မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ကျေးရွာများတွင် ကနဦး လေ့လာဆန်းစစ်မှုများ ပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီဟု UNHCR နှင့် UNDP မှပြောကြား

2018- September 7

This is a summary of what was said by UNHCR spokesperson Babar Baloch – to whom quoted text may be attributed – at today's press briefing at the Palais des Nations in Geneva.

အောက်ပါအကြောင်းအရာများသည် ယနေ့ Geneva ရှိ Palais des Nations တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ UNHCR မှ ပြောရေးဆိုခွင့်ရှိသူ Babar Baloch မှ ပြောကြားသွားသည်များ ဖြစ်ပါသည်။

UNHCR, UNDP နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရတို့အကြား နားလည်မှုစာချွန်လွှာ ရေးထိုးပြီး သုံးလအကြာတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့သည် ကျေးရွာအုပ်စု ၁၃ စု၏ အစိတ်အပိုင်းဖြစ်သော ရွာပေါင်း ၂၃ ရွာ နှင့် ထပ်တိုးကျေးရွာအုပ်စု ၃ စုတွင် လေ့လာဆန်းစစ်မှုများ စတင်ပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါသည်။ ၎င်းလေ့လာဆန်းစစ်မှုများသည် ကနဦး လုပ်ငန်းများသာဖြစ်ပြီး ပိုမို ပြည့်စုံသည့် ဆန်းစစ်မှုများကို ဆက်လက်တိုးချဲ့ပြုလုပ်ရန် အခွင့်ရရှိမည်ဟု မျှော်လင့်ပါသည်။ နားလည်မှု စာချွန်လွှာတွင် ပါဝင်သော ရခိုင်ပြည်နယ်၏ မြို့နယ်များဖြစ်သည့် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်တို့အား ထိရောက်စွာ လက်လှမ်းမီနိုင်ရန် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

ဝန်ထမ်းများအတွက် လိုအပ်သည့် ခွင့်ပြုမိန့်များ ရရှိပြီးပါက ကနဦးတည်နေရာများတွင် ဆန်းစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဤ ကျေးရွာအုပ်စုများတွင် ဆန်းစစ်မှုများ ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံ အစိုးရ၏ တာဝန်ရှိသူများနှင့် ဇူလိုင်အတွင်းက စတင်ဆွေးနွေးလာသည့် ပိုမိုကျယ်ပြန့်သည့် စီမံကိန်း၏ အစိတ်အပိုင်းဖြစ်ပါသည်။ လျင်မြန်၍ အကျိုးသက်ရောက်မှုရှိသော စီမံကိန်းများကို ဖော်ထုတ်ပြီး အကောင်အထည်ဖော်ရန်နှင့် လိုအပ်ချက်များကို အကဲဖြတ်ခြင်းအားဖြင့် UNHCR နှင့် UNDP တို့သည် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသေးသော လူမှုအသိုင်းအဝိုင်းများအကြား လူမှုရေးပေါင်းစည်းညီညွတ်မှုကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ပါသည်။

သို့ရာတွင် နားလည်မှုစာချွန်လွှာတွင် ပါဝင်သောအဓိကကဏ္ဍ (၃) ခုတွင် သိသာသည့် တိုးတက်မှုများ  အရေးတကြီး လိုအပ်နေဆဲဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း ထိရောက်စွာ ဝင်ရောက်ခွင့်ပြုခြင်း၊ လူမှုအသိုင်းအဝိုင်းအားလုံးအတွက် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပေးနိုင်စေခြင်းနှင့် နိုင်ငံသားဖြစ်ခွင့် ရှိသူများအား ၎င်းတို့၏ ရပိုင်ခွင့်များ ပေးအပ်နိုင်ခြင်း အတွက် ရှင်းလင်းသော လမ်းကြောင်းရှိခြင်း အပါအဝင် ပဋိပက္ခ၏ အဓိကအကြောင်းရင်းများကိုကိုင်တွယ်ဖြေရှင်းခြင်းတို့ ဖြစ်ပါသည်။ UNHCR နှင့် UNDP တို့သည် နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ရန်နှင့် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများကို ဖြေရှင်းရန် ပြည့်စုံကာ ကြာရှည်ခံသည့် အဖြေများကို ရှာဖွေရန် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်ပံ့ပိုးရန် ကတိပြုခဲ့ပါသည်။

ဤအကြောင်းအရာနှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက -