အသစ်သော အရာတွေနဲ့ ဆီလျော်မှုရှိအောင် ဖန်တီးရင်း ကျွန်မတို့ကို စိန်ခေါ်နေပါတယ်။ မတူကွဲပြားတဲ့ မိတ်ဖက်တွေဖြစ်တဲ့ အစိုးရဌာနတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း တွေနဲ့ ရပ်ရွာနေပြည်သူတွေရဲ့ ပါဝင်ဆောင်ရွက်မှုတွေဟာ ဒီစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းကို အဆုံးအဖြတ် ပေးမယ့် အရာတွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ရာသီဥတုပြောင်းလဲမှုနဲ့ ဆီလျော်အောင် နေထိုင်ကျင့်သုံးမယ့် အစီအစဉ်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ သက်ဆိုင်ရာဌာနတွေဟာ သီးခြားဆောင်ရွက်နေလို့ မရတော့တဲ့ အခြေအနေကြောင့်ပဲ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် မြန်မာနိုင်ငံကိုယ်စားလှယ် မစ္စ ရီနာတာလော့ဒက်ဆဲလီးယင်းက ပြောကြားသွားခဲ့သည်။

အဆိုပါစီမံကိန်းကို ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီး ဌာနတို့ မိတ်ဖက်ပူးပေါင်းကာ စစ်ကိုင်းဒေသကြီးရွှေဘိုနှင့် မုံရွာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံနှင့် ညောင်ဦးမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ချောက်မြို့တို့တွင် လုပ်ဆောင်သွားမည် ဖြစ်သည်။

 

 

Contact information

Shobhna Decloitre
Communications Specialist
UNDP Myanmar
Tel: 09 250345158
shobhna.decloitre@undp.org


Lat Lat Aye
Team Leader, UNDP Myanmar
09-250-345168
lat.lat.aye@undp.org

U Ba Kaung
Deputy Director,
Dry Zone Greening Department

Tel: 09-5143120
ubakaung95@gmail.com

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး