ရခိုင်ပြည်နယ်မှ လူထုအခြေပြုစီမံကိန်းများအား အစိုးရခွင့်ပြု

2018- December 16

UN လက်ထောက်အထွေထွေအတွင်းရေးမှုး နှင့် UNDP အာရှပစိဖိတ် ဒေသဆိုင်ရာညွှန်ကြားရေးမှုး ဖြစ်သူ Mr. Haoliang Xu နှင့် UNHCR ၏ ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှုး Mr. Bernard Doyle တို့၏ မြန်မာနိုင်ငံသို့ ၅ရက်ကြာခရီးစဉ်သည် ၁၄ရက်နေ့ ဒီဇင်ဘာလ ၂၀၁၈ တွင် ပြီးစီးခဲ့ပါသည်။

ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်သို့  ဒီဇင်ဘာလ ၁၀ရက်နေ့မှ ၁၂ရက်နေ့ထိ သွားရောက်ခဲ့ပြီး ပြည်နယ်၏ မြို့တော် စစ်တွေတွင် ပြည်နယ်နှင့် ဒေသန္တရအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြပါသည်။ ကိုယ်စားလှယ်အဖွဲ့သည် လွန်ခဲ့သည့် သုံးလခန့်က UNDP နှင့် UNHCR တို့မှ လိုအပ်ချက် ဆန်းစစ်မှုများ ပြုလုပ်ခဲ့သည့် မောင်တောခရိုင်ရှိ ကျေးရွ‌ောများသို့လည်း သွားရောက်ခဲ့ပါသည်။ ၎င်းတို့သည် ၎င်းကျေးရွာများရှိ လူထုနှင့် တွေ့ဆုံကာ ကြုံတွေ့နေရသည့် အခက်အခဲများ နှင့် အနာဂတ်အလားအလာများ အကြောင်းဆွေးနွေးခဲ့ပါသည်။ December ၁၃ ရက်နေ့တွင် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆိုင်ရာ အရေးပါသည့် ပြည်ထောင်စုဝန်ကြီးဌာနမှ ဝန်ကြီးများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

UNDP နှင့် UNHCR နှစ်ဖွဲ့လုံးသည် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့မှ ရခိုင်ပြည်နယ်တွင် ကနဦးဆန်းစစ်မှုပြုလုပ်ရန် ရွေးချယ်ထားသော ရွာများတွင် ပြုလုပ်သွားမည့် လူထုအခြေပြုစီမံကိန်း ၃၅ခု အပေါ် ခွင့်ပြုချက်ချမှတ်လိုက်သည်ကို ဝမ်းသာကျေနပ်ကြပါသည်။ ဤအသေးစား အကျိုးသက်ရောက်မှု အမြန်ရရှိစေသော စီမံကိန်းများသည် ထိခိုက်ခံရသည့် လူမှုအသိုင်းအဝိုင်းများနှင့် ဆွေးနွေးတိုင်ပင်ကာ လူမှုအသက်မွေးဝမ်းကျောင်းနှင့် လူမှုအသိုင်းအဝိုင်းများကြား ယုံကြည်မှုနှင့်လူမှုရေးပေါင်းစည်းညီညွတ်မှု တိုးတက်ကောင်းမွန်ရေးအား ရည်ရွယ်ပါသည်။

UNDP နှင့် UNHCR သည် လွန်ခဲ့သည့် ခြောက်လမှ နိုင်ငံတော်အစိုးရနှင့် သုံးပွင့်ဆိုင် သဘောတူရေးထိုးခဲ့သည့် နားလည်မှုစာချုပ်အား အကောင်အထည်ဖော်ရန် ကတိကဝတ်ပြုထားပါသည်။ အဖွဲ့အစည်း နှစ်ခုလုံးသည် နိုင်ငံတော်အစိုးရအား ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များ မိမိတို့ သဘောဆန္ဒနှင့်အညီ ပြန်လည်ရောက်ရှိနိုင်ရန် အခြေအနေများ ပေါ်ပေါက်လာစေရန် ပံ့ပိုးပေးနိုင်ရန်အတွက် စာချွန်လွှာတွင် ပါဝင်သည့် ရခိုင်ပြည်နယ်တွင်း ဒေသများအား ဝင်ရောက်ရန် လိုအပ်သည့်ခွင့်ပြုချက်များ အားထပ်မံတင်ပြခဲ့ပါသည်။

ဤအကြောင်းအရာနှင့်ပါတ်သက်၍ ထပ်မံသိရှိလိုပါက -