မြန်မာနိုင်ငံရှိ အမျိုးသမီးရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ - အမျိးသမီးများ ခေါင်းဆောင်မှုကို အဟန့်အတား ဖြစ်စေသည့် အရာများကို ဖြတ်ကျော်မှု သက်သေသာဓကများ

Wed Dec 09 00:00:00 UTC 2015

တနင်္သာရီတိုင်းဒေသကြီးရှိ ပလောနှင့် လောင်းလုံမြို့နယ်များမှ အမျိုးသမီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ (ဓာတ်ပုံ - ရှော့ဘနာ ဒီကလွိုက်ထ် / မြန်မာနိုင်ငံ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်)


ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် အုပ်ချုပ်ရေးဆိုင်ရာ အစိုးရအရာရှိများနှင့် ကျေးရွာများအကြား အနီးစပ်ဆုံး ချိတ်ဆက်ဆောင်ရွက်ပေးသည့် ကြားခံလူများ ဖြစ်ကြသည်။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က ယနေ့ထွက်ရှိသည့် အစီရင်ခံစာ တစ်စောင်က ထုတ်ဖော်ပြသ ထားသည်မှာ အမျိုးသမီးအုပ်ချုပ်ရေးမှူးအရေအတွက်သည် စုစုပေါင်းရှိသည့် အုပ်ချူပ်ရေးမှူးအရေအတွက် ၁၆၇၈၅ ယောက်ထဲတွင် ၄၂ ဦးသာပါဝင်ပြီး ထိုပမာဏသည် ဝ.၂၅ ရာခိုင်နှုန်းသာရှိသည်။

“အမျိုးသမီးနှင့် ဒေသတွင်း ခေါင်းဆောင်မှု - မြန်မာနိုင်ငံရှိ အမျိုးသမီး ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ခေါင်းဆောင်မှု ခရီးရှည်” အမည်ရှိ အစီရင်ခံစာသည် အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ ဒေသတွင် အခက်အခဲများကို မည်ကဲ့သို့ကျော်ဖြတ်ခဲ့သည်ကို အတွင်းကျကျ ရှုမြင်သုံးသပ်ထားသည်သာမက အဆိုပါ အခက်အခဲများကို အမျိုးသမီးများအနေဖြင့် ကျော်ဖြတ်နိုင်ကြောင်းလည်း ပါဝင်သည်။ ထို့အပြင် အဆိုပါအစီရင်ခံ စာတွင် အခြားသောအမျိုးသမီးများအား ဒေသတွင်းခေါင်းဆောင်မှုများတွင် ပါဝင်ဆောင်ရွက်ပြီး ခေါင်းဆောင် မှုနေရာများကို ရယူနိုင်ရန် အားပေးအားမြှောက်ပြုနိုင်မည့် အကြံပေးချက်များလည်း ပါဝင်သည်။

“မြန်မာတစ်နိုင်ငံလုံး အမျိုးသမီး ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးပေါင်း (၄၂) ဦးပဲ ရှိတယ်ဆိုတဲ့ အချက်က မြန်မာနိုင်ငံမှာ ဒေသတွင်း ဆုံးဖြတ်ချက်ချမှုတွေနဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ရဲ့ ပါဝင်ဆောင်ရွက်မှုတွေအပေါ် စိန်ခေါ်မှုတွေ ရှိနေသေးတယ်ဆိုတာကို ခိုင်ခိုင်မာမာ ပြသလိုက်တာပဲ ဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဒီအခက်အခဲတွေကို ကျော်လွှားနိုင်တယ်ဆိုတာ သေချာပါတယ်” ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် နိုင်ငံအဆင့် ညွှန်ကြားရေးမှူး တွိုင်လီ ကာဗနော့(ဗ်) က အခမ်းအနားတွင် ပြောကြားသွားခဲ့သည်။

ထိုအစီရင်ခံစာသည် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုူး (၆)ဦး ဖြတ်သန်းခဲ့ရသည့် ခရီးကြမ်းများကို အခြေခံထားသည့် မှတ်တမ်းတင်ရုပ်ရှင်နှင့် ချိတ်ဆက်လုပ်ဆောင်ထားခြင်း ဖြစ်သည်။ အဆိုပါ အစီရင်ခံစာနှင့် မှတ်တမ်းတို့က ဒေသတွင်းအုပ်ချုပ်ရေးယန္တရားတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်ရန် အဟန့်အတား ဖြစ်နေသည့် အရာများဖြစ်သည့် လူမှုစီးပွားရေးနှင့် ဘာသာရေးဆိုင်ရာ တစ်ဖက်သတ် ပုံသွင်းမှုများနှင့် စံတန်ဖိုးများ၊ ခေါင်းဆောင်မှုဆိုင်ရာ နေရာများကို ယူဆောင်ရန် ကန့်သတ်ထားမှုများ၊ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံများရရှိရန် အကန့်အသတ်ဖြစ်နေသည့် အမျိုးသမီးများ၏ သမားရိုးကျ တာဝန်ဝတ္တရားများ ဖြစ်သော အိမ်တွင်းလုပ်ငန်းဆောင်တာများ၊ အချိန်ကန့်သတ်မှုများနှင့် အခွင့်အလမ်း ကန့်သတ်မှုများအကြောင်း အလေးပေးဖော်ပြထားသည်။

“ဒီနေ့ ကျွန်တော်တို့ ထုတ်ဝေတဲ့ ရုပ်ရှင်နဲ့ အစီရင်ခံစာဟာ အမျိုးသမီးတွေ အခက်အခဲကို ဘယ်လိုကျော်ဖြတ်ခဲ့ကြသလဲဆိုတာတွေပါဝင်သလို သူတို့အနေနဲ့ လူမှုရေးလုပ်ငန်းတွေမှာ အတွေ့အကြုံတွေ တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ အရေးပါမှုတွေ၊ စံပြအမျိုးသမီးတွေရဲ့ အရေးပါမှုတွေလည်း ပါဝင်ပါတယ်”


 

“ပိုမိုခိုင်မာတဲ့ နိုင်ငံရေးဆိုင်ရာ တာဝန်ခံမှုတွေဟာ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာပါဝင်တဲ့ အမျိုးသမီးအရေအတွက်တွေ တိုးများလာမှုနဲ့ စတင်ပါတယ်။ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် အနေနဲ့ ဒေသတွင်း အုပ်ချုပ်မှုဆိုင်ရာ ယန္တရားတွေမှာ အမျိုးသမီးများ ပါဝင် ဆောင်ရွက်ရေးအတွက် အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ထောက်ပံ့မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့နေရာမှာပဲ ရပ်တန့်နေလို့ မရပါဘူး။ လက်တွေ့မှာ အမှန်တကယ်လိုအပ်နေတာက ကျားမတန်းတူညီမျှမှုကို ဦးစားပေးလုပ်ဆောင်မည့် အစိုးရပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုပဲဖြစ်ပါတယ်။ အဲ့ဒီ အစိုးရပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေမှာ ရွေးကောက်ခံရတဲ့ အရာရှိတွေနဲ့ အုပ်ချုပ်ရေးယန္တရားတွေ၊ ပြည်သူ့ရေးရာမူဝါဒတွေမှာ ကျားမရေးရာ တန်းတူညီမျှမှုကို ထိထိရောက်ရောက်နဲ့ လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု မစ္စတာ ကာဗနော့(ဗ်) က ပြောကြားခဲ့သည်။

အဆိုပါအစီရင်ခံစာနှင့် မှတ်တမ်းတင်ရုပ်ရှင်သည် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ဒေသန္တရအုပ်ချုပ်ရေးမှူးများ အတွက် စွမ်းဆောင်ရည်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် ထွက်ရှိခဲ့သည်။ အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ထိုအလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသမီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၄၂) ဦးလုံး တက်ရောက်ခဲ့ပြီး မေတို့ကမ္ဘာ ကျေးလက်ဒေသ အမျိုးသမီးကွန်ရက်မှ ဘုတ်ဒါရိုက်တာများလည်း တက်ရောက်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီးခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ အတွေ့အကြုံများ ကို မျှဝေနိုင်ခဲ့သည်သာမက အပြန်အလှန်လည်း လေ့လာသင်ယူနိုင်ခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲကို ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံက ငွေကြေးထောက်ပံ့ခဲ့သည်။

 

Contact information

Shobhna Decloitre
UNDP Communications Specialist
shobhna.decloitre@undp.org

ယူအန်ဒီပီ ကမ္ဘာတစ်ဝှမ်း

သင် ရောက်ရှိနေသော နေရာမှာ ယူအန်ဒီပီ မြန်မာ 
သွားရောက်ရမည့်နေရာ ကမ္ဘာလုံးဆိုင်ရာ ယူအန်ဒီပီ

က

ကင်ညာ ကင်မရွန်း ကမ္ဘောဒီးယား ကာဂျဇ်စတန် ကာဇက်စတန် ကိတ်ဗာဒီ ကိုဆိုဗို ကိုမိုရိုစ် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ကိုလမ်ဘီယာ ကို့တ် ဒီဗွာ ကူဝိတ် ကော်စတာရီကာ ကျူးဘား ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ကွန်ဂိုသမ္မတနိုင်ငံ

ချတ်ဒ် ချီလီ

ဂမ်ဘီယာ ဂါနာ ဂါဘွန် ဂိုင်ယာနာ ဂျမေကာ ဂျီဘူတီ

‌ဂျော်ဂျီယာ ‌ဂျော်ဒန်

ဂွာတီမာလာ ဂွီနီယာ ဂွီနီယာ-ဘစ်ဆော

ဆာမိုအာ (နိုင်ငံတကာရုံး) ဆားဗီးယား ဆိုက်ပရပ်စ် ဆိုမားလီးယား ဆီနီဂေါ ဆီရီယာလီယွန် ဆီးရီးယား ဆူဒန် ဆူရီနိမ်း ဆောင်တူမေးနှင့် ပရင်စီပီ

‌ဆော်ဒီအာရေးဗီးယား

ဇင်ဘာဘွေ ဇမ်ဘီယာ

‌တန်ဇေးနီးယား

တပ်ခ်မင်နစ္စတန် တရုတ် တာဂျစ္စတန် တိုဂို တီမောလက်စ်တေး တူနီးရှား တူရကီ

‌တောင်ဆူဒန် ‌တောင်အာဖရိက

ထရီနီဒက်နှင့် တိုဘာဂို ထိုင်း

ဒိုမီနီကန်သမ္မတနိုင်ငံ

နမ်မီဘီယာ နိုင်ဂါ နိုင်ဂျီးရီးယား နီကာရာဂွာ နီပေါ

ပစိဖိတ်ရုံး ပနားမား ပါကစ္စတန် ပါပူဝါနယူးဂီနီ ပါရာဂွေး ပါလက်စတိုင်းလူမျိုးများအတွက် အကူအညီပေးရေး အစီအစဉ် ပီရူး

ဖိလစ်ပိုင်

ဗဟိုအာဖရိကန်သမ္မတနိုင်ငံ ဗီယက်နမ်

ဘင်နီဇွဲလား ဘင်္ဂလားဒေ့ရှ် ဘယ်လာရုစ် ဘရာဇီး ဘလိဇ် ဘာကီနာဖာဆို ဘာဘေးဒိုးစ် ဘာရိန်း ဘိုလီးဗီးယား ဘီနင် ဘူတန် ဘူရွန်ဒီ

‌ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား ‌ဘော့တ်စဝန်နာ

မက္ကဆီကို မက်ဒါဂက်စကာ မလေးရှား မာလဝီ မာလီ မိုဇမ်ဗစ်

‌မောရစ်ရှပ်စ်နှင့်ဆေးရှဲလ်စ် ‌မော်ရိုကို

မော်ရီတေးနီးယား မော်လ်ဒိုက်ဗ်စ်

‌မော်လ်ဒိုဗာ

မြန်မာ

‌မြောက်မက်ဆီဒိုးနီးယား

မွန်ဂိုလီးယား မွန်တီနီဂရိုး

ယူကရိန်း ယူဂန်ဒါ ယူဇဘက္ကစ္စတန်

ရဝမ်ဒါ ရီမင်

လက်ဘနွန် လစ်ဗျား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လိုင်ဘားရီးယား လီဆိုသို

သီရိလင်္ကာ

‌ဟေတီ

ဟွန်ဒူးရပ်စ်

အက်စတိုးနီးယား အင်ဒိုနီးရှား အဇာဘိုင်ဂျန် အန်ဂိုလာ အယ်လ်ဂျီးရီးယား အယ်လ်ဆာဗေးဒိုး အယ်လ်ဘေးနီးယား အာဂျင်တီးနား အာဖဂန်နစ္စတန် အာမေးနီးယား အိန္ဒိယ အီကွေတာဂီနီ အီကွေဒေါ အီဂျစ် အီရတ်သမ္မတနိုင်ငံ အီရန် အီရီထရီးယား အီသီယိုးပီးယား

ဥရုဂွေး