အူရီဒူးမြန်မာနှင့် UNDP တို့ပူးပေါင်းကျင်းပသော The Hackathon 2019 နည်းပညာဆိုင်ရာပြိုင်ပွဲမှ လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ လူငယ်များ၏ ဆန်းသစ်တီထွင်ဖန်တီးမှုများကို ယူဆောင်ပေး

2019- October 18

ရန်ကုန်၊ မြန်မာ - ထက်မြက်သော စီးပွားရေးအမြင် နှင့် တီထွင်ဖန်တီးနိုင်သော စိတ်ကူးဉာဏ်ရှိသည့် မြန်မာနိုင်ငံတစ်ဝန်းမှ တက္ကသိုလ်ကျောင်းသားများသည် ၂၀၁၉  အောက်တိုဘာလာ ၁၈ရက် (သောကြာနေ့) တွင် အူရီဒူးမြန်မာ နှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်ကျင်းပသည့် Hackathon နည်းပညာပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်အစွမ်းပြကြရန် အူရီဒူးမြန်မာရုံးတည်ရှိရာ ရန်ကုန်နှင့် မန္တလေးမြို့များသို့ ပြိုင်ပွဲဝင်ရန် တစ်စုတစ်စည်းထဲ လာရောက်ခဲ့ကြပါသည်။

အမျိုးသမီး အယောက် ၆၀ ကျော် ပါဝင်သည့် မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ပေါင်း ၁၂ မြို့မှ ပြိုင်ပွဲဝင် အယောက်၂၀၀ ခန့်သည် အငယ်တန်းအဆင့်နှင့် ပညာရှင်အဆင့်ပြိုင်ပွဲဝင်များအဖြစ် ပါဝင်ယှဉ်ပြိုင် ခဲ့ကြပါသည်။ ရည်ရွယ်ချက် ကြီးမားသည့် ပြိုင်ပွဲဝင်သစ်များနှင့် ပြီးခဲ့သည့်နှစ် Hackathon ရလဒ်အပေါ် ကျော်လွန်၍  အစွမ်းပြလိုသည့် ပြိုင်ပွဲဝင်များမှ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပါသည်။

Hackathon ၂၀၁၉ သည် တနင်္ဂနွေနေ့အထိ ကြာမြင့်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်များသည် (၁) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ (၂) ပညာရေးကဏ္ဍ နှင့် (၃) ရာသီဥတုပြောင်းလဲမှုဆိုင်ရာကဏ္ဍ အစရှိသည့် ကဏ္ဍ ၃ ရပ်အတွက် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့်  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုများအတွက် ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာဖြေရှင်းချက်များအား ဒိုင်လူကြီးများထံသို့ ရှင်းလင်းတင်ပြပေးရမည် ဖြစ်ပါသည်။

ကျေးလက်ဒေသများတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုများရှိနေသေးသဖြင့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်မှုသည် ယမန်နှစ်မှစတင်ပြီး ရေပန်းစားလာခဲ့ခြင်းကြောင့်  ယခုနှစ်တွင် ပြိုင်ပွဲဝင်များထဲမျာ ၃၆% ခန့်သည် အဆိုပါ ကဏ္ဍတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

နောက်ထပ် သတိပြုရန် စေ့ဆော်မှုတစ်ခုမှာ ကျား-မ တန်းတူညီမျှရေး ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ခေါင်းစဉ်တစ်ခုဖြစ်သည့် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုသည့် အကြောင်းအရာနှင့်လဲ ကိုက်ညီမှုရှိရမည်ဖြစ်ပါသည်။ ထို့ကြောင့် ယနှစ်တွင် အဖွဲ့တစ်ဖွဲ့စီတွင် အနည်းဆုံး အမျိုးသမီးတစ်ဦးပါဝင်ရန် တိုက်တွန်းထားပြီး အသင်းတစ်သင်းစီသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များအတွက် ဖော်ဆောင်ပေးမည့် အထက်ပါ ကဏ္ဍများနှင့်ကိုက်ညီမှုရှိသည့် အကြောင်းအရာများအပြင် ကျား-မ တန်းတူညီမျှရေးကဏ္ဍကို တိုက်တွန်းအားပေးနိုင်ရန် ပံ့ပိုးပေးနိုင်မည့်  ဆန်းသစ်မှုရှိသော မိုဘိုင်းလ်အက်ပလီကေးရှင်းအပြင် လုပ်ငန်းစံပုံစံကိုပါ ဖော်ညွှန်းသော ရှေ့ပြေးပုံစံတစ်ခုကို ထုတ်ဖော်ပြသပေးရမည် ဖြစ်ပါသည်။

နည်းပညာဆိုင်ရာအဖွဲ့များနှင့် အားဖြည့်ကူညီပေးသူများအဖြစ် Impact Hub Yangon နှင့် IdeaMart တို့မှ ကဏ္ဍ ၃ ရပ်အတွက် ပညာရှင်များ၏ စုစည်းတင်ပြုမှုများနှင့် စံပြုရမည့် အခန်းကဏ္ဍများအား ပံ့ပိုးပေးခြင်းစသည်ဖြင့် ပြိုင်ပွဲ၏ ပထမဦးဆုံးနေ့အတွက် ဆောင်ရွက်မည့်ကိစ္စရပ်များတွင် အားဖြည့်ပံ့ပိုး ကူညီပေးမည် ဖြစ်ပါသည်။ စနေနေ့တွင် ဖိတ်ခေါ်ထားသော ပညာရှင်များက ပြိုင်ပွဲဝင်များအား ၎င်းတို့၏ လုပ်ငန်းစီမံချက်ကို အသေးစိတ်ကျသော အချက်အလက်များဖြည့်စွက်ပေးခြင်းဖြင့် ရှေ့ဆက်လုပ်ဆောင် နိုင်ရန် နည်းပညာပိုင်းဆိုင်ရာ အကြံဉာဏ်များ ပေးအပ်မည်ဖြစ်ပြီး အကြံပေးခြင်းနှင့် လမ်းညွှန်ပေးခြင်း အစီအစဉ်တစ်လျောက်စိတ်ကူးကြံစည်၍ ရရှိနိုင်မည့် ကုဒ်များကိုထပ်မံဖြည့်စွက်ခြင်း စသည်တို့ဖြင့် ပြိုင်ပွဲဝင်များအား ပံ့ပိုးပေးမည်ဖြစ်ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် အူရီဒူးမြန်မာ၏ CEO ဖြစ်သူ Mr. Rajeev Sethi က "ကျွန်တော်တို့အနေနဲ့ UNDP နှင့်အတူဆက်လက်ပူးပေါင်းဆောင်ရွက်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်တွေကို             

ပံ့ပိုးပေးတဲ့အနေနဲ့ The Hackathon နည်းပညာပြိုင်ပွဲဟာ ပြည်တွင်းစွန့်ဦးတီထွင်သူတွေအတွက် ရှေ့သို့ဆက်လှမ်းရန် ပေါင်းကူးတံတားအဖြစ် ရည်ရွယ်ဆောင်ရွက်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ထက်မြက်ထူးချွန်တဲ့ လူငယ်လူရွယ်တွေအတွက် ၄င်းတို့ရဲ့ လူမှုဝန်းကျင်ကို အကျိုးဖြစ်ထွန်းစေမယ့် ဆန်းသစ်တီထွင်ဖန်တီးမှုတွေကို လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးကူညီပေးတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့            အူရီဒူးရဲ့ ရန်ကုန်နဲ့မန္တလေးရုံးတွေမှာ တစ်ပြိုင်နက်တည်း The Hackathon ကို ထပ်မံကျင်းပပေးကာ လူငယ်တွေကို အနာဂတ်အတွက်ပိုမိုကောင်းမွန်တဲ့ လူမှုဝန်းကျင်တစ်ခု ဖန်တီးနိုင်ဖို့အတွက် အားပေး ထောက်ပံ့တဲ့ ကျွန်တော်တို့ရဲ့ထက်သန်တဲ့ခံယူချက်ကို ဖော်ထုတ်ပြနိုင်လို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။” ဟု ပြောကြားလိုက်ပါသည်။

"The Hackathon နည်းပညာပြိုင်ပွဲဟာ အူရီဒူးနဲ့ UNDP တို့ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ နည်းပညာပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် များပြားလှတဲ့ ပြိုင်ပွဲဝင်တွေနဲ့ သူတို့ရဲ့ စိတ်အားထက်သန်မှုတွေကို တွေ့ရတဲ့အတွက် တကယ်ကို အားရစရာကောင်းလှပါတယ်။ ဒီနှစ် Hackathon ဟာဆိုရင် ယခင်နှစ်ကထက် ပိုကြီးပြီး ပိုပြီးကောင်းမွန်လာပါတယ်။ ဒီပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ပါဝင်ကြတဲ့သူတိုင်းကို ကျွန်တော့်အနေနဲ့ ကျေးဇူးတင်စကား ပြောလိုပါတယ်။ နောက်၂ရက်ကလည်း တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ရက်တွေဖြစ်ပြီး ကျွန်တော်တို့အားလုံး ပြိုင်ပွဲဝင်အဖွဲ့တွေက သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ဒစ်ဂျစ်တယ်ဖြေရှင်းချက်တွေ ကြိုးစားတီထွင် ဖော်ဆောင်ကြတာကို စောင့်မျှော်အားပေးလျက်ရှိပါတယ်။ UNDP နဲ့ အူရီဒူးတို့နဲ့အတူ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုတွေကိုကူညီဖြေရှင်ပေးနိုင်ဖို့အတွက် ဆန်းသစ်တီထွင် ဖန်တီးမှုရှိတဲ့ ဖြေရှင်းချက်တွေကို ဖော်ဆောင်နိုင်ဖို့ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အဖွဲ့တွေအားလုံးကို  ကံကောင်းကြစေဖို့အတွက် ဆုတောင်းရင်း ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။' ဟု UNDP ၏ Resident Representative ဖြစ်သူ Mr. Peter Batchelor က ပြောကြားလိုက်ပါသည်။

တနင်္ဂနွေနေ့တွင် အငယ်တန်းအဆင့်နှင့် ပညာရှင်အဆင့်အသီးသီးမှ အနိုင်ရရှိသည့် အဖွဲ့ ၃ ဖွဲ့စီကို ငွေသားဆုများချီးမြှင့်ပေးအပ်မည်ဖြစ်ပြီး အူရီဒူး နှင့် UNDP တို့မှ ပံ့ပိုးပေးမည့် သင်တန်းအစီအစဉ်တွင် တက်ရောက်ခွင့်ရရှိမည် ဖြစ်ပါသည်။

Hackathon သည် အူရီဒူးမြန်မာနှင့် UNDP တို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိ လူငယ်များကြားတွင် ဒစ်ဂျစ်တယ်ဆန်းသစ်တီတွင်ခြင်းနှင့် စွန့်ဦးတီထွင်ခြင်းတို့ လူသိများစေရန်နှင့် အရှိန်မြှင့်တင် ဖော်ဆောင်ပေးနိုင်ရန်  အထူးဆောင်ရွက်ချက်တစ်ခု ဖြစ်ပါသည်။ ၄င်းသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များကို  ဒစ်ဂျစ်တယ် ဆန်းသစ်မှုများကတဆင့် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်မှုအား အရှိန်အဟုန်မြှင့်တင်ရန်  မြန်မာနိုင်ငံက လူငယ်များအတွက် ဆန်းသစ်ထားသော စိတ်ကူးများကို ဖော်ထုတ်ပြသနိုင်ရန် ထောက်ပံ့ပေးသော ပလက်ဖောင်းတစ်ခုအဖြစ် လုပ်ဆောင်ပေးရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

The Hackathon 2019 နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက www.thehackathon2019.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆက်သွယ်ရန်

  • အူရီဒူးမြန်မာ သတင်းပြန်ကြားရေးအဖွဲ့ | +၉၅၉ ၉၇၃၃ ၃၃၃၂၂ | mhan1@ooredoo.com.mm
  • UNDP သတင်းပြန်ကြားရေးအဖွဲ့ | +၉၅၉ ၇၉၁၆ ၃၉၀၅၂ | yamon.phu.thit@undp.org