အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကွယ်ရေးဆိုင်ရာ ပထမဦးဆုံး အလုပ်ရုံ ဆွေးနွေးပွဲ

2018- November 17

   

မကွေး။ အဂတိလိုက်စားမှု အကြောင်းသိရှိရန်နှင့် အဂတိ လိုက်စားမှုကို တိုက်ဖျက်ရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ပူးပေါင်းကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲများနှင့် ပညာပေး အစီအစဉ်များကို စီစဉ်လျက် ရှိပါသည်။

အဂတိလိုက်စားမှု အကြောင်းသိရှိရန် ဗဟုသတများမျှဝေသည့် ပထမဦးဆုံး အလုပ်ရုံ ဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီးတွင် နိုဝင်ဘာလ ၁၇ ရက်နေ့က စီစဉ်ကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တက်ရောက်ခဲ့ကြပါသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းတွင် ပြည်သူနှင့်ပဂု္ဂလိကကဏ္ဍ အတူဆောင်ရွက်ကြမည်ဆိုသော သဘော တရားကို အခြေခံလျက် စီးပွားရေးလုပ်ငန်းရှင်များ၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုအသင်းချုပ်မှ ကိုယ်စားလှယ်များကဲ့သို့သော ပုဂ္ဂလိကကဏ္ဍမှ ပါ၀င်ပတ်သက်သူများသည် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ကြပါသည်။

စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျင့်ဝတ်သိက္ခာ အလုပ်ရုံဆွေးနွေးပွဲတွင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဆောင်ရွက်နေသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များ၊ ကောင်းမွန်သော ကော်ပိုရေးရှင်း ပုံရိပ်ရရသည့် စီးပွားရေးလုပ်ငန်းတစ်ရပ် ဖြစ်လာရန်၊ အဂတိလိုက်စားမှုအန္တရာယ်ဖြစ်နိုင်ချေရှိမှုတို့ကို ဆွေးနွေးခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ အဖွင့်မိန့်ခွန်း ပြောကြားရာ၌ အဂတိလိုက်စားမှုသည် တရားဥပဒေစိုးမိုးရေးကို နှောင့်နှေးစေပြီး နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါသည်၊ မကွေးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်းပြီး ဒေသတွင်း ပထမဦးဆုံး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခွင့်ရသည့်အတွက် ၀မ်းမြောက်ကြောင်း ပြောကြားခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်မှ မိန့်ခွန်း ပြောကြားရာ၌ အဂတိလိုက်စားမှု ကာကွယ် တားဆီးရေးတွင် ပြည်သူနှင့်ပုဂ္ဂလိကကဏ္ဍ လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍ မိတ်ဖက်ဆောင်ရွက်ခြင်းများ လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ယခုအခါတွင် အဂတိလိုက်စားမှုကို တိုက်ဖျက်နေစဉ်တွင် မြန်မာ့အနာဂတ်မျိုးဆက်၏ အကျိုးအတွက် ပါ၀င်နိုင်မည်လားဟု အစိုးရဌာနများနှင့် စီးပွားရေးလုပ်ငန်းများကို မေးမြန်းလိုပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နငှ့် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံကုလသမဂ္ဂဖွံ့ဖြိုး မှုအစီအစဉ်၏ နည်းပညာဆိုင်ရာ ပံ့ပိုးမှုဖြင့် စီစဉ်ကျင်းပခဲ့ပါသည်။

ထပ်မံသိလိုသည်များ ရှိပါက UNDP Myanmar ၏ Communication Team သို့ email ဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်

စီမံကိန်းအကြောင်း

တာဝန်ယူမှု/တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးမှု မြင့်မားလာရေး စီမံချက် (SARL)
တာဝန်ယူမှုနှင့် တရားဥပဒေစိုးမိုးမှု မြင့်မားလာရေး စီမံချက် (SARL) သည် မြန်မာနိုင်ငံ အစိုးရ၏ ‘အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး’ ဆိုသည့် မျှော်မှန်းချက်အား အကောင်အထည်ပေါ်လာစေရန် တာဝန်ယူမှု/တာဝန်ခံမှု၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကို ပိုမိုအားကောင်းလာစေရေး ကူညီအားဖြည့် ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။ ထိုသို့ ပံ့ပိုးပေးနိုင်ရန် အစိုးရ၏ မဏ္ဍိုင်သုံးရပ်စလုံးတွင် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။