မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ အခြေအနေဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအား UNDP မှ စတင်မိတ်ဆက်

2019- March 4

ဓာတ်ပုံ - UNDP/ယမုံဖူးသစ်

ဓာတ်ပုံ - UNDP/ယမုံဖူးသစ်


မတ်လ ၄ ရက်၊ ၂၀၁၉ ခုနှစ် ၊ ရန်ကုန်မြို့ - ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုအား တည်ထောင်ခြင်းသည် အစိုးရ၏ ဦးစားပေးအရာအဖြစ် မြန်မာနိုင်ငံ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် ဖော်ပြထားခြင်းကြောင့်သော်လည်း ကောင်း၊ အရင်းအမြစ်များအား ဒေသတွင်းတွင် ပိုမိုခွဲဝေလာခြင်းကြောင့် သော်လည်းကောင်း မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များအုပ်ချုပ်ရေးသည် ပိုမိုအရေးကြီးလာပါသည်။ သို့သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၁၄ ရပ်၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများအား ပြည့်ပြည့်စုံစုံနှင့် မှတ်တမ်းပြုစုထားခြင်းမရှိသေးပါ။

ထိုအချက်များအား ထည့်သွင်းစဉ်းစားကာ UNDP ၏ ထိရောက်မှုရှိပြီး တုံ့ပြန်ဖြည့်ဆည်းပေးမှုရှိသော အဖွဲ့အစည်းများဖြစ်ပေါ်ရေး အထောက်အကူပြုပရော့ဂျက် (SERIP) သည် အခြေအနေဆန်းစစ်လေ့လာခြင်း သုတေသနပြုမှုတွင်ပါဝင်ခဲ့သော လွှတ်တော်များနှင့်အတူအနီးကပ်ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ပထမဦးဆုံးသောအခြေအနေဆန်းစစ်လေ့လာချက် အစီရင်ခံစာအား ရေးသားပြုစုခဲ့ပါသည်။ ထိုအစီရင်ခံစာအား Australia’s Department of Foreign Affairs and Trade (DFAT), the Swedish International Development Agency (Sida) နှင့် the United Kingdom’s Department for International Development (DFID) တို့မှထောက်ပံ့ခဲ့ပါသည်။ အစီရင်ခံစာကို ယနေ့တွင် မန္တလေး၊ မွန်၊ ရှမ်း နှင့် တနင်္သာရီလွှတ်တော်များ၏ ဒုဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် အတူတကွ စတင်မိတ်ဆက်ခဲ့ပါသည်။

ဓာတ်ပုံ - UNDP/ယမုံဖူးသစ်

ဓာတ်ပုံ - UNDP/ယမုံဖူးသစ်


UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Peter Batchelor က ၎င်း၏ အဖွင့်စကားတွင် “တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၊ အစိုးရအဖွဲ့များသည် မြန်မာ့နိုင်ငံရေးနှင့် မတူကွဲပြားသော တိုင်းရင်းသားအရေးတို့ကို ကိုယ်စားပြုရန်အတွက် ပိုမိုများပြားလာသောတာဝန်များနှင့် လုပ်ပိုင်ခွင့် အာဏာများဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်အုပ်ချုပ်ရေးတွင် ပိုမိုမြင့်မားကာ အရေးပါသော အခန်းကဏ္ဍဖြင့် ပါဝင်လာမည်ဖြစ်သည်” ကို အလေးထားပြောကြားခဲ့သည်။ သို့ဖြစ်ပါသောကြောင့် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်မှု၏ အောင်မြင်မှုသည်လည်း မြန်မာနိုင်ငံ၏ဒီမိုကရေစီအကူးပြောင်းတွင် အရေးကြီးသော အချက်ဖြစ်ပါသည်။ ထိုအချက်သည် လွှတ်တော်များမှပိုမိုဆောင်ရွက်လာနိုင်ခြင်းနှင့် ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်ခြင်းဟူသော လိုအပ်ချက်များကို တိုးပွားလာစေပါသည်။ အခြေအနေ ဆန်းစစ်လေ့လာချက်သည် လွှတ်တော်များအတွက် အသုံးဝင်ပါလိမ့်မည်။ အဘယ့် ကြောင့်ဆိုသော် ၎င်းသည် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်ရာတွင် သက်သေအထောက်အထားတစ်ခုအဖြစ် ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုလျှော့ချလာသော မြန်မာနိုင်ငံတွင် ပိုမိုကောင်းမွန်စွာ စွမ်းဆောင်လာနိုင်စေရန်ဖြစ်သည်။” ဟု ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ဒေါက်တာအောင်နိုင်ဦး - ဒုဥက္ကဋ္ဌ ၊ မွန်ပြည်နယ်လွှတ်တော် ၊ Carl DeFaria - ကနေဒါနိုင်ငံ Ontario ပြည်နယ်၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် ဝန်ကြီးဟောင်း ၊ Mael Raynaud သုတေသန ခေါင်းဆောင်၊ မြို့ပြတည်ဆောက်ခြင်း - မြို့ပြနှင့်ဒေသဆိုင်ရာ စီမံကိန်းအတွက်မူဝါဒပိုင်းဆိုင်ရာအဖွဲ့၊ ဦးဖေအောင်လင်း - ဥက္ကဋ္ဌ၊ ဒေသဆိုင်ရာ လွှတ်တော်များအားပေးကူညီရေးအဖွဲ့ (MCERP ) တို့က ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အစီရင်ခံစာ စတင်မိတ်ဆက်ခြင်း အခမ်းအနားအား မန္တလေး၊ မွန်၊ ရှမ်း နှင့် တနင်္သာရီ လွှတ်တော်များနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိသော CSOများနှင့် မူဝါဒပိုင်းဆိုင်ရာ အသိုက်အဝန်းဖြစ်သော ဖွံ့ဖြိုးရေး မိတ်ဖက်များ၊ NGO များနှင့် မီဒီယာများမှ ကိုယ်စားပြုသူများ တက်ရောက်ခဲ့ကြသည်။

အစီရင်ခံစာသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်လွှတ်တော်များ လွှတ်တော်လုပ်ငန်းများ မည်ကဲ့သို့ ဆောင်ရွက်ကြသည်ကိုလည်းကောင်း၊ ၎င်းလွှတ်တော်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အစိုးရနှင့် မည်သို့ အပြန်အလှန်ဆောင်ရွက်ကြသည်ကို လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ၎င်းတို့ ရွေးကောက်တင်မြှောက်ခံရသော မြို့နယ်များ၏ အုပ်ချုပ်ရေးတွင်ပါဝင် သောအခန်းကဏ္ဍကိုလည်းကောင်း မီးမောင်းထိုးပြထားခြင်းဖြစ်ပါသည်။ လွှတ်တော်တစ်ရပ်ခြင်းစီတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကောင်းမွန်သော အလေ့အကျင့်များအား အစီရင်ခံစာကသတ်မှတ်ဖော်ပြထားပါသည်။ နိုင်ငံတစ်ကာတွင် လက်ခံကျင့်သုံးနေသည့် ပါလီမန်ဆိုင်ရာ အုပ်ချုပ်မှုစံနှုန်းများနှင့်နှိုင်းယှဉ်ကာ ပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုချက်များအားလည်း အဆိုပြုထားပါသည်။

ယခု အစီရင်ခံစာသည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအားလုံး အနာဂတ်တွင် ပိုမို ဖွံ့ဖြိုးတိုးတက်လာရေးအတွက် တန်ဖိုးရှိသော ကိုးကားလမ်းညွှန်ချက်တစ်ခု ဖြစ်မည်ဟု မျှော်လင့်ပါသည်။ လွှတ်တော်တစ်ရပ်၏ ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုပုံစံအား အခြားသော လွှတ်တော်များမှ ထည့်သွင်းစဉ်းစားကာ အလားတူဆောင်ရွက်နိုင်စေရေးအတွက်ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက UNDP ၏ ပြန်ကြားဆက်သွယ်ရေးအဖွဲ့ကို ဆက်သွယ်ရန် -