ဟက်ကသွန် ၂၀၁၈ အနိုင်ရသည့် အဖွဲ့ ၃ ဖွဲ့အား ကြေညာ

2018- December 10

3 Winning Teams of The Hackathon 2018 has been announced

      

၂၀၁၈၊ ဒီဇင်ဘာလ ၁၀ ရက် - ရန်ကုန်၊ မြန်မာ။ လူငယ်ပရိုဂရမ်မာများနှင့် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များက မိုဘိုင်းအပလီကေးရှင်းများကို ပါဝင်ရေးဆွဲခဲ့ကြသည့်  မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဟက်ကသွန်ပြိုင်ပွဲကြီး၏ ဆုပေးပွဲ အခမ်းအနားအား ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာပလာဇာရှိ အူရီဒူးမြန်မာရုံးခန်းတွင် ကျင်းပခဲ့ပါ သည်။ ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးခဲ့သည့် အဖွဲ့များထဲမှ ၃၈ ဖွဲ့အား အသေးစိတ်စိစစ်ရွေးချယ် ယှဉ်ပြိုင်စေခဲ့ပြီး နောက် ဆန်းသစ်တီထွင်မှု အကောင်းဆုံး အပလီကေးရှင်းများ ရေးနိုင်သော အဖွဲ့သုံးဖွဲ့အား အနိုင်ရသော အဖွဲ့များ အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုအဖွဲ့များမှာ Team Deca, Divas နှင့် Blind Head တို့ ဖြစ်ပါသည်။

‘ဟက်ကသွန် ၂၀၁၈’ အား အူရီဒူးမြန်မာနှင့် UNDP တို့ ပူးတွဲကျင်းပခဲ့ပြီး IMPACT HUB ရန်ကုန်မှ ကူညီပံ့ပိုးပေးပါ သည်။ ဟက်ကသွန်ကို ဒီဇင်ဘာလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ တစ်ပြိုင်နက် ကျင်းပခဲ့ပါသည်။ အတွေ့အကြုံရှိသော facilitator များနှင့် mentor များက ပါဝင်ယှဉ်ပြိုင်သူများအား စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ စွမ်းရည်များနှင့် ၎င်းတို့၏ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်များ တိုးတက်လာစေရန် ကူညီပံ့ပိုးပေးကြပါသည်။  

အကဲဖြတ်ဒိုင်လူကြီးများအဖွဲ့တွင် ပြည်တွင်းရှိ ICT ကဏ္ဍမှ အများ၏ လေးစားအသိအမှတ်ပြုမှုများ ရရှိထားကြသည့် ပညာရှင်များနှင့် မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ကြပါသည်။ ဒိုင်လူကြီးများမှာ Tim Aye Hardy (မြန်မာမိုဘိုင်းပညာရေးစီမံချက် myME ၏ ပူးတွဲတည်ထောင်သူနှင့် Executive Director)၊ ရန်မင်းအောင် (360ed ၏ Managing Director)၊ ယဉ်ယဉ်ဖြူ (Greenway/Greenovator မိုဘိုင်းအပလီကေးရှင်းအား ပူးတွတဲည်ထောင်သူ)၊ နီလာ (အမျိုးသမီးများအား စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် အွန်လိုင်းအစီအစဉ်ဖြစ်သည့် Her Myanmar အား ပူးတွဲတည်ထောင်သူ)၊ Lach Baniya (အမျိုးသမီးများအား စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် အွန်လိုင်းမဂ္ဂဇင်းဖြစ်သော ဂန္တဝင်မဂ္ဂဇင်း၏ တည်ထောင်သူ)၊ မေမိုးဝါ (WWF မြန်မာ၊ OD နှင့် Partnership Director)၊ ခင်ဇာလီအေး (မြန်မာနိုင်ငံ ဆွစ်ဇာလန်သံရုံးမှ နည်းပညာအကြံပေးအရာရှိ)၊ နှင့် Pem Chuki Wangdi (အစီအစဉ် ကျွမ်းကျင်ပညာရှင်၊ UNDP) တို့ ဖြစ်ပါသည်။

အနိုင်ရသောအဖွဲ့သုံးဖွဲ့သည် (၁) အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ (၂) တန်ဖိုးကွင်းဆက် အတွင်းရှိ စိုက်ပျိုး ရေးနည်းပညာနှင့် (၃) ကျေးလက်ဒေသမှ တောင်သူများအား တိုက်ရိုက် အကျိုးပြုမည့် စိုက်ပျိုးရေးနည်းပညာ ဟူသော ခေါင်းစဉ်သုံးခုဖြင့် အပလီကေးရှင်းများကို ရေးဆွခဲ့ကြပါသည်။ ဤပြိုင်ပွဲသည် မြန်မာနိုင်ငံရှိ လူငယ်များ၏ အနာဂတ် အလားအလာနှင့် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂအဖွဲ့ကြီး၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDGs)  ပြည့်မြောက်ရေးတွင် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုများ တိုးတက်လာခြင်းကို အသိအမှတ်ပြုသော ပဲတွစ်ပွဲ ဖြစ်ပါသည်။       

ထိပ်ဆုံးအဖွဲ့ခြောက်ဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အခြေစိုက်သော ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကုလသမဂ္ဂညီလာခံ (UNCTAD) ၏ နည်းပညာအကူအညီဖြင့် UNDP မှ စီစဉ်ကျင်းပမည့် ခြောက်ရက်တာ စီးပွားရေးစွမ်းဆောင်ရှင် သင်တန်းအစီအစဉ်အား တက်ရောက်ခွင့် ရမည်ဖြစ်သည်။ ထိုအစီအစဉ်တွင် UNCTAD ၏ အထင်ကရနည်းစနစ်တစ်ခုဖြစ်သော Empretec သင်တန်းနည်းစနစ်ကို အသုံးပြုမည်ဖြစ်ပြီး အောင်မြင်သည့် စီးပွားရေးစွမ်းဆောင်ရှင်များ ဖြစ်လာစေရေးအတွက် လိုအပ်သောကျွမ်းကျင်မှုများ ရရှိလာစေရန် လေ့ကျင့်ပေးမည့်သင်တန်း ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအား သဏ္ဍာန်တူလေ့ကျင့်ခြင်းအစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

အနိုင်ရသော အဖွဲ့သုံးဖွဲ့သည် အူရီဒူးမြန်မာမှ ချီးမြှင့်မည့် စီးပွားရေးလုပ်ငန်းများ စတင်ရန် လိုအပ်သည့် ကုန်ကျစရိတ်များအတွက် အထောက် အကူဖြစ်စေရန် တစ်ဖွဲ့လျှင် မြန်မာကျပ် ရ သန်းစီ ရရှိမည်ဖြစ်သလို အူရီဒူးမြန်မာမှ ရုံးခန်းတစ်နှစ်အသုံးပြုခွင့်နှင့် စီးပွားကူးသန်း/နည်းပညာ အကူအညီများပံ့ပိုးပေးမည်ဖြစ်ပြီး၊ UNDP မှ တစ်ဖွဲ့လျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ တန်ဖိုးရှိသည့် ငွေသား မဟုတ်သော ကူညီပံ့ပိုးမှုများကို ရရှိမည်ဖြစ်သည်။

အူရီဒူးမြန်မာ၏အမှုဆောင်အရာရှိချုပ် Mr. Vikram Sinha က “မြန်မာလူငယ်များဟာ မြန်မာနိုင်ငံရဲ့ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုမှာ အထောက်အပံ့ဖြစ်မယ့် အဆင့်မြင့်နည်းပညာများနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အတွေးအကြံ ကောင်းများ ရှိကြကြောင်းကို ဒီ “ဟက်ကသွန် ၂၀၁၈” မှာ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရတာကြောင့် ဒီပြိုင်ပွဲ အတွက် တကယ့်ကို စိတ်လှုပ်ရှား ဝမ်းမြောက်ရပါတယ်။ အူရီဒူးအနေနဲ့ ဥယျာဉ်မှူးတစ်ဦးလို မြန်မာလူငယ်တွေကို သူတိုရဲ့ အရည်အချင်းတွေကို ထုတ်ပြခွင့်ရဖို့ ကူညီပေးနေတာဖြစ်ပြီး တစ်ချိန်တည်းမှာဘဲ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ အကောင်အထည်ဖော်ရေး ပါဝင်ကူညီပေးနေတာလဲ ဖြစ်ပါတယ်။ ဟက်ကသွန် ၂၀၁၈ ၏ မိတ်ဖက်များ၊ facilitator များ၊ mentor များ၊ ဒိုင်လူကြီး များနှင့် ပါဝင်ယှဉ်ပြိုင်ကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း” ပြောကြားခဲ့ပါသည်။ 

UNDP ဌာနေကိုယ်စားလှယ် မစ္စတာပီတာဘတ်ချ်လာက “စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးမှာ ဒစ်ဂျစ်တယ်နည်း ပညာ ဆန်းသစ်တီထွင်မှုတွေဟာ ပိုပိုပြီး အရေးကြီးလာပါကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်ကဏ္ဍကူးပြောင်းရေးမှာ လူငယ်များ ဦးဆောင်နေတာကို မြင်တွေ့ရတာဟာ အလွန်ပင် စိတ်လှုပ်ရှားဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ်။ UNDP မြန်မာအနေဖြင့် မြန်မာနိုင်ငံရှိ SDG ပန်းတိုင်များ ပြည့်မြောက်ရေး အထောက်အပံ့ပြုရာတွင် အူရီဒူးမြန်မာနှင့်၊ အခြား သော အဓိကကျသည့် အကျိုးသက်ဆိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်ကာ ဤဒစ်ဂျစ်တယ်ကဏ္ဍကူးပြောင်းရေးအတွက် တစ်ဖက်တစ်လမ်း ပါဝင်ကူညီခွင့်ရခြင်းကို အထူးပင် ဝမ်းမြောက်မိပါကြောင်း” ပြောကြားသွားပါသည်။

ကျေးလက်ဒေသမှ တောင်သူများအား တိုက်ရိုက်အကျိုးပြုမည့် စိုက်ပျိုးရေးနည်းပညာ ဟူသော ခေါင်းတွင် အနိုင်ရရှိသော အဖွဲ့ဖြစ်သည့် Team Deca မှ ကိုဖြိုးသူရဌေးက “ကြက်၊၀က်၊ ဘဲ အစရှိတဲ့ မွေးမြူရေးသမားတွေမှာ အဓိကကြုံတွေ့နေရတာက အထွက်နှုန်းမတိုးဘူး။ ဒါကြောင့် အထွက်နှုန် းပိုကောင်းစေဖို့ စီမံခန့်ခွဲနိုင်တဲ့ စနစ်တစ်ခုကို တီထွင်ပေးတာပါ။ အစာကနေ အသားဖြစ်နှုန်း ဘယ်လိုပိုကောင်းအောင် တွက်ချက်ပုံ၊ ရောဂါဖြစ်တဲ့ ရာသီရောက်ရင်လဲ ရောဂါတွေကို ဘယ်လို ကာကွယ်လို့ရမလဲဆိုတဲ့ ပညာပေးစနစ်တွေကို ပြုလုပ်ပေးထားပါ။ မွေးမြူရေးသမားတွေအတွက် ရရှိမယ့် ရေတိုအကျိုးကတော့ အထွက်တိုးလာတဲ့အတွက် ၀င်ငွေပိုမိုရရှိမှာဖြစ်သလို ရေရှည် အကျိုးအနေနဲ့က ပြည်တွင်းက မွေးမြူရေးခြံလုပ်ငန်းတွေက နိုင်ငံတကာက မွေးမြူရေး ကုမ္ပဏီအကြီးလို တက်လှမ်းလာနိုင်မှာဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

ထပ်မံသိလိုသည်များ ရှိပါက -