UNDP၊ UNHCR နှင့် မြန်မာနိုင်ငံအစိုးရတို့ နားလည်မှုစာချွန်လွှာကို သက်တမ်းတိုး

2019- May 28

မြန်မာနိုင်ငံအစိုးရ၊ UNDP နှင့် UNHCR တို့အကြား သုံးပွင့်ဆိုင်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာကို အားလုံး၏ သဘောတူညီချက်ဖြင့် ယနေ့တွင် တစ်နှစ်တာ သက်တမ်းတိုးလိုက်ပါသည်။

စာချွန်လွှာကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် UNHCR နှင့် UNDP တို့မှ ကိုယ်စားလှယ်များက ၂၀၁၉ ခုနှစ် မေလ ၂၇ ရက် အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဤ သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာသည် ဘင်္ဂလားဒေရှ့်မှ ဒုက္ခသည်များ ၎င်းတို့၏ဆန္ဒ သဘောထားနှင့်အညီ၊ အန္တရာယ်ကင်းစွာ၊ သိက္ခာရှိရှိ၊ စဉ်ဆက်မပြတ် ပြန်လာနိုင်မည့် အခြေအနေကောင်းများ ဖြစ်ပေါ်လာရေးနှင့် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်းများအားလုံး အတွက် ပိုမိုကောင်းမွန်ပြီး ခံနိုင်ရည်အားကောင်းသော အသက်မွေးဝမ်းကြောင်းမှုများ ဖန်တီးရေးတို့ကို ရည်ရွယ်သည့် ကုလသမဂ္ဂနှင့် အစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှုအတွက် မူဘောင်တစ်ခု ချမှတ်ရန် လိုအပ်သော ကနဦးခြေလှမ်းတစ်ရပ် အဖြစ် ၂၀၁၈ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ စာချွန်လွှာများ အပြန်အလှန်လဲလှယ်ကြပြီး မြန်မာနိုင်ငံအစိုးရ၊ UNDP နှင့် UNHCR တို့သည် နားလည်မှု စာချွန်လွှာကို ထိရောက်ပြီး အချိန်နှင့် တပြေးညီ အကောင်အထည်ဖော်ကြရန် ထပ်မံ ကတိကဝတ်ပြုခဲ့ကြပါသည်။

ဆက်သွယ်ရန်

အင်္ဂလိပ်ဘာသာဖြင့် - Kimberly Phillips, phillips@unhcr.org and Sandra Barrows sandra.barrows@undp.org