UNDP ၏အားလုံးပါ ၀င်သောပြီး ရေရှည်တည်တံ့သည့် မြန်မာနိုင်ငံအစီအစဉ်ဆောင်ရွက်မှုများအား ပံ့ပိုးရန်ဆွီဒင်မှ Krona ၆၁ သန်း (အမေရိကန်ဒေါ်လာ ၆.၈ သန်း) ထောက်ပံ့ခဲ့သည်။

2018- July 2

UNDP ၏ ဌာနေညွှန်ကြားရေးမှုး Mr. Peter Batchelor၊ ဆွီဒင်သံရုံး၏ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲ Mr. Anders Frankenberg၊ UNDP ၏ ဒုတိယ ဌာနေညွှန်ကြားရေးမှူး Ms. Dawn Del Rio၊ နှင့် ဆွီဒင်သံရုံး၏ အမျိုးသားစီမံကိန်းအရာရှိ မအိနှင်းဖြူထွန်းတို့အား ၂၉ ရက် ဇွန်လတွင် လက်မှတ်ရေးထိုးပွဲ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Shobhna Decloitre / UNDP

ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ရက် - ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) သည် ၎င်း၏ ၂၀၁၈-၂၀၂၂ ခုနှစ်အတွက် ရေးဆွဲထားသည့် နိုင်ငံလုံးဆိုင်ရာ အစီအစဉ်သစ် အားထောက်ပံရန် ဆွီဒင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Sida) နှင့် ကုန်ကျစရိတ်ခွဲဝေမှု သဘောတူညီချက်အား ယနေ့ လက်မှတ်ရေးထိုးခဲ့ပါသည်။

ဆွီဒင်သည် UNDP ၏ ထိရောက်၍ တုံ့ပြန်ဆောင်ရွက်ပေးနိုင်သော အဖွဲ့အစည်းများဖြစ်ရေး ပံ့ပိုးကူညီမှု စီမံချက် (SERIP)၊ မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်းကဏ္ဍ၏ ခေါင်းဆောင်မှု၊ ထိရောက်မှု၊ လိုက်လျောညီထွေဖြစ်စေမှုနှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်မှု စီမံချက် (LEAP) နှင့် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်များ အဖွဲ့တို့အားဆွီဒင်ငွေ ၆၁ သန်း (အမေရိကန်ဒေါ်လာ ၆.၈ သန်း)အား သုံးနှစ်ကြာထောက်ပံ့သွားမည် ဖြစ်ပါသည်။

ထိရောက်၍ တုံ့ပြန်ဆောင်ရွက်ပေးနိုင်သော အဖွဲ့အစည်းများဖြစ်ရေး ပံ့ပိုးကူညီမှု စီမံချက် (SERIP) သည် သက်သေအထောက်အထားအခြေခံပြီး ဝယ်လိုအားဖြင့် မောင်းနှင်သော အများပြည်သူဆိုင်ရာ မူဝါဒများအား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အကဲဖြတ်ရာများတွင် မြန်မာအစိုးရ ယန္တရား၏ ထိရောက်မှုများအား အားကောင်းလာစေရန်ရည်ရွယ်သည်။ စီမံကိန်းမှတဆင့် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လူမှုတန်းတူညီမျှရေးနှင့် သဘာဝပတ်ဝန်းကျင် ဒဏ်ခံနိုင်ရေး ရည်မှန်းချက်များအား လုပ်ဆောင်နိုင်မည့်စွမ်းရည်များအား မြင့်တင်နိုင်မည် ဖြစ်ပါသည်။ ထိုသို့ပြုလုပ်နိုင်ရန် အဓိကသော့ချက်မှာ အများပြည်သူဆိုင်ရာရန်ပုံငွေများအား  သေချာစွာ အစီအစဉ်ဆွဲကာ ထိရောက်စွာနေရာချထားပြီး မြန်မာနိုင်ငံရှိ အလိုအပ်ဆုံးသူများထံ ရောက်ရှိရန်ဖြစ်ပါသည်။

LEAP စီမံကိန်းသည် အစိုးရ၀န်ဆောင်မှု စည်းမျဉ်းစည်းကမ်းများရှိ ကွာဟချက်များအား ဖြေရှင်းခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ အရင်းခံအကြောင်းများနှင့် အပြုအမူများအား တိုးတက်စေကာ ၀န်ထမ်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ပိုမိုအားကောင်းလာစေခြင်း၊ လက်ရှိတွင် တည်ရှိနေသည့် အထက်မှအောက်သို့ စီမံခန့်ခွဲမှုစနစ်များအား ပြောင်းလဲခြင်းနှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၏ အခက်အခဲများကိုကျော်လွှားခြင်း အားဖြင့် မြန်မာနိုင်ငံ့ ဝန်ထမ်းများအား ပိုမိုကောင်းမွန်စေရန် ကူညီပေးပါသည်။

ဆွီဒင်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကမ္ဘာ့အဆင့်တွင် UNDP ၏ ရေရှည် မိတ်ဖက်နိုင်ငံ  ဖြစ်ပါသည်။

“အစိုးရအဖွဲ့အစည်းများအားကောင်းလာစေရေး၊ ပွင့်လင်းမြင်သာမှုတိုးမြှင့်ရေး နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအား အထောက်အကူပြုမည့် UNDP ၏အစီအစဉ်သစ်အတွက် Sida/Swedenမှ ရက်ရောစွာပေးအပ်သည့် ထောက်ပံ့မှုများအတွက် ကျွန်တော်တို့ ကျေးဇူး အထူးတင်ရှိပါတယ်။ ဆွီဒင်၏ပံ့ပိုးမှုဖြင့် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များအကြား ပိုမိုကောင်းမွန်သော ညှိနှိုင်းဆောင်ရွက်မှုများအား မြှင့်တင်ရန် နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များ အောင်မြင်ရန် အထောက်အကူပြုမည်လို့ မျှော်လင့်ပါတယ်။” ဟု UNDP မှ ဌာနေကိုယ်စားလှယ် Peter Batchelor ကပြောကြားခဲ့ပါသည်။

“ဆွီဒင်သည် ကမ္ဘာတလွှားတွင် သာမက မြန်မာနိုင်ငံတွင်လည်း UNDP ရဲ့ အဓိကမိတ်ဖက်အလှူရှင် ဖြစ်ပါတယ်။ SIDA သည် မြန်မာနိုင်ငံတွင် UNDP နှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သည့် အတွေ့အကြုံ များစွာရှိပြီး ယနေ့တွင် UNDP နှင့် ဆက်လက်ပူးပေါင်းသွားရန်ဆုံးဖြတ်ချက်ဖြင့် သုံးနှစ်စာချုပ် အသစ်အားချုပ်ဆိုခဲ့ပါတယ်။ ဤစီမံကိန်းများသည် အဆင့်အားလုံးရှိ ပြည်နယ်အုပ်ချုပ်ရေးနှင့် ဥပဒေပြုအဖွဲ့အစည်းများ၏ ထိရောက်မှုကို ဆက်လက်အားဖြည့်ပေးပြီး မြန်မာ့ပြည်သူ့ဝန်ထမ်းများ၏ စီမံခန့်ခွဲမှုစနစ်များ ပိုမိုထိရောက်စေရန် ပြုပြင်ပြောင်းလဲရေး နှင့် လိုက်လျောညီထွေဖြစ်ရေးတွင် အထောက်အကူပေးမည်ဟု ယုံကြည်သောကြောင့် ဆွီဒင်သည် SERIP နှင့် LEAP စီမံကိန်းများ အတွက် အထောက်အပံများကို လျာထားမှာ ဖြစ်ပါတယ်။ SIDA အနေဖြင့် ဖွံ့ဖြိုးမှုမိတ်ဖက်များအကြား ပိုမိုကောင်းမွန်သော ညှိနှိုင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလိမ့်မည်ဟု အခိုင်အမာ ယုံကြည်သောကြောင့် ဆွီဒင်သည်လည်း အခြားသော အလှူရှင်များနှင့် ပူးပေါင်းပါဝင်ကာ  ပူပေါင်းဆောင်ရွက်မှုမိတ်ဖက်အဖွဲ့အား ထောက်ပံသွားမှာ ဖြစ်ပါတယ်။” ဟု Mr. Anders Frankenberg၊ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဌာန၊ ဆွီဒင်သံရုံး၊ ဌာနခွဲရုံး၊ ရန်ကုန် မှ ပြောကြားသွားပါသည်။

၂၀၁၈-၂၀၂၂ ခုနှစ်အတွက် UNDP၏ ရေးဆွဲထားသည့် နိုင်ငံလုံးဆိုင်ရာ အစီအစဉ်သစ်သည် မြန်မာနိုင်ငံအတွင်း အားလုံးပါ၀င်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန်အတွက် မိတ်ဖက်များစွာနှင့် အတူလက်တွဲလုပ်ဆောင်လျက်ရှိပါသည်။