သတင်းထုတ်ပြန်ချက် - ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ အာရှနှင့်ပစိဖိတ်ဒေသရုံး၏ ညွှန်ကြားရေးမှူး မြန်မာနိုင်ငံသို့လာရောက်မည်

2018- July 9

Mr. Haoliang Xu, United Nations Assistant Secretary-General and Director, Regional Bureau for Asia and the Pacific of UNDP

ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ အာရှနှင့်ပစိဖိတ်ဒေသရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Haoliang Xu သည် မြန်မာနိုင်ငံသို့ ၂၀၁၈ခုနှစ် ဇူလိုင်လ ၁၀ရက်နေ့မှ ၁၂ရက်နေ့အထိ လာရောက်မည်ဖြစ်ပါသည်။

ခရီးစဉ်အတွင်း Mr.  Xu သည် မြန်မာနိုင်ငံအစိုးရအဖွဲ့၏ အကြီးတန်းပြည်ထောင်စုဝန်ကြီးများနှင့် မိတ်ဖက်အဖွဲ့အစည်းများဖြင့် တွေ့ဆုံမည်ဖြစ်ပါသည်။ တွေ့ဆုံစဉ်တွင် UNDP၏ အမှုဆောင်ဘုတ်အဖွဲ့မှ အတည်ပြုပြီးဖြစ်သည့် ၂၀၁၈-၂၀၂၂ခုနှစ် UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းအသစ်နှင့် ပတ်သက်၍လည်းကောင်း၊ ဘင်္ဂလားဒေရှ့်မှ ဒုက္ခသည်များ ၄င်းတို့၏ဆန္ဒသဘောထားနှင့်အညီ၊ အန္တရာယ်ကင်းစွာ၊ သိက္ခာရှိရှိ၊ စဉ်ဆက်မပြတ်ပြန်လာနိုင်မည့် အခြေအနေကောင်းများဖြစ်ပေါ်လာစေရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ UNDP နှင့် UNHCR တို့အကြား၂၀၁၈ခုနှစ် ဇွန်လ ၆ရက်နေ့က လက်မှတ်ရေးထိုးခဲ့သော သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှကို အကောင်အထည်ဖော်ဆောင်ရွက်မှုများအကြောင်းကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။ နားလည်မှုစာချွန်လွှာ၏ မူဘောင်အရ UNDP သည် ရခိုင်ပြည်နယ်အတွင်းရှိ အသိုက်အဝန်းများအားလုံးအတွက် ခံနိုင်ရည်အားကောင်းသော ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ရေရှည်တည်တံ့ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှုများ (ဥပမာ-အသက်မွေးဝမ်းကျောင်းမှုနှင့် အခြေခံဝန်ဆောင်မှုများကို လက်လှမ်းမီစေခြင်း) ရရှိစေရန် ကာလတို၊ ကာလရှည်လုပ်ငန်းများကို ရေးဆွဲနေပြီး နေရပ်စွန့်ခွာနေရသူများအတွက် အားလုံးပါဝင်နိုင်၍ ရေရှည်တည်တံ့သောနည်းလမ်းများကို ဖြေရှင်းဆောင်ရွက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၁၁ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် Mr. Xu သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပါသည်။ အဆိုပါနေ့တွင်ပင် Mr. Xu သည် ကုလသမဂ္ဂအဖွဲ့အစည်း၁၂ဖွဲ့၏ ရုံးခန်းများပါဝင်မည့် နေပြည်တော်ရှိကုလသမဂ္ဂရုံးအသစ်ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

၄င်း၏ ခရီးစဉ်တလျှောက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby နှင့် UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Peter Batchelor တို့က လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန် - 

Shobhna Decloitre
Communications Specialist, UNDP Myanmar
Tel: +95 1 542910 - 19 Ext. 237
Email: shobhna.decloitre@undp.org

Yamon Phu Thit
Communications Analyst, UNDP Myanmar
Tel: + 95 09 7916 39052
Email: yamon.phu.thit@undp.org

ဒေါင်းလုပ်ရယူရန်